နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးတွင် ရာဖာထိုးစစ်မှတပါး ရွေးချယ်စရာမရှိဟု နေတန်ယာဟုက အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်များကို ပြောကြားခဲ့။

ဟိုင်ဖာအနီး၊ အစ္စရေး CNN —

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာတွင် “အောင်ပွဲ”ရယူရန် နှင့် ဟားမတ်စ်အဖွဲ့၏ အကြီးတန်းခေါင်းဆောင်ပိုင်းကို ဖမ်းဆီးနိုင်ရန် “ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်” ဟု ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်တစ်စုအား ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ကွန်ဂရက်လွှတ်တော်မှ နှစ်ဖက်ပါတီဝင်အုပ်စုတစ်ခုနှင့် စကားပြောရာတွင် နေတန်ယာဟုက “ဟားမတ်စ်မှာ နံပါတ်လေး၊ ဟားမတ်စ်မှာ နံပါတ်သုံးအပါအဝင် အကြီးတန်းခေါင်းဆောင် [ဟားမတ်စ်] အများအပြားကို သတ်ပစ်ခဲ့ပါတယ်။ နံပါတ်နှစ်နဲ့ နံပါတ်တစ်ကို လည်းရပါလိမ့်မယ်။ အဲဒါက အောင်ပွဲပဲ။ အောင်ပွဲက လက်လှမ်းမီတယ်။ ရက်သတ္တပတ်အနည်းငယ်ပဲ လိုပါတော့တယ်” ဟုဆိုသည်။

အစ္စရေးလိုလားသော စည်းရုံးရေး အဖွဲ့ American Israel Public Affairs Committee (AIPAC) က ဂျေရုဆလင်တွင် ကျင်းပသည့် ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် နေတန်ယာဟုက “နှစ်နိုင်ငံ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားရန် “အထူးသဖြင့် ယင်းကြိုးပမ်းနေမှုများတွင် “ အလွန်အရေးကြီးသည်” ဖြစ်သော်လည်း

အစ္စရေးနိုင်ငံ၏ “တည်ရှိနေမှု”သည်အန္တရာယ်လမ်းကြောင်းပေါ်တွင်ကျရောက်နေခြင်း ကြောင့် ရာဖာမြို့သို့ ဝင်ရောက်ရှင်းလင်းရန်မှတပါး ရွေးချယ်စရာမရှိဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးသည် အမေရိကန်သမတ ဘိုင်ဒင် အုပ်ချုပ်ရေးနှင့် သိသိသာသာ လိုက်လျောညီထွေရှိခဲ့သော်လည်း ရာဖာမြို့သို့ အစ္စရေး ပြောင်းရွှေ့မှုအပေါ် အခြေခံအားဖြင့် ကွဲပြားသော အမြင်များရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစ္စရေးသည် လက်ရှိတွင် လူတစ်သန်းကျော် ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်းမြို့ကို ထိုးစစ်ဆင်ရန် စီစဉ်ထားခြင်းမတိုင်မီ နိုင်ငံတကာ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

နေတန်ယာဟုသည် ဂါဇာရှိ ပါလက်စတိုင်းများအား ရွှေ့ပြောင်းနေထိုင်သူများရှိရာ ရာဖာမြို့မှ ထွက်ခွာကာ ၎င်းတို့၏ ရွက်ဖျင်တဲများဖြင့် ရွှေ့ပြောင်းနိုင်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ ရာဖာရဲ့မြောက်ဘက် ဂါဇာကမ်းမြှောင်မှာ နေရာရှိတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ “လူတွေက အောက်ကိုရွှေ့၊ နိုင်တယ်” ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။

ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်တော့မည့်အရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြောင့် သဘောထား ကွဲလွဲမှုများသည် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား ဆက်ဆံရေးကို နိမ့်ကျစေခဲ့သည်။

ဆုံးဖြတ်ချက်တစ်ရပ်ကို ခွင့်ပြုပေးခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်က ကြားနေမှုကို ကန့်ကွက်သည့်အနေဖြင့် ဝါရှင်တန်သို့သွားရန် စီစဉ်ထားသော အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု။

ရာဖာအစည်းအဝေးများကို ဖျက်သိမ်းရန် နေတန်ယာဟု၏ ဆုံးဖြတ်ချက်သည် ဘိုင်ဒင်နှင့် ကွဲလွဲမှုအသစ်ဖြစ်စေသည်။

လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ နိုင်ငံက အဆိုပြုသည့် ဆုံးဖြတ်ချက်သည် ရမ်ဇာန်လအတွက် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်သို့ အကူအညီများ စီးဆင်းမှု ချဲ့ထွင်ရန် အရေးပေါ်လိုအပ်မှုတို့ကို တောင်းဆိုခဲ့သည်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံရာမှာ အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ရာအို ဂဲလန့် (Yoav Gallant) တို့ဟာ ရာဖာ စစ်ဆင်ရေးအတွက် အစ္စရေးကို ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့ သဘောတူညီချက်တွေ မရရှိခဲ့ပေမယ့် လာမယ့်ရက်တွေမှာ လုပ်ငန်းအဆင့်ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။ ရက်သတ္တပတ်များအတွင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) တို့က အရပ်သားများအား အန္တရာယ်ဖြစ်စေမည့် ရာဖာ အား ကြီးမားသောတိုက်ခိုက်မှုအတွက် အစ္စရေးအား “အခြားရွေးချယ်စရာ” ရွေးချယ်မှုတစ်ခုရှာဖွေရန် လိုအပ်ကြောင်း ဂဲလန့် (Gallant) သို့ ပြောကြားခဲ့သည်။

ဖြစ်နိုင်ချေရှိသော ရာဖာ စစ်ဆင်ရေးကို ဆွေးနွေးရန် ဝါရှင်တန်သို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ သွားရောက်မည့် အစီအစဉ်ကို နေတန်ယာဟုက ပြန်လည်စီစဉ်ရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 51 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”