နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြိုထဲ ကျေးရွာအလှူခံဂိတ်ကို UCRRF က ဖွင့်ထားတာဖြစ်ပြီး CDM ကျောင်းဆရာမနဲ့မသက်ဆိုင်

ဇူလိုင်လ (၂၇)ရက်။

ပြီးခဲ့ရက်ပိုင်းမှာ မင်းကင်းမြိုက ကျေးရွာမှာ အလှူခံဂိတ်ဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့တဲ့အထဲ CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန်က ဦးဆောင်ဖွင့်လှစ်ထားတာမဟုတ်ဘူးလို ပြောဆိုချက်တွေအရ သိရပါတယ်။

အဲ့ဒီကျေးရွာမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး အလှူခံဂိတ်ကို Upper Chindwin River Revolution Force (UCRF) က ဖွင့်လှစ်ထားတာလို ‌သတင်းထပ်မံအတည်ပြုချက်တွေအရ သိရပါတယ်။

CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန်ဟာ အလှူခံဂိတ်ကို သွားတာဟာ ဂိတ်အနီးရှိ လယ်ကွင်းထဲက တာရိုးလေးတနေရာမှာသာ ဖုန်းလိုင်းမိတာကြောင့် မကြာခဏ သွားရောက်တာဖြစ်ပြီး ဂိတ်ကတာ၀န်ရှိသူတွေနဲ့ နှုတ်ဆက်စကားပြောတာသာဖြစ်တယ်လို ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် ခေတ်မျက်လုံးသတင်းဌာနက ဖော်ပြခဲ့တဲ့ CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန် ဦးဆောင်ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်ဆိုတာဟာ ဒေသခံများရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီး နားလည်မှုလွဲမှားကာ ရေးသားခဲ့မိတာဖြစ်ပြီး အဲ့ဒီဂိတ်ကို UCRRF က ဖွင့်လှစ်ထားတာလို သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၂၂)ရက်နေ့က မြိုနယ်ပကဖ ဒုတာ၀န်ခံ ‌ကိုဇော်မင်းနဲ့အဖွဲဟာ အဲ့ဒီအလှူခံဂိတ်ဖွင့်တာနဲ့ပတ်သက်ပြီး ကျေးရွာထဲကို သေနတ်ပစ်ဖောက် ၀င်ရောက်ခဲ့သလို ကျောင်းထဲကိုလဲ သေနတ်ပစ်ဖောက်၀င်လာကာ CDM ဆရာ၊ ဆရာမတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို ဖမ်းဆီးခံရတဲ့အထဲပါ၀င်ခဲ့တဲ့ CDM ဆရာ‌တစ်ဦးက ပြောပါတယ်။

နောက်ပြီး CDM ဆရာမ ဒေါ်ဖြိုးပပမွန်အပါအ၀င် ကျောင်းဆရာအချိုကို ရွာတက်ကုန်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် (၁၇) နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးကိုတော့ ဒီကနေ့အချိန်ထိ ဖမ်းဆီးထားပါတယ်။

မင်းကင်းမြိုနယ်ထဲ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးအတွက် အကြောင်းပြကာ ဂိတ်ဖွင့်တာတွေအပါအ၀င် ရွှေတူးဖော်တာတွေပြုလုပ်နေကြပေမယ့် ထောက်ပံ့တာမှာတော့ (၁၀) ပုံမှာ တစ်ပုံခန့်သာရှိခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ။

Upper Chindwin River Revolution Force (UCRF) တပ်ဖွဲ့ဝင်များ/UCRRF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို