နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စကစခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လူရည်ချွန်မောင်မယ်တွေကိုပြောကြားခဲ့တဲ့မိန့်ခွန်းကိုသုံးသပ်ခြင်း

အယ်ဒီတာအာဘော်။

ဧပြီလ (၂၇) ရက်နေ့က စကစခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၃-၂၀၃၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်တွေကို နေပြည်တော်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက နဝမတန်းကနေ ဒွါဒသမတန်းအထိစုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပညာရေး အခြေခံမကောင်းပါက မိမိအတွက် သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနဲ့ မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နဲ့ လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ စစ်အုပ်စုခေါင်းဆောင်က ပြောခဲ့သလို လူငယ်တွေဟာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ လူ့စွမ်းအား အရင်းအမြစ် တွေလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်း တာဝန်ယူ ကြမယ့် သူတွေလို့လဲပြောခဲ့ပါတယ်။

ဒါပေမဲ့လက်တွေ့မြန်မာနိုင်ငံမှာဖြစ်နေတာက စစ်အာဏာသိမ်းမှုကြောင့် လွတ်လပ်စွာနေထိုင်ခွင့် ပြောဆို ရေးသားခွင့်တွေ ကင်းမဲသွားတဲ့ အတွက် လူငယ်လူရွယ်တွေဟာ ကျောင်စာသင်ခန်းတွေထဲက ထွက်ခွာခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ပုန်ကန်ခဲ့ကြသလို ဒီလိုမစွန့်စားပဲ မြို့နေ လူငယ်လူရွယ်တွေကိုလဲ စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ်စစ်မှုထမ်းခိုင်းတာကြောင့် နယ်စပ်ပြေးသူပြေး တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သူဆက်၊ နိုင်ငံခြားထွက်သူထွက်နဲ့ လူငယ်လူသားရင်းမြစ်တွေကို အဓိကပြုန်းတီးအောင် လုပ်နေသူ တိုင်းပြည်က ထွက်ခွာအောင်လုပ်နေသူ ဘယ်သူလဲဆိုရင် မင်းအောင်လှိုင်ကလွဲလို့ တခြားသူမရှိပါဘူး။ အပြောကတော့ညွန့်နေပေမဲ့ လက်တွေ့လုပ်ရပ်တွေက ပြဒါးတလမ်းသံတလမ်းဖြစ်နေပါတယ်။

ပညာရေးအခြေခံမကောင်းပါက ဆိုရအောင် မြန်မာနိုင်ငံရဲ့ပညာရေးကို စစ်ခေါင်းဆောင်အဆင့်ဆင့် ပညာရေးအမြင်မရှိဘဲ ငါသိငါတတ် လက်တဲ့စမ်းခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံမှာ ပညာရေးအဆင့်အတန်း လွန်စွာနိမ့်ကျပြီး ပညာတတ်ဖို့ထက် အောင်ချက်ကောင်းတယ်ဆိုတဲ့ ရလာဒ်ကိုပြဖို့ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးခဲ့တဲ့အတွက် အလုပ်လက်မဲ့ဘာမှမတတ်တဲ့ ဘွဲ့ရပညာတတ်များ အများအပြားကိုသန်းရွှေ စစ်အစိုးရလက်ထက်မှာ မွေးထုတ်ပေးခဲ့တဲ့အပြင် ပါရဂူ ပီအိပ်ချ်ဒီ ဘွဲ့ရများကို တက္ကသိုလ်ဆရာများအဖြစ် အဆင့်မမှီတဲ့အတွက် မူလတန်းကျောင်းဆရာများအဖြစ်ခေါ်ယူခဲ့တဲ့သမိုင်းရှိခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေအောက်မှာလည်းမျှတမှုမရှိဘဲမဲနှိုက်ခေါ်တယ်ဆိုပြီး ချမ်းသာတဲ့သူတွေရဲ့သားသမီးတွေ စစ်အုပ်စုသားသမီးတွေမပါဘဲ ငွေကြေးမတတ်နိုင်သူတွေ၊ ကြည့်မရသူတွေကို အတင်းစာရင်းကောက်ပြီး ပို့ပေးတာတွေ မွတ်ဆလင်တွေကို သင်တန်းမှာ ဝက်သားအတင်းကျွေးပြီး မစားတဲ့အတွက် သေအောင်ရိုက်နှက်တာတွေ အောက်ခြေမှာ ဖြစ်ပျက်နေတာကို လျစ်လျူရှုပြီး အနှစ်မဲ့ မိန်းခွန်းတွေပြောနေတာ ရှက်စရာလို့ မြင်ပါတယ်။

ရခိုင်နဲ့ရိုဟင်ဂျာလူငယ်တွေကို ရန်တိုက်ပေးဖို့ အချင်းချင်း သတ်ဖြတ်ဖို့အခုမှ ရိုဟင်ဂျာလူငယ်တွေ စစ်သင်တန်း တပတ်လောက်ပေးပြီး အေအေကို တိုက်ခိုင်း သေခိုင်းနေတာတွေဟာ လူမျိုးရေးပိဋိပက္ခတွေကို ယုတ်ညံ့စွာ ဖန်တီးနေတယ်လို့ မြင်တယ်။

တပ်ချုပ်က ဆက်လက်ပြီး “ဒီနေ့ခေတ်ကာလရဲ့ ဆန်းသစ်တဲ့နည်းပညာတွေနဲ့အတူ တိုးတက်ပြောင်းလဲလာတဲ့ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်တွေ ရှင်သန်ကိန်းအောင်းလာစေဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်”လို့ဆိုပါတယ်။

သူ့လို လူတိုင်းပြောတတ်ပါတယ်။ ဒါပေမဲ့ သူပြောတဲ့အတိုင်း သူ့လုပ်ရပ်တွေက ဆန့်ကျင်နေခဲ့ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို သူက အင်တာနက်တွေ ဖြတ်တောက်နေပါတယ်။ မီးတွေ အချိန်မှန်မပေးပါဘူး၊ လွတ်လပ်စွာ ပြောဆိုမှု၊ ရေးသားမှု၊ ပုံနှိပ်ထုတ်ဝေမှု၊ အသံလွှင့်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားပါတယ်။ စာသီးသန့်သင်သူတွေကို ဆရာတွေပါ မကျန်ဖမ်းပါတယ်။ လူငယ်တွေကို မျက်စိပိတ်နားပိတ်ထားသလို သူ့တပ်မိသားစုဝင်တွေကိုလဲ ပြည်ပမီဒီယာတွေက အသံလွှင့်မှုတွေကို နားမထောင်ဖို့ တပ်တွင်းအမိန့်ထုတ်ပါတယ်။ သူပြောတဲ့ မျိုးချစ်စိတ်ဆိုတာ သူ့အမျိုးတွေ သူ့သားသမီးတွေကိုသာ ချစ်တဲ့စိတ်သာဖြစ်တယ်လို့မြင်ပါတယ်။

တပ်ချုပ်က “ဥပဒေကို သိရှိလေးစားလိုက်နာတတ်ဖို့နဲ့ ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်တွေကို ကျေပွန်စွာ ပြုမူနေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးသွားကြရမှာဖြစ်ကြောင်း” သူက ပြောဆိုခဲ့ပါတယ်။

သူကိုယ်တိုင်က အသက်ပေးစောင့်ရှောက်ပါ့မယ်ဆိုတဲ့ စစ်ကျွန်ဥပဒေထဲမှာမပါတဲ့ သမတကကာလုံကို အာဏာလွှဲပေးရမယ်ဆိုတဲ့အချက်ကို နားလှည့်ပါးလှည့် လုပ်ပြီး သမတကိုဖမ်း တပ်ကတင်ထားတဲ့ ဒုသမတကနေ သူ့ကိုအာဏာလွှဲခိုင်းခဲ့တာ ဥပဒေကို ဗြောင်ချိုးဖောက်ခဲ့တာ ဖြစ်သလို သူအုပ်ချုပ်တဲ့တပ်တွေက အကြမ်းဖက်ပြီး ရပ်ရွာတွေကို မီးတိုက်၊ လေယဉ်တွေနဲ့အပြစ်မဲ့ မြို့ရွာတွေကို ဗုံးကြဲနေတာ ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့လုပ်ရပ်ဖြစ်သလို လူမှုတာဝန်တွေကို ချိုးဖောက်ပြီး ပြည်သူကို အကြမ်းဖက်ပြီး အကြောက်တရားနဲ့ မတရားဖိနှိပ်နေတာ ဖြစ်တယ်လို့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို