နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

IS အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးရဲ့ အမှုကို ဗြိတိန်အယူခံတရားရုံးက ပယ်ချ

ဆီးရီးယားနိုင်ငံကို ကျောင်းသူအဖြစ် သွားပြီး IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ ဗြိတိန်နိုင်ငံဖွါး အမျိုးသမီးဟာ နိုင်ငံသားအဖြစ်ကနေ ဖယ်ရှားခံရခြင်းအတွက် ဖေဖော်ဝါရီလ 23 ရက်နေ့က နောက်ဆုံးအယူခံဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ရှာမီမာ ဘီဂမ်းကို 2019 ခုနှစ်က ဆီရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတစ်ခုမှာတွေ့ရှိခဲ့ပြီး မကြာခင်မှာပဲ ဗြိတိန်အစိုးရက အမျိုးသားလုံခြုံရေးကြောင့် သူမကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသက် 24 နှစ်ရှိနေပြီဖြစ်တဲ့ ဘီဂမ်းက သူမဟာ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့တာကို သေချာမစဉ်းစားဘဲ ဥပဒေမဲ့စွာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စောဒကတက်ပြီး အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ ဘီဂမ်းရဲ့ အယူခံကို 2023 ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ ဗြိတိန်အောက်တရားရုံးက ပယ်ချခဲ့ပြီး အခုနောက်ဆုံးမှာလည်း လန်ဒန်မြို့က အယူခံတရားရုံးကလည်း ဘီဂမ်းရဲ့ အယူခံကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဘီဂမ်းရဲ့ အယူခံနဲ့ပတ်သက်ပြီး တရားသူကြီး ဆူးကားက တရားရုံးရဲ့တာဝန်ဟာ ဘီဂမ်းရဲ့ တင်ပြတောင်းဆိုမှုကို သဘောတူဖို့ မဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ကို ခွင့်လွှတ်ခြင်းပြု၊မပြုဖို့ကိုသာ ဆုံးဖြတ်ရန်ဖြစ်တယ်လို့ မှတ်ချက်ပေးကာ ပယ်ချလိုက်တာဖြစ်ပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရကလည်း ကြိုဆိုခဲ့ပါတယ်။

ရှေ့နေအဖွဲ့တွေကတော့ ဘီဂမ်းနဲ့ ဆီးရီးယားမှာ ကျန်နေတဲ့သူတွေကို ပြန်ခေါ်ဖို့ ဗြိတိန်အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုမှု ငြင်းပယ်ခံရတာဟာ အရှက်ရစရာတစ်ခုလို့ ဖော်ပြခဲ့ကြပါတယ်။ ရှေ့နေတစ်ဦးဖြစ်တဲ့ ဂါရတ်ပီးယာ့စ်က နိုင်ငံတိုင်းက သူတို့ရဲ့နိုင်ငံသားတွေ ဘေးကင်းဖို့ ပြန်ခေါ်နေချိန်မှာ ဗြိတိန်ကတော့ အခုလိုပြုမူနေတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အခြားရှေ့နေတစ်ဦးကတော့ ဘီဂမ်းအတွက် တရားမျှတမှုမရမချင်း အိမ်ပြန်ခွင့်အတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရဟာ 2019 ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း လူ 17 ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲပြီး မူလနေထိုင်ရာ နိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘီဂမ်းရဲ့ အမှုကိစ္စမှာတော့ အငြင်းပွါးစရာတွေ အများအပြားရှိခဲ့တာပါ။ အချို့က သူမဟာ အကြမ်းဖက် IS အဖွဲ့ထဲကို လိုလိုလားလားနဲ့ သွားရောက် ပူးပေါင်းကြတာလို့ ပြောဆိုကြသလို အချို့ကလည်း သူမ ဗြိတိန်ကထွက်ခွါသွားချိန်မှာ ကျောင်းသူအရွယ်သာရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ဘီဂမ်းဟာ အသက် 15 နှစ်အရွယ် 2015 ခုနှစ်မှ ဆီးရီးယားကို ထွက်ခွါသွားခဲ့ပြီးနောက် IS တိုက်ခိုက်ရေးသမားတစ်ဦးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား