နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ

ဒီဇင်ဘာလ (၂၆)ရက်။

ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ နမ့်ဇလပ်တိုးဂိတ်ကို ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ KIA ဘက်က အရာရှိတစ်ဦးအပါအဝင် (၄)ဦးဆီကနေ MNDAA က လက်နက်သိမ်းယူတာတွေ ပြုလုပ်တာ။ နောက်ပြီး သူတို့က ဘယ်လက်နက်ကိုင်မဆို သူတို့ဂိတ်ကို စစ်ယူနီဖောင်း လက်နက်တွေနဲ့ မကျော်ရဘူးဆိုပြီးပြောတာ” လို့ KIA လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ GHM က ဆိုထားပါတယ်။

MNDAA နေရာယူထားတဲ့ နမ့်‌ဇလပ်တိုးဂိတ်ကနေ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို စစ်ယူနီဖောင်းနဲ့ လက်နက်တွေနဲ့ ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘဲ မလိုက်နာရင် ဖမ်းဆီးရိုက်နှက်မယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို လက်နက်ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေချာသိရှိစေဖို့ ဒီဇင်ဘာလ (၂၅)ရက် နေ့လယ်(၃)နာရီခန့်မှာ KIA တာဝန်ရှိသူတွေဘက်က သွားရောက်တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

“ အဲ့ဒီလိုဖြစ်ပြီး နောက်တရက် မနေ့က KIA ဘက်က တာဝန်ရှိသူတွေက ဖြစ်သွားတာနဲ့ပတ်သက်ပြီး MNDAA ကို မဟာမိတ်ပီသစွာနဲ့ ပြန်မေးတဲ့သဘောပါ။ MNDAA ဘက်ကတော့ သေချာပြန်ရှင်းပြနိုင်တာမရှိဘူးလို့ သိရတယ်” လို့ GHM တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားပါတယ်။

ပြီခဲ့တဲ့ ဇွန်လပိုင်းကစပြီး သိန်းနီမြို့နယ်မှာ KIA တပ်ဖွဲ့ဝင်တွေကို စစ်ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ကာ ကျေးရွာတွေထဲ ဝင်ရောက်ခွင့်မပြုထားသလို ကျေးရွာတွေထဲ လှုပ်ရှားတာတွေရှိရင် အကြောင်းကြားဖို့ MNDAA က ဒေသခံတွေကို ပြောဆိုထားပါတယ်။

နောက်ပြီး MNDAA တပ်ဘက်က ကျေးရွာထဲ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး နမ့်ဇလပ်ကျေးရွာအုပ်စုရှိ နမ့်မကျေးရွာက ဒေသခံတစ်ဦးကို ဝါးခြမ်းနဲ့ရိုက်နှက်ခဲ့သလို KIA တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် မုံးစီးဒေသ ပန်ယန်းခါးရွာရှိ KIA တပ်စခန်းကို MNDAA က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မန်ဂျယ်ရွာရှိ KIA ရဲ့ မူးယစ်အသိပညာပေးဆိုင်းဘုတ်ကို ဖျက်ဆီးတာတွေကြောင့် နှစ်ဖက် ရိုက်နှက်တာတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

KIA နဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားတာတွေရှိသလို အခုလိုဖြစ်စဉ်တွေကြောင့် စစ်ရေးတင်းမာတာတွေနဲ့အတူ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားလာမှာကို ဒေသခံပြည်သူတွေက အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 1 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 4 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မူးမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့/အနောက်၊ နိုတောတာ၊
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 15 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနည်းလမ်း (၆)ခုထဲ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 23 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စအပါအဝင် နယ်မြေထဲရှိ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့