နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန်ဆီက နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ အကူအညီရတာ မဟုတ်ဘူးလို့ NUG ငြင်းဆို

စက်တင်ဘာလ (၂၈)ရက်။

အမေရိကန်ဆီက နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ အကူအညီရရှိတယ်ဆိုပြီး စစ်‌ကောင်စီဘက်က ပြောဆိုနေတာဟာ မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဒု၀န်ကြီး ဦးမိုးဇော်ဦးက မနေ့က ထုတ်ပြန်ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“အခုတလော NUG က အမေရိကန်အစိုးရဆီကနေ တစ်နှစ်ကို ဒေါ်လာ ဘယ်နှစ်သန်းရတယ်၊ အကူအညီတွေရတယ်ဆိုပြီး ပြောနေရတာက လုံး၀မဟုတ်ပါဘူး။ ဒါတွေက ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်အနေနဲ့ NUG အပေါ် အထင်အမြင်လွဲ‌မှားအောင် တမင်ဝါဒဖြန့်တာ”လို့ သူက ဆိုပါတယ်။

အမေရိကန်အနေနဲ့ NUG ကို နှစ်စဉ် ကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ပေးနေပြီး တရုတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ပစ်မှတ်ထား လုပ်ဆောင်နေတာလို့ စစ်ကောင်စီက ဝါဒဖြန့်ချိနေတာပါ။

“NUG က အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကနေ အကူအညီယူပြီး တရုတ်ဆန့်ကျင်ရေးတွေ ပြုလုပ်နေတယ်၊ အဲ့ဒီအကူအညီနဲ့ တရုတ်အကျိုးစီးပွားကို ဆန့်ကျင်နေတယ်ပေါ့။ နောက်တခါ NUG ကလဲ အနောက်နိုင်ငံတွေကို တိမ်းညွှတ်နေတယ်၊ ခိုင်းတာလုပ်နေတယ်ဆိုတဲ့ သဘောတွေ ဒါတွေကို ဝါဒဖြန့်ချင်တာကြောင့် ဖြန့်ဝေနေတာ”လို့ ဦးမိုးဇော်ဦးက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်ဆန့်ကျင်ရေးကို နိုင်ငံထဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီးတော့မှ NUG က လုပ်ဆောင်နေသလိုမျိုး ဝါဒဖြန့်ချိနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

အခုလို NUG အပါအ၀င် MNDAA တို့ဟာ အမေရိကန်အစိုးရဆီကနေ နှစ်စဉ် ကန်ဒေါ်လာ သန်း (၂၀၀)ရယူတယ်လို့ စစ်လော်ဘီတွေကနေတဆင့် ပြောဆိုလာတဲ့အပေါ် MNDAA ဘက်ကလဲ အခုရက်ပိုင်းထဲ ငြင်းဆိုထားပါတယ်။

MNDAA အနေနဲ့ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းတာမရှိဘဲ တရုတ်နိုင်ငံရဲ့ မြန်မာအရေး ကြား၀င်စေ့စပ်ဖြေရှင်းရာမှာ ပူးပေါင်းပါ၀င်သွားမယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို