နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး

+++++++++++++++++++

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး 9 လကြာဖြစ်ပွါးနေခဲ့တဲ့ ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေရှိနေပါသေးတယ်”လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အစ္စရေး၊ ဟားမက်စ် နှစ်ဖွဲ့စလုံး အပစ်အခတ်ရပ်စဲပေးဖို့နဲ့ အောက်တိုဘာလ 7 ရက်နေ့က တိုက်ခိုက်မှုမှာ ဟားမက်စ်တွေဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးအတွက် သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

“ အမေရိကန်တွေအနေနဲ့ ဓါးစာခံတွေအားလုံးကို အိမ်ပြန်ရောက်စေချင်ပါတယ်။ ဒါကြောင့်လည်း အခု အဆိုပြုချက်က အရေးကြီးပါတယ်။ အားလုံးသဘောတူညီဖို့လည်း နီးစပ်နေပါပြီ။ အရင်ကထက်ပိုနီးစပ်နေပြီလို့လည်း ယုံကြည်ပါတယ်” လို့ ဂျွန်ကာဘီက ပြောသွားခဲ့တာပါ။

အခုတွေ့ဆုံမှုဟာ ဟားမက်စ်တွေရဲ့တိုက်ခိုက်မှုအပြီးမှာ အစ္စရေးကို ဂျိုးဘိုင်ဒန်ကို သွားရောက်ပြီး နေတန်ယာဟုကို ပွေ့ဖက်ကာ အမေရိကန်က ထောက်ခံသွားမယ်လို့ ကတိပြုခဲ့တဲ့နောက်ပိုင်း  ပထမဆုံးအကြိမ် မျက်နာချင်းဆိုင် တွေ့ဆုံမှုဖြစ်ပါတယ်။ တွေ့ဆုံချိန်မှာတော့ နေတန်ယာဟုက အစ္စရေးရဲ့လုံခြုံရေးအတွက် အမြဲတမ်း မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လူပေါင်း 39000 ကျော်အသက်သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ထိုးစစ်ကြောင့် အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံရေးဟာ လအတန်ကြာ တင်းမာမှုတွေရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဂါဇာပဋိပက္ခကြောင့် ဒီမိုကရက်တစ်ပါတီဝင်တွေကြားမှာ အက်ကြောင်းတွေဖြစ်ပေါ်ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ကွန်ဂရက်မှာ နေတန်ယာဟု မိန့်ခွန်းပြောဆိုတာကို သပိတ်မှောက်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရာရှီဒါတီလိုင်က နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကွန်ဂရက်ထဲထိုင်နေခဲ့တာပါ။

အမေရိကန်ဟာ အစ္စရေးအတွက် အဓိက လက်နက်တင်ပို့ပေးသူဖြစ်ပေမယ့် သမ္မတဂျိုးဘိုင်ဒန်ဟာ အခုနှစ်အစပိုင်းက စပြီး  ဂါဇာစစ်ပွဲအတွက် မသင့်တော်ဘူးလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကို သတိကြီးကြီးထားပြီး ပို့ဆောင်ပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ အမေရိကန်သမ္မတလောင်း ကာမာလာဟားရစ်နဲ့ ထပ်မံတွေ့ဆုံခဲ့ရာမှာ ကာမာလာဟားရစ်က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လေသံမာမာတုံ့ပြန်ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့လည်း သောကြာနေ့မှာ ထပ်မံသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဂါဇာမြို့တော်တွင် အစ္စရေးတိုက်ခိုက်မှုအတွင်း ၄၅ ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆) ရက်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းတစ်ဦး၏ ရုပ်အလောင်းကို ဂါဇာရှိ ဆေးရုံသို့ သယ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 2 Views
ဇန်နဝါရီ (၁၆) ရက်၊ ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ
နိုင်ငံတကာသတင်း အမေရိကန်

ထိပ်တန်းဒီမိုကရက်တစ်ပါတီသည် ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသော စစ်ရာဇ၀တ်ကောင်များကို ထောက်ခံအားပေးခဲ့သည့်ဟက်ဆက် (Hegseth) အား ဖိအားပေးမေးမြန်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 2 Views
ဇန်နဝါရီလ (၁၆) ရက်။ စစ်ဘက်တရားစီရင်ရေးစနစ်အပေါ် ဟက်ဆက်၏ သဘောထားအမြင်များကို ၎င်း၏ကြားနာမှုတွင် မေးခွန်းထုတ်ခဲ့သည်။ ဟက်ဆက်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ရန်အတွက် ၎င်း၏အရည်အချင်းများကို စုံစမ်းစစ်ဆေးနေသည့်ကော်မတီ အထက်လွှတ်တော်အမတ်များအား အင်္ဂါနေ့တွင် “ တင်းကျပ်သော စည်းမျဉ်းများ” သည် “ ကျွန်တော်တို့ရဲ့ရန်သူတွေကို
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 19 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil Cung) အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲက ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲက
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့လအတွင်းက တိုင်းပြည်ကို အရေးပေါ်မာရှယ်လောထုတ်ပြန်ကြေညာကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရှောင်ရှားဖို့အတွက် နေအိမ်မှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 22 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 39 Views
ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တပြိုင်နက်တည်းလောင်ကျွမ်းနေတဲ့ တောမီး ၆ ခုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အခါမှာ မြို့နေလူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။ တောမီးကို ပိုမိုကြီးထွားစေတဲ့ ဆန်တာအန်နာမြို့ဘက်က လေတိုက်နှုန်းကြောင့် မီးခိုးငွေ့တွေဟာ
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 34 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။