နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတလင်မှာ လူသတ်မီးရှို့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထပ်ထွက်ဖို့ လှုပ်ရှားနေပြီး ပြည်သူတွေ ဂရုစိုက်ဖို့ အသိပေးတာတွေရှိနေ

အောက်တိုဘာလ (၂၇)ရက်။

ဘုတလင်နယ်ထဲက အကြမ်းဖက်လူသတ်မီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထပ်မံထွက်ဖို့ လှုပ်ရှားတာတွေရှိနေတယ်လို့ People’s Defense Comrade(PDC)ရဲ့ မနေ့က ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။

“ ဘုတလင်နယ်က အကြမ်းဖက်လူသတ် မီးရှို့ မုဒိန်းစစ်ခွေးတပ်ဟာ မနေ့ကညပိုင်း ထပ်မံထွက်ဖို့ကို ခြေလှမ်းပြင် လှုပ်ရှားတာတွေရှိနေတယ်ဆိုတာ ကြားသိရတာကြောင့် ရပ်ကျေးကင်းတွေနဲ့ ပြည်သူတွေ မြေပြင်စစ်ရေးလှုပ်ရှားတာကို အထူးဂရုစိုက်နားစွင့်ပေးဖို့ သတိပေးတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထပ်မံထွက်ဖို့ လှုပ်ရှားနေတာကြောင့် ရပ်ကျေးကင်းတွေနဲ့ ပြည်သူတွေ မြေပြင်စစ်ရေးလှုပ်ရှားတာတွေကို အထူးဂရုစိုက်ဖို့နဲ့ နမခဘက်ကလဲ ဘုတလင်ဘက်ကို အင်အားတွေ ထပ်ဖြည့်နေတယ်လို့ သိရပါတယ်။

ဘုတလင်မြို့ထဲက နေရာအနှံ့ကို စစ်ကောင်စီတပ်က ကင်းပုန်းတွေ ဖြန့်ကျက်ထားကာ ဘောလုံးကွင်းဘက်ကိုလဲ ရှေ့ပြေးကင်းပုန်းတွေ ချထားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“ မနေ့က ညပိုင်းကလဲ မုံရွာနမခ ခွေးခြံကနေ လွှတ်ထားတဲ့ ဒရုန်းတစ်စီးဟာ ဘုတလင်နယ်အနောက်‌ဘက်ခြမ်းက ရွာတွေဘက်ကို ပျံဝဲနေတယ်လို့လဲ သတင်းရထားပါတယ်။ ဒါ့ကြောင့် လေကြောင်းနဲ့ မြေပြင်သတင်းတွေကို အထူးဂရုစိုက်နားစွင့်ဖို့ သတိပေးတာပါ” လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို စစ်ကြောင်းထပ်မံထိုးဖို့ လှုပ်ရှားတာ‌တွေ ရှိနေတာကြောင့် ညောင်ကန်ရွာနဲ့ မောင်းထောင်ရွာဘက်ခြမ်းက ပြည်သူတွေအနေနဲ့ အထူးသတိထားကာ မပေါ့ဆကြဖို့ PDC က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၁)ရက်နေ့ကနေ (၂၅)ရက်နေ့အထိ မုံရွာအခြေစိုက် နမခကနေ အင်အားရာဂဏန်းရှိတဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သား (၂၅)ဦးထက်မနည်းကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 27 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ မြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်နဲ့ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို PDF
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 45 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 53 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို