နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးတွင် ရာဖာထိုးစစ်မှတပါး ရွေးချယ်စရာမရှိဟု နေတန်ယာဟုက အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်များကို ပြောကြားခဲ့။

ဟိုင်ဖာအနီး၊ အစ္စရေး CNN —

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာတွင် “အောင်ပွဲ”ရယူရန် နှင့် ဟားမတ်စ်အဖွဲ့၏ အကြီးတန်းခေါင်းဆောင်ပိုင်းကို ဖမ်းဆီးနိုင်ရန် “ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်” ဟု ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်တစ်စုအား ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ကွန်ဂရက်လွှတ်တော်မှ နှစ်ဖက်ပါတီဝင်အုပ်စုတစ်ခုနှင့် စကားပြောရာတွင် နေတန်ယာဟုက “ဟားမတ်စ်မှာ နံပါတ်လေး၊ ဟားမတ်စ်မှာ နံပါတ်သုံးအပါအဝင် အကြီးတန်းခေါင်းဆောင် [ဟားမတ်စ်] အများအပြားကို သတ်ပစ်ခဲ့ပါတယ်။ နံပါတ်နှစ်နဲ့ နံပါတ်တစ်ကို လည်းရပါလိမ့်မယ်။ အဲဒါက အောင်ပွဲပဲ။ အောင်ပွဲက လက်လှမ်းမီတယ်။ ရက်သတ္တပတ်အနည်းငယ်ပဲ လိုပါတော့တယ်”ဟုဆိုသည်။

အစ္စရေးလိုလားသော စည်းရုံးရေး အဖွဲ့ American Israel Public Affairs Committee (AIPAC) က ဂျေရုဆလင်တွင် ကျင်းပသည့် ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် နေတန်ယာဟုက “နှစ်နိုင်ငံ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားရန် “အထူးသဖြင့် ယင်းကြိုးပမ်းနေမှုများတွင် “အလွန်အရေးကြီးသည်” ဖြစ်သော်လည်း

အစ္စရေးနိုင်ငံ၏ “တည်ရှိနေမှု”သည်အန္တရာယ်လမ်းကြောင်းပေါ်တွင်ကျရောက်နေခြင်း ကြောင့် ရာဖာမြို့သို့ ဝင်ရောက်ရှင်းလင်းရန်မှတပါး ရွေးချယ်စရာမရှိဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးသည် အမေရိကန်သမတ ဘိုင်ဒင် အုပ်ချုပ်ရေးနှင့် သိသိသာသာ လိုက်လျောညီထွေရှိခဲ့သော်လည်း ရာဖာမြို့သို့ အစ္စရေး ပြောင်းရွှေ့မှုအပေါ် အခြေခံအားဖြင့် ကွဲပြားသော အမြင်များရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစ္စရေးသည် လက်ရှိတွင် လူတစ်သန်းကျော် ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်းမြို့ကို ထိုးစစ်ဆင်ရန် စီစဉ်ထားခြင်းမတိုင်မီ နိုင်ငံတကာ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

နေတန်ယာဟုသည် ဂါဇာရှိ ပါလက်စတိုင်းများအား ရွှေ့ပြောင်းနေထိုင်သူများရှိရာ ရာဖာမြို့မှ ထွက်ခွာကာ ၎င်းတို့၏ ရွက်ဖျင်တဲများဖြင့် ရွှေ့ပြောင်းနိုင်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ရာဖာရဲ့မြောက်ဘက် ဂါဇာကမ်းမြှောင်မှာ နေရာရှိတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ “လူတွေက အောက်ကိုရွှေ့၊ နိုင်တယ်” ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။

ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်တော့မည့်အရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြောင့် သဘောထား ကွဲလွဲမှုများသည် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား ဆက်ဆံရေးကို နိမ့်ကျစေခဲ့သည်။

ဆုံးဖြတ်ချက်တစ်ရပ်ကို ခွင့်ပြုပေးခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်က ကြားနေမှုကို ကန့်ကွက်သည့်အနေဖြင့် ဝါရှင်တန်သို့သွားရန် စီစဉ်ထားသော အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု။

ရာဖာအစည်းအဝေးများကို ဖျက်သိမ်းရန် နေတန်ယာဟု၏ ဆုံးဖြတ်ချက်သည် ဘိုင်ဒင်နှင့် ကွဲလွဲမှုအသစ်ဖြစ်စေသည်။

လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ နိုင်ငံက အဆိုပြုသည့် ဆုံးဖြတ်ချက်သည် ရမ်ဇာန်လအတွက် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်သို့ အကူအညီများ စီးဆင်းမှု ချဲ့ထွင်ရန် အရေးပေါ်လိုအပ်မှုတို့ကို တောင်းဆိုခဲ့သည်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံရာမှာ အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ရာအို ဂဲလန့် (Yoav Gallant) တို့ဟာ ရာဖာ စစ်ဆင်ရေးအတွက် အစ္စရေးကို ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့ သဘောတူညီချက်တွေ မရရှိခဲ့ပေမယ့် လာမယ့်ရက်တွေမှာ လုပ်ငန်းအဆင့်ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။ ရက်သတ္တပတ်များအတွင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) တို့က အရပ်သားများအား အန္တရာယ်ဖြစ်စေမည့် ရာဖာ အား ကြီးမားသောတိုက်ခိုက်မှုအတွက် အစ္စရေးအား “အခြားရွေးချယ်စရာ” ရွေးချယ်မှုတစ်ခုရှာဖွေရန် လိုအပ်ကြောင်း ဂဲလန့် (Gallant) သို့ ပြောကြားခဲ့သည်။

ဖြစ်နိုင်ချေရှိသော ရာဖာ စစ်ဆင်ရေးကို ဆွေးနွေးရန် ဝါရှင်တန်သို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ သွားရောက်မည့် အစီအစဉ်ကို နေတန်ယာဟုက ပြန်လည်စီစဉ်ရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက