နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ

ဒီဇင်ဘာလ (၂၆)ရက်။

ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“နမ့်ဇလပ်တိုးဂိတ်ကို ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ KIA ဘက်က အရာရှိတစ်ဦးအပါအဝင် (၄)ဦးဆီကနေ MNDAA က လက်နက်သိမ်းယူတာတွေ ပြုလုပ်တာ။ နောက်ပြီး သူတို့က ဘယ်လက်နက်ကိုင်မဆို သူတို့ဂိတ်ကို စစ်ယူနီဖောင်း လက်နက်တွေနဲ့ မကျော်ရဘူးဆိုပြီးပြောတာ”လို့ KIA လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ GHM က ဆိုထားပါတယ်။

MNDAA နေရာယူထားတဲ့ နမ့်‌ဇလပ်တိုးဂိတ်ကနေ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို စစ်ယူနီဖောင်းနဲ့ လက်နက်တွေနဲ့ ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘဲ မလိုက်နာရင် ဖမ်းဆီးရိုက်နှက်မယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို လက်နက်ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေချာသိရှိစေဖို့ ဒီဇင်ဘာလ (၂၅)ရက် နေ့လယ်(၃)နာရီခန့်မှာ KIA တာဝန်ရှိသူတွေဘက်က သွားရောက်တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

“အဲ့ဒီလိုဖြစ်ပြီး နောက်တရက် မနေ့က KIA ဘက်က တာဝန်ရှိသူတွေက ဖြစ်သွားတာနဲ့ပတ်သက်ပြီး MNDAA ကို မဟာမိတ်ပီသစွာနဲ့ ပြန်မေးတဲ့သဘောပါ။ MNDAA ဘက်ကတော့ သေချာပြန်ရှင်းပြနိုင်တာမရှိဘူးလို့ သိရတယ်”လို့ GHM တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားပါတယ်။

ပြီခဲ့တဲ့ ဇွန်လပိုင်းကစပြီး သိန်းနီမြို့နယ်မှာ KIA တပ်ဖွဲ့ဝင်တွေကို စစ်ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ကာ ကျေးရွာတွေထဲ ဝင်ရောက်ခွင့်မပြုထားသလို ကျေးရွာတွေထဲ လှုပ်ရှားတာတွေရှိရင် အကြောင်းကြားဖို့ MNDAA က ဒေသခံတွေကို ပြောဆိုထားပါတယ်။

နောက်ပြီး MNDAA တပ်ဘက်က ကျေးရွာထဲ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး နမ့်ဇလပ်ကျေးရွာအုပ်စုရှိ နမ့်မကျေးရွာက ဒေသခံတစ်ဦးကို ဝါးခြမ်းနဲ့ရိုက်နှက်ခဲ့သလို KIA တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် မုံးစီးဒေသ ပန်ယန်းခါးရွာရှိ KIA တပ်စခန်းကို MNDAA က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မန်ဂျယ်ရွာရှိ KIA ရဲ့ မူးယစ်အသိပညာပေးဆိုင်းဘုတ်ကို ဖျက်ဆီးတာတွေကြောင့် နှစ်ဖက် ရိုက်နှက်တာတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

KIA နဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားတာတွေရှိသလို အခုလိုဖြစ်စဉ်တွေကြောင့် စစ်ရေးတင်းမာတာတွေနဲ့အတူ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားလာမှာကို ဒေသခံပြည်သူတွေက အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို