နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ TNLA က လူထုတွေ့ဆုံပွဲတွေပြုလုပ်

ဩဂုတ်လ (၂၇)ရက်။

ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် PSLF/TNLA က လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး တားဂူးဇာရ်တို့က ဩဂုတ်လ (၁၅)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်တွေထဲ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ လူ‌ထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူထုတွေ့ဆုံပွဲမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့အပါအ၀င် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရ‌တဲ့အကြောင်း၊ တော်လှန်ရေးရည်ရွယ်ချက်နဲ့ အဖွဲ့အစည်း မူဝါဒတွေကို ရှင်းပြခဲ့ကာ ဒေသထဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ အခြေခံ၀န်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး အမြန်ဆုံးရရှိဖို့ ဆောင်ရွက်လိုကာ လိုအပ်နေတဲ့ ကျွမ်းကျင်၀န်ထမ်းတွေနဲ့ မြို့ထဲရှိ CDM ၀န်ထမ်းတွေကို အတူတကွ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ချိန်က မူးယစ်ဆေးဝါး ရောင်း၀ယ်သုံးစွဲသူ များပြားပြီး အရေးယူပေးဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့သလို အကြံပြုချက်တွေနဲ့ သိလိုတာတွေကို မေးမြန်းခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်မှာ တနိုင်တပိုင် အသေးစား ကျောက်ရှာဖွေတဲ့လုပ်ငန်းနဲ့ ရိက္ခာတွေ လွယ်ကူစွာသယ်ယူနိုင်ဖို့ကိုလဲ အဆင်ပြေချောမွေ့စေဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ကာ မြို့ထဲ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေက ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းတွေကို TNLA က တာ၀န်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၅ခုနှစ်မှာ ကြားကာလ တော်လှန်ရေးအစိုးရ၊ TNLA နဲ့ အရပ်သားတွေ ပူးပေါင်းကာ အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်တဲ့ အစိုးရပေါ်ပေါက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ တအာင်းတပ်မတော်(TNLA)အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့ မြို့နယ်တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 35 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 39 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 39 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ