နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကြီးတန်းလေတပ်သား သေဆုံးသွားပြီလို့ အမေရိကန်လေတပ်က အတည်ပြု

ဖေဖော်ဝါရီလ (၂၇) ရက်။

အမေရိကန်လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ် (Aaron Bushnell) က “ ပါလက်စတိုင်းလွတ်မြောက်ရေး (Free Plasticine)” လို့ ထပ်ခါတလဲလဲ အော်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ အသေအပျောက်များတဲ့ အားအလွန်အကျွံသုံးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေ သေဆုံးမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမေရိကန် လေတပ်သားဟာ မီးလောင်ဒဏ်ရာတွေနဲ့ တနင်္ဂနွေနေ့ညက သေဆုံးသွားခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Rose M. Riley က တနင်္လာနေ့မှာ ပြောပါတယ်။

လေတပ်သား “ အာရွန် ဘွတ်ရှ်နယ်လ်” ဟာ အသက် ၂၅ နှစ်ဖြစ်ပြီး ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး အထူးကျွမ်းကျင်သူဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ တနင်္လာနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘွတ်ရှ်နယ်လ်ဟာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲကို ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာပလက်ဖောင်း Twitch မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို တင်တဲ့အကောင့်ပိုင်ရှင်က ဘယ်သူဘယ်ဝါဖြစ်တာကို အတည်မပြုနိုင်သေးပေမဲ့ ဗီဒီယိုဖိုင်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက် အသေးစိတ်နှင့် ကိုက်ညီနေတယ်လို့ ဒေသတွင်းသတင်း The New York Time မှာ ဖော်ပြထားပါတယ်။။

စစ်၀တ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဗီဒီယိုထဲမှာ သူ့ကိုယ်သူ ဘွတ်ရှ်နယ်လ်လို့ ပြောခဲ့ပြီး သူ့သူဟာ တာဝန်ထမ်းနေဆဲ လေတပ်တပ်သားတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်တော် ရောထွေးပါဝင်နေတော့မှာ မဟုတ်ဘူး” လို့ ဘွတ်ရှ်နယ်လ်က ဂါဇာမှာ အစ္စရေးစစ်တပ် ထိုးစစ်ဆင်နေတဲ့စစ်ပွဲကို ဖော်ပြဖို့ အသုံးပြုခဲ့တဲ့စကားကို ပဲ့တင်ထပ်ကာ ဗီဒီယိုထဲမှာ ပြောထားပါတယ်။ “ကျွန်တော် အခု ပြင်းထန်တဲ့ ဆန္ဒပြမှုမှာ ပါဝင်တော့မှာ ဖြစ်ပေမယ့် ပါလက်စတိုင်းမှာ သူတို့ရဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်နဲ့ ကြုံနေရတာနဲ့ နှိုင်းယှဉ်ရင် ဒါဟာ လုံးဝ အစွန်းရောက်တာတော့ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ရှိ အစ္စရေးသံရုံး ဂိတ်တံခါးရှေ့မှာ ရပ်ပြီး သတ္တုပုလင်းထဲက အရည်တွေကို လောင်းချဖို့အတွက် သူ့ဖုန်းကို ချလိုက်ပါတယ်။ အဲ့ဒီနောက် “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ အော်ရင်း သူ့ကိုယ်သူ မီးရှို့လိုက်ပါတယ်။ အဲ့ဒီနောက်တော့ မြေပေါ်ကို လဲကျသွားခဲ့ပါတယ်။

ဗီဒီယိုမှာ မီးမလောင်မီ စက္ကန့်ပိုင်းအလိုတွင် ဥပဒေအရာရှိတွေက သူ့ထံ ချဉ်းကပ်လာတာကို တွေ့ရပါတယ်။ ကင်မရာအပြင်က တစ်ယောက်က “ ကျွန်တော် ကူညီပေးနိုင်မလား” လို့ မေးလိုက်တာကို ကြားရပြီး မီးငြှိမ်းသတ်ရန် မီးသတ်ဝန်ထမ်းတွေ တစ်မိနစ်ကျော်ကြာ ဝိုင်းအုံနေကြတာကို တွေ့ရပါတယ်။။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ဝါရှင်တန်အနောက်မြောက်ပိုင်းရှိ သံရုံးတွင် အမေရိကန်လျှို့ဝှက်တပ်ဖွဲ့မှ အရာရှိတွေက ပထမဆုံးတုံ့ပြန်ခဲ့ကြောင်း မြို့မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Vito Maggiolo က ပြောကြားခဲ့ပါတယ်။ ဘွတ်ရှ်နယ်လ်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

နောက်ပိုင်း အဲ့ဒီဗီဒီယိုကို Twitch ချန်နယ်က Community Standard လမ်းညွှန်ချက်များကို ချိုးဖောက်ကြောင်း မက်ဆေ့ချ်နဲ့ အစားထိုးပြီး တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။ မဖယ်ရှားမီ New York Times ဗီဒီယိုကို ကြည့်ရှုခဲ့သည်။ အဲ့ဒီအကောင့်မှာ ပါလက်စတိုင်းအလံကို ခေါင်းစီးပုံအဖြစ်တင်ထားပြီး အဲ့ဒီဗီဒီယိုတစ်ခုတည်းသာ တင်ထားတာကို တွေ့ရပါတယ်။

အစ္စရေးသံရုံးမှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူ တာလ်နမ်က ပြောပါတယ်။

လျှို့ဝှက်ဝန်ဆောင်မှုနှင့် အရက်၊ ဆေးရွက်ကြီး၊ သေနတ်နှင့် ပေါက်ကွဲစေတတ်သောဗျူရိုမှ အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဝါရှင်တန်မြို့တော် ရဲဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဆဲဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုအပြီး အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၂၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုတွေ ကြီးထွားလာကာ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းတာအိမ်းအမျှ အစ္စရေးသံရုံးမှာ တခါတရံ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေက ရှားပါတယ်လို့ ဆိုပါတယ်။။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အတ္တလန်တာရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြသူတစ်ဦးဟာ “ပြင်းထန်ဖွယ်ရှိတဲ့ နိုင်ငံရေးဆန္ဒပြမှု လုပ်တော့မယ်” လို့ ရဲတွေကို ပြောဆိုခဲ့ပြီး မိမိကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးမရှို့ခင် တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးရှို့ပြီး တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 16 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 39 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 31 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့