နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကြီးတန်းလေတပ်သား သေဆုံးသွားပြီလို့ အမေရိကန်လေတပ်က အတည်ပြု

ဖေဖော်ဝါရီလ (၂၇) ရက်။

အမေရိကန်လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ် (Aaron Bushnell) က “ပါလက်စတိုင်းလွတ်မြောက်ရေး (Free Plasticine)” လို့ ထပ်ခါတလဲလဲ အော်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ အသေအပျောက်များတဲ့ အားအလွန်အကျွံသုံးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေ သေဆုံးမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမေရိကန် လေတပ်သားဟာ မီးလောင်ဒဏ်ရာတွေနဲ့ တနင်္ဂနွေနေ့ညက သေဆုံးသွားခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Rose M. Riley က တနင်္လာနေ့မှာ ပြောပါတယ်။

လေတပ်သား “အာရွန် ဘွတ်ရှ်နယ်လ်” ဟာ အသက် ၂၅ နှစ်ဖြစ်ပြီး ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး အထူးကျွမ်းကျင်သူဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ တနင်္လာနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘွတ်ရှ်နယ်လ်ဟာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲကို ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာပလက်ဖောင်း Twitch မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို တင်တဲ့အကောင့်ပိုင်ရှင်က ဘယ်သူဘယ်ဝါဖြစ်တာကို အတည်မပြုနိုင်သေးပေမဲ့ ဗီဒီယိုဖိုင်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက် အသေးစိတ်နှင့် ကိုက်ညီနေတယ်လို့ ဒေသတွင်းသတင်း The New York Time မှာ ဖော်ပြထားပါတယ်။။

စစ်၀တ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဗီဒီယိုထဲမှာ သူ့ကိုယ်သူ ဘွတ်ရှ်နယ်လ်လို့ ပြောခဲ့ပြီး သူ့သူဟာ တာဝန်ထမ်းနေဆဲ လေတပ်တပ်သားတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်တော် ရောထွေးပါဝင်နေတော့မှာ မဟုတ်ဘူး” လို့ ဘွတ်ရှ်နယ်လ်က ဂါဇာမှာ အစ္စရေးစစ်တပ် ထိုးစစ်ဆင်နေတဲ့စစ်ပွဲကို ဖော်ပြဖို့ အသုံးပြုခဲ့တဲ့စကားကို ပဲ့တင်ထပ်ကာ ဗီဒီယိုထဲမှာ ပြောထားပါတယ်။ “ကျွန်တော် အခု ပြင်းထန်တဲ့ ဆန္ဒပြမှုမှာ ပါဝင်တော့မှာ ဖြစ်ပေမယ့် ပါလက်စတိုင်းမှာ သူတို့ရဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်နဲ့ ကြုံနေရတာနဲ့ နှိုင်းယှဉ်ရင် ဒါဟာ လုံးဝ အစွန်းရောက်တာတော့ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ရှိ အစ္စရေးသံရုံး ဂိတ်တံခါးရှေ့မှာ ရပ်ပြီး သတ္တုပုလင်းထဲက အရည်တွေကို လောင်းချဖို့အတွက် သူ့ဖုန်းကို ချလိုက်ပါတယ်။ အဲ့ဒီနောက် “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ အော်ရင်း သူ့ကိုယ်သူ မီးရှို့လိုက်ပါတယ်။ အဲ့ဒီနောက်တော့ မြေပေါ်ကို လဲကျသွားခဲ့ပါတယ်။

ဗီဒီယိုမှာ မီးမလောင်မီ စက္ကန့်ပိုင်းအလိုတွင် ဥပဒေအရာရှိတွေက သူ့ထံ ချဉ်းကပ်လာတာကို တွေ့ရပါတယ်။ ကင်မရာအပြင်က တစ်ယောက်က “ကျွန်တော် ကူညီပေးနိုင်မလား” လို့ မေးလိုက်တာကို ကြားရပြီး မီးငြှိမ်းသတ်ရန် မီးသတ်ဝန်ထမ်းတွေ တစ်မိနစ်ကျော်ကြာ ဝိုင်းအုံနေကြတာကို တွေ့ရပါတယ်။။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ဝါရှင်တန်အနောက်မြောက်ပိုင်းရှိ သံရုံးတွင် အမေရိကန်လျှို့ဝှက်တပ်ဖွဲ့မှ အရာရှိတွေက ပထမဆုံးတုံ့ပြန်ခဲ့ကြောင်း မြို့မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Vito Maggiolo က ပြောကြားခဲ့ပါတယ်။ ဘွတ်ရှ်နယ်လ်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

နောက်ပိုင်း အဲ့ဒီဗီဒီယိုကို Twitch ချန်နယ်က Community Standard လမ်းညွှန်ချက်များကို ချိုးဖောက်ကြောင်း မက်ဆေ့ချ်နဲ့ အစားထိုးပြီး တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။ မဖယ်ရှားမီ New York Times ဗီဒီယိုကို ကြည့်ရှုခဲ့သည်။ အဲ့ဒီအကောင့်မှာ ပါလက်စတိုင်းအလံကို ခေါင်းစီးပုံအဖြစ်တင်ထားပြီး အဲ့ဒီဗီဒီယိုတစ်ခုတည်းသာ တင်ထားတာကို တွေ့ရပါတယ်။

အစ္စရေးသံရုံးမှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူ တာလ်နမ်က ပြောပါတယ်။

လျှို့ဝှက်ဝန်ဆောင်မှုနှင့် အရက်၊ ဆေးရွက်ကြီး၊ သေနတ်နှင့် ပေါက်ကွဲစေတတ်သောဗျူရိုမှ အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဝါရှင်တန်မြို့တော် ရဲဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဆဲဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုအပြီး အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၂၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုတွေ ကြီးထွားလာကာ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းတာအိမ်းအမျှ အစ္စရေးသံရုံးမှာ တခါတရံ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေက ရှားပါတယ်လို့ ဆိုပါတယ်။။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အတ္တလန်တာရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြသူတစ်ဦးဟာ “ပြင်းထန်ဖွယ်ရှိတဲ့ နိုင်ငံရေးဆန္ဒပြမှု လုပ်တော့မယ်” လို့ ရဲတွေကို ပြောဆိုခဲ့ပြီး မိမိကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးမရှို့ခင် တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးရှို့ပြီး တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက