နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပ်ပေါင်းစုဖွဲ့ဖို့လိုအပ်နေတဲ့စိတ်ထား

တပ်ပေါင်းစုဖွဲ့ဖို့လိုအပ်နေတဲ့စိတ်ထားဆိုတဲ့ခေါင်းစဥ်နဲ့ ဒီအပတ်ခေတ်မျက်လုံးရဲ့ ရုပ်သံဆောင်းပါးအစီအစဉ်မှာ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်က ပြည်ပရောက်ကျောင်းသားတွေ ပြည်ပမှာ ဘာတွေဆောင်ရွက်ခဲ့ကြတယ် ပြည်တွင်းကျောင်းသားတွေနဲ့ ပြည်ပကျောင်းသားတွေနဲ့ ဆက်ဆံ‌ရေးတွေ၊ ပြည်တွင်းကျောင်းသားတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နီးကပ်တဲ့ ဆက်ဆံ‌ရေးတွေ ဘယ်လိုအေးခဲ့သွားသလဲ ဆိုတာတွေ၊ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဆက်ဆံ‌ရေးတွေနဲ့ နောက်ဆုံး NUG နဲ့‌ဒေသတွင်းကာကွယ်ရေးအဖွဲတွေအဆုံး ဘယ်လိုစိတ်ထားတွေနဲ့ တော်လှန်ရေးအောင်မြင်အောင်လုပ်သင့်တယ်ဆိုတာကို နားသောတဆင်နိုင်ပါပြီ။

ဆောင်းပါးရှင်ကိုယ်ရေးအကျဉ်း —————————————-

၁၉၇၄ ဦးသန့်အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့လို့ ၁၉၇၅ ခုနှစ်မှာ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံရပြီး ၁၉၈၀ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ဦးထွန်းအောင်ကျော်နဲ့ အတူ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကတော့ ၁၉၇၆ ခုနှစ်မှာ နေဝင်းအစိုးရက သေဒဏ်ပေးခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်း ဖြစ်လာတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီး ကရင်ပြည်နယ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတဲ့အခါမှာ ဥက္ကဋ္ဌအဖြစ် အရွေးအချယ်ခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ်က နှုတ်ထွက်ခဲ့ပြီး သာမန်ရဲဘော်ဘဝနဲ့ ၁၉၉၂ ခုနှစ်အထိ ABSDF မှာ တာဝန်ထမ်းဆောင်နေချိန် ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းနိုင်ငံ နယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေစဉ် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အမေရိကန်အစိုးရက အကာအကွယ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ရောက်ရှိပြီး ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ကော်နယ်တက္ကသိုလ်မှာ အာရှရေးရာလေ့လာရေး ဘာသာရပ်မှာ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုနဲ့ လူထုအခြေပြုစာတမ်းကို ပြုစုခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Civil Society for Burma (CSB) အဖွဲ့ကို တည်ထောင်ခဲ့ပြီး လက်ရှိအချိန်အထိ မြန်မာ့နိုင်ငံအရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို