နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်လေယာဉ် ပိုင်နက်ကျူးကျော်မှုသည် အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ဟု ဂျပန်ပြော

+++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၂၇) ရက်။

“ ဂျပန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်အတွင်းကို တရုတ်စစ်ထောက်လှမ်းရေးလေယာဉ် ကျူးကျော်ဝင်ရောက်မှုဟာ ဂျပန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်တာ ဖြစ်တယ်။ ဒါတင်မကဘဲ လုံခြုံရေးကိုပါ ခြိမ်းခြောက်တာဖြစ်လို့ လုံးဝလက်မခံနိုင်ပါဘူး” လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟာယာရှိ ယိုရှီမာစာက သြဂုတ် ၂၇ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ အရှေ့တရုတ်ပင်လယ်ဝေဟင်မှာ အဲ့ဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာ သတင်းထောက်တွေကို သူက အခုလို ပြောလိုက်တာပါ။

နာဂါဆာကီ စီရင်စုနယ်မြေက ဒန်းဂျိုး (အမျိုးသား/အမျိုးသမီး) ကျွန်းစုကမ်းလွန်ကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၁း၂၉ နာရီမှ စတင်ပြီး ၁၁း၃၁ နာရီအထိ တရုတ် Y-9 ကင်းထောက်လေယာဉ် က ၂ မိနစ်ကြာ ဝင်ရောက်ခဲ့တဲ့အတွက် တိုက်လေယာဉ်တွေ အရေးပေါ်ပျံတက်ပြီး သတိပေးခဲ့ရတယ်လို့ သိရပါတယ်။

အခုဖြစ်ရပ်သည် မိမိတို့ရဲ့ ဝေဟင်ပိုင်နက်ကို ကျူးကျော်မှုကို ဆန့်ကျင်ရေး စီမံမှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်စစ်လေယာဉ်ရဲ့ ပထမဆုံး ပိုင်နက်ကျူးကျော်မှုအဖြစ် အတည်ပြု ကြေညာခဲ့ရတဲ့ဖြစ်စဉ် ဖြစ်တယ်လို့ ဟာယာရှီက ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ အဲ့ဒီနေ့မှာပဲ တရုတ်အစိုးရကို သံတမန်လမ်းကြောင်းကနေတဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး နောက်တကြိမ် ထပ်မဖြစ်ပွားအောင် တားဆီးဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်” သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ “ တရုတ်စစ်လေယာဉ်ရဲ့ လှုပ်ရှားမှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား” လို့ မေးမြန်းတဲ့အပေါ်မှာတော့ မဖြေလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ မကြာသေးမီနှစ်တွေအတွင်း ဂျပန်အနီးတစ်ဝိုက်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ကျယ်ပြန့်လာပြီး ပိုမိုလှုပ်ရှားလာတာကို တွေ့နေရပြီး ဂျပန်အစိုးရအနေနဲ့ တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုတွေကို ဂရုတစိုက် ဆက်လက်အာရုံစိုက်သွားမှာဖြစ်ပြီး နိုးနိုးကြားကြား ထောက်လှမ်းစောင့်ကြည့်တာတွေနဲ့ ဝေဟင်ပိုင်နက် ချိုးဖောက်မှု တားဆီးရေး ဖြစ်နိုင်သမျှ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 28 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို