နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်သမတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းကောက်နှုတ်ချက်

ဒီမိုကရက်တစ်တစ်ယောက်ဖြစ်ရတာ ခင်ဗျား ဂုဏ်ယူလား။ ကျနော်တို့နဲ့ ပူးပေါင်းခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ဒီစင်မြင့်ပေါ်ကို တက်ခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ဒီအရာတွေအားလုံးကို ကျနော် မြင်ခဲ့ရလို့ အခုမှ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ဓာတ်တွေ ကျလာတဲ့အခါ ခဏခဏ သတိရတယ်။ အိုဘားမားကို ဒီမှာတွေ့ရတာ သဘောကျတယ်။ သမ္မတဘိုင်ဒင်ကို မြင်ရတာ သဘောကျသလို ဟီလာရီကလည်း ခမ်းနားတဲ့ မိန့်ခွန်းတွေ ပြောသွားခဲ့တယ် ထင်ပါတယ်။ ကျနော်နောက်မှာ တက်လာတဲ့ အဲဒီလူငယ်ခေါင်းဆောင်တွေ အားလုံးကို မြင်ရတာ သဘောကျတယ်။

သူတို့ကြည့်ရတာ ပိုတော်လာသလို အပြောအဆိုလည်း ပိုထက်မြက်လာတယ် အားလုံးက စိတ်လှုပ်ရှားစရာကောင်းတယ်။ သမ္မတဘိုင်ဒင်အကြောင်း စကားတစ်ခွန်းလောက် ပြောချင်တယ်။ မှတ်မိကြဖို့လိုတယ်။ သူသမ္မတဖြစ်လာတဲ့အခါ ခက်ခဲ့တဲ့အလှည့်အပြောင်းကို ကြုံခဲ့ရတယ်။ ကျနော်တို့ဟာ ကူးစက်ရောဂါနဲ့ စီးပွားရေး ပျက်ဆီးမှုအလယ်မှာ ရှိနေခဲ့ပါတယ်။ သူက ဖျားနာသူတွေကို ကုသပေးပြီး ကျန်တဲ့သူတွေကို အလုပ်ပြန်လုပ်နိုင်ဖို့ကို တွန်းအားပေးခဲ့တယ်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကျွန်ုပ်တို့ရဲ့ မဟာမိတ်များကို ခိုင်ခံ့စေပါတယ်။ အရှေ့အလယ်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေတယ်။ သူဟာ ယူကရိန်းဘက်မှ ရပ်တည်ခဲ့တယ်၊ ပြီးတော့ သူက ပြိုင်ဆိုင်ရခက်တဲ့ အရာတစ်ခုကို လုပ်ခဲ့ပြီး နိုင်ငံရေးအာဏာကို စိတ်လိုလက်ရ မိမိသဘောထားနဲ့ စွန့်လွှတ်ခဲ့တယ်။ ဂျော့ခ်ျဝါရှင်တန်ကလည်း ဒါကိုသိပြီး သူလုပ်ခဲ့တယ်။ သူဟာ သမတသက်တမ်းကို သက်တမ်းနှစ်ခု ထမ်းဆောင်ဖို့ မပြဌာန်းမီကပင် ကျနော်တို့အတွက် စံသတ်မှတ်ချက်ကို ထားပေးခဲ့တယ်။ ဒီစံနမူနာထားထိုက်တဲ့ အမွေကို ဂျိုးဘိုင်ဒင်က လိုက်နာပြီး ခင်ဗျားတို့ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ရီပတ်ပလီကင်ပါတီမှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတာမို့ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ကရုဏာ၊ သူ့အတန်းအစား၊ သူ့ရဲ့ ဝန်ဆောင်မှု၊ သူ့ရဲ့ အနစ်နာခံမှုအတွက် သူ့ကို ကျေးဇူးတင်ချင်ပါတယ်။ (လူတွေက ကျေးဇူးတင်ပါတယ် ဂျိုးဟု ကျယ်လောင်စွာ ထပ်ခါတလဲလဲ အော်ဟစ်ဂုဏ်ပြုကြတယ်)။ သူရဲ့ တိုက်ပွဲဝင်နေတဲ့စိတ်က ကျန်တဲ့သူတွေကို အများကြီး ကူးစက်သွားတယ်။

ကျနော်တို့ ကာမလာဟဲရစ် နဲ့ တင်မ်ဝေါ့ဇ် တို့ကို ရွေးချယ်ခဲ့ပါတယ်။ အမေရိကန် အားလုံးနဲ့ ယှဉ်ပြီး ဖြစ်နိုင်ဖို့ ခဲ့ယဉ်းတဲ့ ဘဝဇာတ်ကြောင်းတွေရှိတဲ့ ခေါင်းဆောင် နှစ်ယောက်ကို တွေးကြည့်ပါ။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေကို ရပ်ရွာတရားရုံးတွေနဲ့ စာသင်ခန်းတွေမှာ စတင်ခဲ့ပြီး၊ တစ်သက်လုံး အလုပ်တွေကို ပြီးစီးအောင် ဆောင်ရွက်နိုင်ကြတဲ့ ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ အခု ကျနော်ရဲ့ရှည်လျားတဲ့ ဘဝသက်တမ်းတလျှောက်မှာ သတိထားမိတာတစ်ခုကတော့ သမ္မတရွေးကောက်ပွဲဟာ ပုံစံတမျိုးတဘာသာနဲ့ ထူးခြားမှုရှိနေတာပါပဲ။ ပထမဆုံးအချက်အနေနဲ့ ပြောချင်တာက ဒါဟာ ကမ္ဘာ့ အကောင်းဆုံး အလုပ်အတွက် အကြီးကျယ်ဆုံး အလုပ်အင်တာဗျူးပါ။

ဒုတိယအချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဆိုထားတာက ကျုပ်တို့ ပြည်သူတွေက အလုပ်ခန့်ထားတဲ့အလုပ်ကို လုပ်ရတယ်လို့ ဆိုထားပြီး တတိယအချက်ကတော့ လေးနှစ်တစ်ကြိမ် ဒီအလုပ်အတွက် လိုအပ်ချက်တွေကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတိုင်းကို ကျွန်တော်က နားလည်နိုင်ဖို့ သုံးသပ်ကြည့်လေ့ရှိတဲ့အတွက်ကြောင့်မို့လို့ ထင်ပါတယ်။ ဒီသမ္မတက ငါတို့ကို နောက်ပြန်ဆုတ်စေမှာလား ဒါမှမဟုတ် ရှေ့တိုးတက်စေမှာလားပေါ့။ ဒီသမ္မတက ကျွန်တော်တို့ရဲ့ ကလေးတွေကို ပိုတောက်ပတဲ့ အနာဂတ်ကို ပေးမှာလားဆိုတာ မူတည်ပါတယ်။ ဒီသမ္မတက ငါတို့ကို လက်တွဲ ပေါင်းစည်းစေမှာလား ဒါမှမဟုတ် ငါတို့ကို ခွဲခြားကွဲကွာစေမှာလား။ ဒီသမ္မတက ကျွန်ုပ်တို့ခံစားပျော်မွေ့နိုင်သော ငြိမ်းချမ်းရေး၊ လုံခြုံရေး တည်ငြိမ်ရေးနှင့် လွတ်လပ်မှုကို အခြားသူများကို တိုးချဲ့ပေးမှာလား။ ဆုံးဖြတ်ချက်ချရမဲ့ (မဲပေးရမဲ့) ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီလိုမေးခွန်းမျိုးတွေကို မေးမြန်းနိုင်မလား ဖြစ်ပါတယ်။

လေးနှစ်တိုင်းက ကိုယ်စားလှယ်လောင်းတွေအဖြစ် လူတွေက ထွက်လာကြပြီး ဒီမှာပြောနေသလိုပဲ သူတို့ကပြောနေတယ် အခုဒီမှာ ရှိနေတဲ့ ငါတို့ပြဿနာတွေကို ပြေလည်သွားအောင်၊ ငါတို့အခွင့်အရေးတွေ ရအောင်၊ ငါတို့ကြောက်စိတ်တွေ ပြေလျော့သွားအောင်၊ ငါတို့အိပ်မက်တွေကို တကယ် အကောင်အထည်ပေါ်လာအောင် ကူညီလုပ်ဆောင်မှာလား။ သမ္မတက ဒီတောင်းဆိုမှုတွေကို တုံ့ပြန်ပြီး ငါ့အပိုင်းကိုငါလုပ်မယ် ဒါပေမဲ့ မင်းကလဲ ငါ့ကိုကူညီရမယ်လို့ ပြောမယ်။ ဒီလိုပြည်သူနဲ့ အတူတူတွဲလုပ်ကြမလား ဒါမှမဟုတ် သမတလုပ်တဲ့သူက ရှောင်လွှဲပြီး လုပ်ရမဲ့အလုပ်ကို မလုပ်ဘဲ ငါတို့ကို ခွဲခြားခြင်း၊ နှောင့်ယှက်တာနဲ့ လမ်းကြောင်းလွှဲတာကို လုပ်မှာလား။ ဒါကြောင့် ၂၀၂၄ မှာ ရှင်းရှင်းလင်းလင်း ရွေးချယ်မှုတစ်ခု ရခဲ့တယ် လို့ထင်ပါတယ်။ ကာမလာဟဲရစ်က လူတွေအတွက်ဖြစ်ပြီး အခြားတယောက် (ထရန့်) က အရင်ထက်တောင် ပိုသက်သေပြခဲ့တယ်။ သူက ငါ့နဲ့ ငါ့အတွက်ပဲ သိတဲ့သူဖြစ်တယ်ဆိုတာပဲ ။ ငါသိတယ်။ ဘယ်သူက ငါတို့တိုင်းပြည်အတွက် ပိုကောင်းမလဲဆိုတာပေါ့။

ကာမလာဟဲရစ်ဟာ ကျနော်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ရရှိနိုင်ဖို့၊ ကျနော်တို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖြေလျှော့ဖို့နဲ့ သူ့ကိုမဲပေးသူ မဲမပေးသူ အမေရိကန်တိုင်းအတွက်သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိကြောင်း သေချာပါလိမ့်မယ်။ သူမ ငယ်ငယ်က မက်ဒေါ်နယ် (McDonalds) စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တာ မင်းသိလား ၊ သူမဟာ လူတစ်ယောက်စီကို အဲဒီ့အပြုံးနဲ့ နှုတ်ဆက်ပြီး “ရှင့်ကို ကျမဘယ်လိုကူညီရမလဲ?”လို့မေးလေ့ရှိတယ်။ အခု သူမဟာ စွမ်းအားအထွတ်အထိပ်ရောက်နေပြီဖြစ်ပြီး သူမက “ရှင့်ကို ကျမ ဘယ်လိုကူညီရမလဲ?” လို့ မေးနေသေးတယ်။ သူသမ္မတအဖြစ် အိမ်ဖြူတော်ထဲကို တကယ်ရောက်လာတဲ့အခါ ကျနော် အရမ်းပျော်နေမှာပါ ဘာကြောင့်လဲဆိုတော့ သူဟာ ကျနော် မက်ဒေါ်နယ်မှာ အလုပ်လုပ်ခဲ့တဲ့ စံချိန်ကိုချိုးမဲ့သူ ဖြစ်နေလို့ပါပဲ။

(သမတအလုပ်ကို တင်စားပြီးပြောခဲ့ခြင်းဖြစ်ပါတယ် ဘာသာပြန်သူ)

အခု ကျနော်တို့ ရွေးကောက်ပွဲ အနိုင်ရဖို့ လိုနေပြီ တခုသိထားရမှာက သူက သူကျွမ်းတဲ့ အလုပ်မှာလည်း တော်တဲ့လူကို ငါတို့က ပြိုင်ရမှာကို သတိရလိုက်ပါ။ ဒေါ်နယ်ထရန့်ဟာ ဘာအပြစ်မှမရှိတဲ့ စင်းလုံးချောလူတယောက်လို ပြုမူနေတဲ့သူဖြစ်တယ်။ သူဟာ အခြားသူတွေကို ဘာမှအရေးမကြီးသူတွေအဖြစ် နှိမ့်ချနေဆဲပါ။ ကမောက်ကမဖြစ်အောင် ဖန်တီးပြီး စနစ်တကျပြန်လည် စည်းရုံးမှုမျိုး ပြုလုပ်ခဲ့တယ်။

အိမ်ဖြူတော်ကနေ ဝေးပြီး ၂၃ နှစ်ကျော် နေခဲ့ရတာတောင် တစ်ရက်မှ မေ့လို့မရဘူး။ ဒီလိုလုပ်ခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးမတင်တဲ့နေ့ တရက်မှမရှိဘူးလို့ ပြောပါရစေ။ ဒီသမတ အလုပ်ကို အရမ်းချစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အခက်ခဲဆုံး အချိန်တွေမှာ အမှောင်ဆုံး နေ့ရက်တွေမှာတောင် မင်းအရမ်းကြိုးစားအားထုတ်ခဲ့ရင် တစုံတယောက်အတွက် ကောင်းတဲ့အရာတွေကိုလုပ်ပေးနိုင်မှာပါ။

ကာမလာဟဲရစ်ဟာမှာ အမြင်ရှိတယ်၊ အတွေ့အကြုံရှိတယ် မျှော်မှန်းချက်ရှိတယ်၊ ကောင်းမွန်တဲ့ စိတ်နေသဘောထားတွေရှိတယ်၊ တစ်ခုခုကို ပြီးမြောက်အောင်မြင်ရန် ရွှင်လန်းတက်ကြွသော ငါတို့အတွက်တဦးတည်းသော ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်း ဖြစ်တယ်။ သူ့ပြိုင်ဘက်က သူ့အသံနဲ့ ဘာတွေပြောနေလဲ။ သူက သူ့အကြောင်းတွေကိုပဲ အများအားဖြင့် ပြောတတ်တာမို့ နောက်တစ်ခါ သူပြောတဲ့ မုသားတွေကို ရေတွက်မနေပါနဲ့ ဒီလိုပြောနေတာကို ကြည့်နေတဲ့ မျက်လုံးကိုပဲ ရေတွက်ပါ။ သူ့ရဲ့ လက်စားခြေမှု၊ ရန်ငြိုးတွေ၊ ပူးပေါင်းကြံစည်မှုတွေ၊ သူ့ပြောနေတဲ့ ကောလဟလတွေ သူကတော့ စင်ပေါ်မှာ လမ်းလျှောက်ထွက်ရင်း သူ့အဆုပ်ကို အစွမ်းကုန်ဖွင့်ပြီး ငါ (me)၊ ငါ (me)၊ ငါ (me) ဆိုတဲ့ သီချင်းဆိုပေးတယ်။

ကာမလာဟဲရစ် က သမ္မတဖြစ်တဲ့အခါ နေ့တိုင်းမှာ သင်တို့အတွက် သင် (You)၊ သင် (You)၊ သင် (You) နဲ့ စလိမ့်မယ်။ သူမဟာ တကယ်ကို ကြိုးစားလုပ်ဆောင်နေပြီး အချိန်ပြည့် အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ဆင်းရဲတွင်းနက်စွာနေနေရတဲ့ဘဝ ဒါမှမဟုတ် ဆင်းရဲတွင်းနက်နေတဲ့ သူတို့ သားသမီးတွေအတွက် စိတ်ပူစရာမရှိစေဖို့အတွက် လုပ်ဆောင်ပေးမှာဖြစ်တယ်။ သူမကို မဲပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတယ်လို့ သူမက ဆိုပါတယ်။ သူတို့အားလုံးဟာ အမေရိကန် နိုင်ငံသားတွေ ဖြစ်တာကြောင့် မဲပေးပိုင်ခွင့်နဲ့ ထိုက်တန်တယ်လို့ ကာမလာကပြောတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို