နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဝန်ကြီးက ဂါဇာပုံစံစစ်ဆင်ရေးကို တောင်းဆိုနေချိန်တွင် အစ္စရေးက အနောက်ဘက်ကမ်းကို အကြီးစားစီးနင်းတိုက်ခိုက်ခဲ့သည်။

သြဂုတ်လ (၂၈)၊ CNN သတင်း။

အစ္စရေးစစ်တပ်သည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ၎င်းတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများစွာကို စီးနင်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိုးစစ်တွင် ပါလက်စတိုင်း ကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပြီး အနောက်ဘက်ကမ်းကို ယခုနှစ်များအတွင်း အစ္စရေးက အကျယ်ပြန့်ဆုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အနောက်ဘက်ကမ်း၏ မြောက်ဘက်ရှိ ဂျင်နင်း (Jenin) နှင့် တာလ်ကာရမ် (Tulkarem) ဒေသများတွင်ရှိသည့် အစ္စရေးလုံခြုံရေးအေဂျင်စီ (ISA) နှင့် ပူးပေါင်းပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကဒ်ဇ် (Israel Katz) က အဆိုပါ စစ်ဆင်ရေးသည် “အစ္စလာမ္မစ်-အီရန် အကြမ်းဖက်အခြေခံ အဆောက်အအုံများကို တားဆီးရန်” လုပ်ဆောင်ခဲ့ကြောင်း၊ အီရန်သည် အစ္စရေးအား ဆန့်ကျင်ရန် အရှေ့ခြမ်းစစ်မျက်နှာကို ထူထောင်ရန် လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။

“ငါတို့ဟာ ဂါဇာမှာရှိတဲ့ အကြမ်းဖက်အဆောက်အအုံတွေကို ဖြေရှင်းခဲ့တယ်။ ပြီးတော့ ပါလက်စတိုင်းဒေသခံတွေကို ခေတ္တဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းတာတွေ အပါအဝင် လိုအပ်တဲ့ ဘယ်အဆင့်ကိုမဆို ကိုင်တွယ်ဖြေရှင်းသွားမယ်” ဟု ၎င်းက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ “ဒါဟာ လိုအပ်ချက်အားလုံးနဲ့ ရည်ရွယ်ချက်တွေအတွက် စစ်ပွဲဖြစ်ပြီး ငါတို့အနိုင်ရရမယ်” ဟု ရေးသားခဲ့သည်။

အစ္စရေးတောင်ပိုင်းတွင် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်၏ တိုက်ခိုက်မှုဖြစ်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာကာ အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေး ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ IDF ၏ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး နာဒေ့ဗ် ရှိုရှာနီ (Nadav Shoshani) က အစ္စရေးသည် အနောက်ဘက်ကမ်းသို့ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ မှောင်ခိုတင်သွင်းသည့် “အီရန်တွင် စနစ်ကျသော ဗျူဟာတစ်ရပ်ရှိကြောင်း” ကို ရရှိဖော်ထုတ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အတိအကျပြောရရင်၊ ဂျင်နင်း (Jenin) နဲ့ တူလ်ခရမ်(Tulkarm) မှာ ပြီးခဲ့တဲ့နှစ်အတွင်း အဲဒီဒေသတွေတစ်ခုတည်းကနေ ပစ်ခတ်မှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၅၀ ကျော်ကို တွေ့ခဲ့ရပါတယ်” ဟု ရှိုရှာနီ (Shoshani) မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစ္စရေး၏ “ချိုးဖောက်မှုနှင့် ရာဇဝတ်မှုများ” ကို “အထူးသဖြင့် ဂါဇာကမ်းမြှောင်တွင် ဖြစ်ပွားနေသည့် လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနှင့် အနောက်ဘက်ကမ်းမြောက်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း” ကို ရှုတ်ချခဲ့သည်။ အစောပိုင်း ညွှန်ပြချက်များတွင် ဒရုန်းများနှင့် ဘူဒိုဇာများ၊ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ အစ္စရေးနယ်ခြားစောင့်ရဲတပ်ရင်းလေးခုနှင့် လျှို့ဝှက်တပ်များ၏ ထိပ်တန်းတပ်ဖွဲ့များ ပါဝင်သည့် သိသိသာသာ ပေါင်းစပ်ထားသော အစ္စရေးစစ်ဆင်ရေးကို ပြသခဲ့သည်။ CNN မှရရှိသော ဗီဒီယိုတွင် တာလ်ကာရမ် (Tulkarem) တွင် လမ်းတစ်လမ်းကို ဘူဒိုဇာများကထိုး၍ ဖြိုဖျက်နေခဲ့ပြီး ဂျင်နင်းမှတဆင့် ရွေ့လျားနေသော ယာဉ်တန်းကိုလည်း ပြသခဲ့သည်။

အစ္စရေးစစ်တပ်က ထုတ်ပြန်သည့် နောက်ထပ်ဗီဒီယိုများတွင် တာလ်ကာရမ်အနီးရှိ ဒုက္ခသည်စခန်း Nur Shams ရှိ စစ်သွေးကြွများ၏ စစ်ဆင်ရေးအခန်းတစ်ခုအား တိုက်ခိုက်မှုဟု ပြောကြားပြီး ပြသခဲ့သည်။ တူဘတ်စ် နှင့် ဂျင်နင်းမြို့များတွင် ပါလက်စတိုင်းများ သေဆုံးမှုများ ရှိခဲ့ကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) မှ ပြောကြားခဲ့သည်။ ဂျင်နင်းတွင် အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦးထက်မနည်း ရှိခဲ့ပြီး ဂျင်နင်းမြို့ဆင်ခြေဖုံးရှိ ယာဉ်တစ်စီးပေါ်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အခြား ၃ ဦး သေဆုံးခဲ့ကြောင်း PRCS မှပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ အစောပိုင်းက PRCS နှင့် ၀န်ကြီးဌာနမှ စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိခဲ့သည်ဟုဆိုသည်။

ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ ဝိုင်းခံထားရ

+++++++++++++++++++++++++++++++

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးသည် ဂျင်နင်းရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံအများအပြားကို ဝိုင်းရံထားပြီး လူနာတင်ယာဉ်များ သွားလာမှုကို ပိတ်ဆို့ထားခြင်းကြောင့် ဆေးရုံများကို ထိခိုက်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အစ္စရေးတပ်ဖွဲ့များသည် Ibn Sina ဆေးရုံသို့ သွားသောလမ်းများကို ဖုန်ထူထပ်သောတောင်ပို့များအဖြစ် ဖန်တီးလိုက်ပြီး ပိတ်ဆို့ခဲ့ကြောင်းနှင့် ဂျင်နင်းရှိ အစိုးရဆေးရုံကို ဝိုင်းရံပိတ်ဆို့ထားကာ လခြမ်းနီအသင်းနှင့် လူနာ-သူငယ်ချင်းများအသင်းတို့ကို ဝိုင်းရံထားသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဂျင်နင်းရှိ အစိုးရ၊ ပုဂ္ဂလိကနှင့် ကုသိုလ်ဖြစ် ဆေးရုံများတွင် လက်ရှိ လူနာဒါဇင်များစွာကို ကုသပေးနေကြောင်း ဝန်ကြီးဌာနက ပြောကြားပြီး လူနာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်သည် ခြိမ်းခြောက်ခံနေရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

PRCS ၏ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အယ် ဆာဒီ (Mahmoud Al-Saadi) က အစ္စရေးစစ်တပ်သည် လူနာတင်ယာဉ်များသွားလာမှုကို ကန့်သတ်ထားပြီး ဂျင်နင်းတွင် ဆေးရုံတက်ရန် ခက်ခဲကြောင်း CNN သို့ ပြောကြားခဲ့သည်။ CNN မှ ရရှိသောဗီဒီယိုတွင် ဂျင်နင်းအစိုးရဆေးရုံအဝင်ဝတွင် အစ္စရေးစစ်တပ်ယာဉ်များသည် ဝင်ပေါက်ကိုပိတ်ဆို့ကာ ဂျင်နင်းရှိ Ibn Sina ဆေးရုံကို ဝန်းရံထားပုံပေါ်သည်။ IDF မှ ပြောရေးဆိုခွင့်ရှိသူ Shoshani က တပ်ဖွဲ့များသည် ဂျင်နင်းရှိ ဆေးရုံအား သိမ်းပိုက်ရန် အစီအစဉ် မရှိသော်လည်း “အကြမ်းဖက်သမားများ” သည် ဆေးရုံများတွင် ခိုလှုံခြင်းနှင့် ထိုနေရာမှ စီမံခန့်ခွဲနေခြင်းမှ ကာကွယ်ရန် တပ်များချထားကြောင်း ပြောကြားခဲ့သည်။ “ဆေးရုံတွေကို စစ်ပွဲဇုန်ဖြစ်မလာအောင် တားဆီးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျင်နင်းအစိုးရဆေးရုံ၏ ဒါရိုက်တာ ဝီဆမ် ဘတ်ကာ (Wissam Bakr) က CNNကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက “ဆေးရုံအဝင်ပေါက်တွင် အစ္စရေးစစ်ကားသုံးစီး ရောက်နေပါတယ်” ဟု ပြောခဲ့သည်။ ဂျင်နင်းအုပ်ချုပ်ရေးမှူးက အစ္စရေးအစိုးရအား “အစ္စရေးစစ်တပ်က ဂျင်နင်းအစိုးရဆေးရုံကို ဝင်ရောက်ရန် ကြံရွယ်ထားတယ်” ဟု အကြောင်းကြားခဲ့သည်။

အထွေထွေတပ်ရွေ့ပြောင်းခြင်း

+++++++++++++++++

အစ္စလာမ္မစ်ဂျီဟတ် စစ်သွေးကြွအုပ်စုသည် အစ္စရေးစစ်တပ်၏ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ဧရိယာများပေါ်တွင် အစ္စရေးစစ်တပ်၏ “ကျယ်ပြန့်သော ကျူးကျော်တိုက်ခိုက်မှု” အဖြစ် ရှုတ်ချခဲ့ပြီး ၎င်းသည် “မကြေညာဘဲ တိုက်ခိုက်သည့်စစ်ပွဲ” ဟု ရည်ညွှန်းခဲ့သည်။ သီးခြားထုတ်ပြန်ချက်တစ်ခုတွင်၊ အဖွဲ့၏ စစ်ရေးအဖွဲ့ခွဲ အယ်ကွတ် တပ်မဟာ (Al-Quds Brigades) က ဂျင်နင်းအနီးရှိ အစ္စရေးမောင်းသူမဲ့လေယာဉ်ကို သူတို့က ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏တိုက်ခိုက်ရေးသမားများသည် အစ္စရေးတပ်ဖွဲ့များအား တိုက်ရိုက်ကျည်ဆန်များဖြင့် ပစ်မှတ်ထားနေကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။ CNN သည် Al-Quds Brigade ၏ ပြောကြားမှုကို အတည်မပြုနိုင်ပါ။

တစ်ချိန်တည်းတွင်၊ ဟားမတ်စ်သည် “သိမ်းပိုက်ထားသော သိမ်းပိုက်ခံမြေပေါ်ရှိ နေရာတိုင်းတွင် ၎င်းတို့၏ အစ္စရေးအခြေချနေထိုင်သူများကို ဆန့်ကျင်ရန် အထွေထွေ စည်းရုံးလှုံ့ဆော်မှုတစ်ခု ပြုလုပ်ရန်” တောင်းဆိုခဲ့သည်။ အစ္စရေး၏ စစ်ဆင်ရေးသည် ကျယ်ပြောလှပြီး မောင်းသူမဲ့လေယာဉ်များနှင့် စစ်လေယာဉ်များမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်အတူ ကြီးမားသော စစ်အင်အားကို အသုံးပြု၍ အခြေခံအဆောက်အအုံများကို တမင်ဖျက်ဆီးခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်ကို စွပ်စွဲခဲ့သည်။ အစ္စရေးသည် ၁၉၆၇ ခုနှစ်တွင် ဂျော်ဒန်ထံမှ နယ်မြေကို သိမ်းပိုက်ပြီးကတည်းက အနောက်ဘက်ကမ်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ဆက်တိုက်ချုပ်ဆိုခဲ့သော်လည်း နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု ယူဆထားသည့် အနောက်ဘက်ကမ်းတွင် ဂျူးအခြေချ နေထိုင်မှုများ တိုးချဲ့လာခဲ့သည်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့ရာတွင် ကလေး ၁၅၀ အပါအဝင် ပါလက်စတိုင်း ၆၅၂ ဦးတို့အနောက်ဖက်ကမ်းတွင် သေဆုံးခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။ အရှေ့ဂျေရုဆလင်ကို အစ္စရေးတို့ အောက်တိုဘာ ၇ ရက်ကတည်းက သိမ်းပိုက်ခဲ့ပြီး အခြား ၅,၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုများအပြင် လက်နက်ကိုင် ဂျူးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းမြို့များကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၁၅ရက်နေ့တွင် အခြေချနေထိုင်သူများသည် ဂျစ် (Jit) ရွာကို တိုက်ခိုက်ခဲ့ပြီး နယ်မြေဒေသခံတစ်ဦးမှ CNN သို့ ပြောကြားရာတွင် အခြေချနေထိုင်သူဂျူး အယောက် (၃၀) ခန့်သည် အနက်ရောင်ဝတ်ဆင်ထားသော လက်နက်ကိုင်ဆောင်ကာ ၎င်း၏အိမ်သို့ ခြံစည်းရိုးပေါ်မှ ခုန်ဆင်းကာ ပြတင်းပေါက်များကို ဖောက်ဖျက်ကာ မိုလိုတော့ဗ် ဓါတ်ဆီဗုံး (Molotov) ကို အိမ်အတွင်းသို့ ပစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်။

ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ သိမ်းပိုက်ခြင်းသည် တရားမဝင်ဖြစ်ပြီး ၎င်းတို့၏ တရားမဝင် ရောက်ရှိနေခြင်းကို တတ်နိုင်သမျှ အဖြစ်နိုင်ဆုံးနှင့် အမြန်အဆုံး သတ်သင့်သည်ဟု ကုလသမဂ္ဂ၏ ထိပ်တန်း နိုင်ငံတကာတရားရုံး (ICJ) က ဇူလိုင်လတွင် သဘောထားအကြံပြုချက်ကို ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက