နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို မူလအတိုင်း ပြန်လည်ရောက်ရှိစေဖို့ အချက် (၈)ချက်ပါတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ MNDAA ထုတ်ပြန်

ဇူလိုင်လ (၂၈) ရက်။

လားရှိုးမြို့ကို မူလအတိုင်း ပြန်လည်ရောက်ရှိစေဖို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အချက်တွေကို အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီနဲ့ MNDAA စစ်ရေးကော်မတီတို့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို ဇူလိုင်လ (၂၅)ရက်နေ့မှာ MNDAA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်ခဲ့ကာ အုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီး ဒေသပြန်လည်တည်ဆောက်ဖို့ ကြေညာထားပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်တွေထဲ တရုတ်ရဲ့ ဂရုစိုက်တာတွေအပေါ် အထူးအလေးထားပြီး ကြား၀င်စေ့စပ်ပေးတဲ့ မူဝါဒကို လိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

‌လားရှိုးမြို့ရှိ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို မကျူးလွန်ဖို့နဲ့ ချိုးဖောက်ပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားသလို လူ့အခွင့်အရေး ချိုးဖောက်ပါက အရေးယူမှာဖြစ်ပြီး တန်းတူညီမျှရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အကောင်အထည်ဖော်သွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဆိုက်ဘာမှုခင်း၊ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တို့အပါအ၀င် မူးယစ်ဆေးဝါး ရောင်းချ၊ စိုက်ပျိုး၊ သုံးစွဲတာတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး အများပိုင်ပစ္စည်းတွေကို ထိန်းသိမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

မူလက လားရှိုးမြို့ရှိ အစိုးရ၀န်ထမ်း၊ ဆရာ/ဆရာမ၊ ဆရာ၀န်၊ လျှပ်စစ်နဲ့ ရေပိုက်လုပ်ငန်းရှင်၊ ယာဉ်ထိန်းအဖွဲ့နဲ့ စွမ်းအင်လုပ်ငန်းရှင်တွေကို ဥပဒေအရ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး တာ၀န်ထမ်းဆောင်လိုသူတွေကို မူလတာ၀န်၊ ရာထူးနဲ့အညီ ထမ်းဆောင်စေမယ်လို့ အသိပေးထားပါတယ်။

စစ်ရေးအုပ်ချုပ်တဲ့ကာလထဲ လားရှိုးမြို့မှာ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေကို တပ်သားသစ်ခေါ်ဆောင်တာတို့ကို လုံး၀ကန့်ကွက်ပြီး ဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲကို “၀”တပ် (UWSA) ဘက်က ၀င်ရောက်လာတာတွေ ရှိပေမယ့် ပြင်ပဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်တာတွေ ကာကွယ်ဖို့ လာရောက်တာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို