နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မြန်မာနိုင်ငံမှထွက်ခွာ

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား သံတမန်အဆင့် လျှော့ချလိုက်သည်။

စက်တင်ဘာလ (၂၈) ရက်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချိရို မာရုယာမာ (Ichiro Maruyama) သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။ နောက်ဆက်ခံမည့် သံအမတ်ခန့်အပ်ခြင်းအစား သံမှူး ရှိုဂို ယိုရှီတာကေ (Shogo Yoshitake) က ယာယီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်ချလိုက်ကြောင်း သံတမန်သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုသည် မလွဲမသွေ ကျဆင်းလာမည်ဟု အခိုင်အမာ ရှုမြင်ထားပြီး ရန်ကုန်ရှိ နှစ်နိုင်ငံလုံးမှ သတင်းရင်းမြစ်များက ”ဤအချက် ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြန်မာနိုင်ငံတွင် တက်ကြွစွာ ပါဝင်လာခဲ့သည့် ဂျပန်နိုင်ငံ၏ သံခင်းတမန်ခင်းတွင် သမိုင်းဝင် အချိုးအကွေ့တစ်ခု ဖြစ်သည်” ဟု ထောက်ပြခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်အစိုးရကို ဝေဖန်ပြီး အရပ်သားအုပ်ချုပ်မှုသို့ ပြန်လည်ရောက်ရှိရန် တောင်းဆိုနေချိန်တွင် ဂျပန်နိုင်ငံသည် လက်ရှိတရားဝင်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ (ODA) ဆက်လက်လုပ်ဆောင်ခြင်းအပါအဝင် ဆက်ဆံရေးအဆင့်အချို့ကို ထိန်းသိမ်းထားသည်။ သို့သော် နောက်ဆက်ခံသော သံတမန်တစ်ဦးအား စေလွှတ်မည်ဆိုပါက တပ်မတော်အစိုးရထံ အထောက်အထားများ တင်ပြရမည်ဖြစ်ပြီး ၎င်းအား တပ်မတော်အစိုးရကို ထောက်ခံနေသည်ဟု ရှုမြင်မည်ကို စိုးရိမ်သဖြင့် သံအမတ်အသစ် ခန့်အပ်ပေးပို့ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

ယခင်သံအမတ်ကြီး မာရုယာမာသည် မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်သည်။ ဂျပန်နိုင်မီယာဂီစီရင်စုရှိ ဆင်ဒိုင်ဒုတိယအထက်တန်းကျောင်းကို တက်ရောက်ပြီးနောက် ၁၉၇၈ ခုနှစ်တွင် ချူအိုးတက္ကသိုလ်မှ စီးပွားရေးဌာနမှ ဘွဲ့ရခဲ့ပြီး ကျွမ်းကျင်ဝန်ထမ်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့သည်။ မြန်မာကျွမ်းကျင်သူအဖြစ်တာဝန်ယူခဲ့ပြီး ထိုအချိန်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် မြန်မာဘာသာစကားသင်တန်းကို နှစ်နှစ် တက်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ နှင့် ၂၀၀၂ ခုနှစ်တို့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို