နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်ရွေးကောက်ပွဲ အာဏာရ LDP ပါတီ မျှော်မှန်းထားသလို မဲမရသော်လည်း ဂျပန်ဝန်ကြီးချုပ် ရာထူး ဆက်လက်ကိုင်ဆွဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ထား

အောက်တိုဘာလ (၂၈) ရက်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၅၀ မြောက် အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲတွေကို ရေတွက်ခဲ့ပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် “ နိုင်ငံရေးနှင့် ငွေကြေး ပြဿနာ´ တွေကြောင့် ပြိုကွဲခဲ့ရပြီး ကိုမေတို အပါအဝင် လက်ရှိအာဏာရပါတီတွင် စုစုပေါင်း လွှတ်တော်အမတ် ၄၆၅ နေရာမှာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၂၃၃ နေရာ မရရှိဘဲ ဖြစ်ခဲ့ရပါတယ်။ စုစုပေါင်း ၁၉၁ (အရင် ၂၄၇ နေရာ) နေရာသာရရှိခဲ့ပြီး LDP ညွန့်ပေါင်းအစိုးရမဟာမိတ် ကိုးမဲတိုးကတော့ ၂၄ (အရင် ၃၂ နေရာ) နေရာသာရရှိခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရ (LDP + ကိုမဲတိုး) အနေနဲ့ စုစုပေါင်း ၂၁၅ နေရာသာ ရရှိခဲ့တဲ့အတွက် အစိုးရဖွဲ့ဖို့ ၁၈ နေရာ လိုအပ်နေပါသေးတယ်။

အတိုက်အခံပါတီဖြစ်တဲ့ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ စုစုပေါင်း ၁၄၈ နေရာ (အရင် ၉၈ နေရာ) ရရှိခဲ့တဲ့အတွက် အရေအတွက် တိုးလာခဲ့ပါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ၂၃၃ နေရာကို မရှိရှိခဲ့ပါဘူး။ နောက်ထပ်အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ နစ်ပွန်းအိရှင်းနိုကိုက် (Nippon Ishin no Kai စုစုပေါင်း ၃၈ နေရာ နှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီက ၂၈ နေရာ ရရှိထားပါတယ်။

နောက်ထပ်အတိုက်အခံပါတီငယ်တွေဖြစ်ကြတဲ့ ဂျပန်ကွန်မြူနစ်ပါတီက ၈ နေရာ၊ ဆိုရှယ်လစ်ပါတဲ့က ၁ နေရာ၊ ရေဝါပါတီ ၉ နေရာ၊ ကွန်ဆားဗေးတစ်ပါတီ ၂ နေရာ၊ တသီးပုဂ္ဂလ ၁၂ နေရာ အသီးသီးရရှိထားပြီး အတိုက်အခံဘက်က စုစုပေါင်း ၂၃၅ နေရာရရှိထားပါတယ်။

၂၇ ရက်ညတွင် အာဏာရပါတီတွင် အများစုရရှိဖို့ ရည်မှန်းထားတဲ့ ဝန်ကြီးချုပ် အီရှီဘာ (လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ) က NHK အစီအစဉ်မှာ “ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အရမ်းကြမ်းတမ်းတဲ့ စီရင်ချက်ချခံရတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးနက်စွာနဲ့ လက်ခံပါတယ်။” ဒါ့အပြင် အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဗဟိုပြုတဲ့ အစိုးရတစ်ရပ်ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်မှန်းထားတယ်လို့ အီရှီဘာက အလေးပေးပြောကြားခဲ့ပါတယ်။

၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ဝန်ကြီးချုပ်က ရာထူးက နှုတ်ထွက်မှာ မဟုတ်ကြောင်းနဲ့ သူ့အစိုးရကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တခြားအတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်တဲ့ ပါတီဝင်ဟောင်း ၄၄ ဦးအနက် ၁၀ ဦးကို အသိအမှတ်မပြုဘဲ အချိုးကျ ရွေးကောက်ပွဲမှာ ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ကိုမဲတိုးပါတီတို့ဟာ စီးပွားရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးမူဝါဒတွေမှာ အောင်မြင်မှုတွေကို အလေးပေးစဉ်းစားပြီး LDP ရဲ့ အုပ်ချုပ်ရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။

၂၇ ရက်နေ့ညမှာ ကိုမဲတိုးပါတီ အထွေထွေအတွင်းရေးမှူးချုပ် နီရှီဒါက အာဆာဟီတီဗီ အစီအစဉ်မှာ “ နိုင်ငံရေးနှင့် ငွေကြေး´ အပါအဝင် အာဏာရပါတီအပေါ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြမ်းတမ်းစွာ တုံ့ပြန်တာဟာ ရှင်းရှင်းလင်းလင်း ထင်ရှားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အာဏာရပါတီကို အနိုင်ရဖို့ကြိုးစားနေတဲ့ အကြီးမားဆိုးအတိုက်အခံပါတီ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ပါတီရန်ပုံငွေ ပြဿနာကို အလေးအနက် ဝေဖန်ခဲ့ပါတယ်။

အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နိုဒါ က ၂၈ ရက်နေ့ အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ “ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ အတွင်း ကျင်းပမယ့် ဒိုင်ယက်အထူးအစည်းအဝေးမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီဟာ အခြားအတိုက်အခံပါတီတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

နိုင်ငံခြားသားရန်သူများအက်ဥပဒေအရ ပြည်နှင်ဒဏ်ပေးခြင်းကို အမေရိကန် တရားရုံးချုပ်က ဆိုင်းငံ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ အင်္ဂါနေ့အစောပိုင်းတွင် နိုင်ငံခြားသားရန်သူများအက်ဥပဒေ (Alien Enemy Act) အရ လိုက်နာရမည့် ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ယာယီပိတ်ပင်ချက်ကို အမေရိကန်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ထရန့်အစိုးရက ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရန် တွန်းအားပေးနေသည်ဟု တက္ကဆက်ရှိ
နိုင်ငံတကာသတင်း အမေရိကန်

“ ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်သို့ ထရန့်၏တောင်းဆိုချက်တစ်ခုကို ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဝေဖန်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 16 Views
+++++++++++++++++++++++ သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့ ဒီကျောင်းဝင်းထဲက သင်တန်းတိုင်းကို စစ်ဆေးမယ့် ဗဟိုအစိုးရကြီးကြပ်မှူးတယောက်ကို ကျောင်းက ခန့်အပ်ထားဖို့ ဒါမှမဟုတ် ထရန့်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 15 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 14 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က