နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကြီးတန်းလေတပ်သား သေဆုံးသွားပြီလို့ အမေရိကန်လေတပ်က အတည်ပြု

ဖေဖော်ဝါရီလ (၂၇) ရက်။

အမေရိကန်လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ် (Aaron Bushnell) က “ ပါလက်စတိုင်းလွတ်မြောက်ရေး (Free Plasticine)” လို့ ထပ်ခါတလဲလဲ အော်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ အသေအပျောက်များတဲ့ အားအလွန်အကျွံသုံးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေ သေဆုံးမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမေရိကန် လေတပ်သားဟာ မီးလောင်ဒဏ်ရာတွေနဲ့ တနင်္ဂနွေနေ့ညက သေဆုံးသွားခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Rose M. Riley က တနင်္လာနေ့မှာ ပြောပါတယ်။

လေတပ်သား “ အာရွန် ဘွတ်ရှ်နယ်လ်” ဟာ အသက် ၂၅ နှစ်ဖြစ်ပြီး ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး အထူးကျွမ်းကျင်သူဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ တနင်္လာနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘွတ်ရှ်နယ်လ်ဟာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲကို ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာပလက်ဖောင်း Twitch မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို တင်တဲ့အကောင့်ပိုင်ရှင်က ဘယ်သူဘယ်ဝါဖြစ်တာကို အတည်မပြုနိုင်သေးပေမဲ့ ဗီဒီယိုဖိုင်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက် အသေးစိတ်နှင့် ကိုက်ညီနေတယ်လို့ ဒေသတွင်းသတင်း The New York Time မှာ ဖော်ပြထားပါတယ်။။

စစ်၀တ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဗီဒီယိုထဲမှာ သူ့ကိုယ်သူ ဘွတ်ရှ်နယ်လ်လို့ ပြောခဲ့ပြီး သူ့သူဟာ တာဝန်ထမ်းနေဆဲ လေတပ်တပ်သားတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်တော် ရောထွေးပါဝင်နေတော့မှာ မဟုတ်ဘူး” လို့ ဘွတ်ရှ်နယ်လ်က ဂါဇာမှာ အစ္စရေးစစ်တပ် ထိုးစစ်ဆင်နေတဲ့စစ်ပွဲကို ဖော်ပြဖို့ အသုံးပြုခဲ့တဲ့စကားကို ပဲ့တင်ထပ်ကာ ဗီဒီယိုထဲမှာ ပြောထားပါတယ်။ “ကျွန်တော် အခု ပြင်းထန်တဲ့ ဆန္ဒပြမှုမှာ ပါဝင်တော့မှာ ဖြစ်ပေမယ့် ပါလက်စတိုင်းမှာ သူတို့ရဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်နဲ့ ကြုံနေရတာနဲ့ နှိုင်းယှဉ်ရင် ဒါဟာ လုံးဝ အစွန်းရောက်တာတော့ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ရှိ အစ္စရေးသံရုံး ဂိတ်တံခါးရှေ့မှာ ရပ်ပြီး သတ္တုပုလင်းထဲက အရည်တွေကို လောင်းချဖို့အတွက် သူ့ဖုန်းကို ချလိုက်ပါတယ်။ အဲ့ဒီနောက် “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ အော်ရင်း သူ့ကိုယ်သူ မီးရှို့လိုက်ပါတယ်။ အဲ့ဒီနောက်တော့ မြေပေါ်ကို လဲကျသွားခဲ့ပါတယ်။

ဗီဒီယိုမှာ မီးမလောင်မီ စက္ကန့်ပိုင်းအလိုတွင် ဥပဒေအရာရှိတွေက သူ့ထံ ချဉ်းကပ်လာတာကို တွေ့ရပါတယ်။ ကင်မရာအပြင်က တစ်ယောက်က “ ကျွန်တော် ကူညီပေးနိုင်မလား” လို့ မေးလိုက်တာကို ကြားရပြီး မီးငြှိမ်းသတ်ရန် မီးသတ်ဝန်ထမ်းတွေ တစ်မိနစ်ကျော်ကြာ ဝိုင်းအုံနေကြတာကို တွေ့ရပါတယ်။။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ဝါရှင်တန်အနောက်မြောက်ပိုင်းရှိ သံရုံးတွင် အမေရိကန်လျှို့ဝှက်တပ်ဖွဲ့မှ အရာရှိတွေက ပထမဆုံးတုံ့ပြန်ခဲ့ကြောင်း မြို့မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Vito Maggiolo က ပြောကြားခဲ့ပါတယ်။ ဘွတ်ရှ်နယ်လ်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

နောက်ပိုင်း အဲ့ဒီဗီဒီယိုကို Twitch ချန်နယ်က Community Standard လမ်းညွှန်ချက်များကို ချိုးဖောက်ကြောင်း မက်ဆေ့ချ်နဲ့ အစားထိုးပြီး တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။ မဖယ်ရှားမီ New York Times ဗီဒီယိုကို ကြည့်ရှုခဲ့သည်။ အဲ့ဒီအကောင့်မှာ ပါလက်စတိုင်းအလံကို ခေါင်းစီးပုံအဖြစ်တင်ထားပြီး အဲ့ဒီဗီဒီယိုတစ်ခုတည်းသာ တင်ထားတာကို တွေ့ရပါတယ်။

အစ္စရေးသံရုံးမှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူ တာလ်နမ်က ပြောပါတယ်။

လျှို့ဝှက်ဝန်ဆောင်မှုနှင့် အရက်၊ ဆေးရွက်ကြီး၊ သေနတ်နှင့် ပေါက်ကွဲစေတတ်သောဗျူရိုမှ အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဝါရှင်တန်မြို့တော် ရဲဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဆဲဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုအပြီး အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၂၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုတွေ ကြီးထွားလာကာ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းတာအိမ်းအမျှ အစ္စရေးသံရုံးမှာ တခါတရံ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေက ရှားပါတယ်လို့ ဆိုပါတယ်။။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အတ္တလန်တာရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြသူတစ်ဦးဟာ “ပြင်းထန်ဖွယ်ရှိတဲ့ နိုင်ငံရေးဆန္ဒပြမှု လုပ်တော့မယ်” လို့ ရဲတွေကို ပြောဆိုခဲ့ပြီး မိမိကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးမရှို့ခင် တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးရှို့ပြီး တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ