နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်ရွေးကောက်ပွဲ အာဏာရ LDP ပါတီ မျှော်မှန်းထားသလို မဲမရသော်လည်း ဂျပန်ဝန်ကြီးချုပ် ရာထူး ဆက်လက်ကိုင်ဆွဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ထား

အောက်တိုဘာလ (၂၈) ရက်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၅၀ မြောက် အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲတွေကို ရေတွက်ခဲ့ပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် “နိုင်ငံရေးနှင့် ငွေကြေး ပြဿနာ´ တွေကြောင့် ပြိုကွဲခဲ့ရပြီး ကိုမေတို အပါအဝင် လက်ရှိအာဏာရပါတီတွင် စုစုပေါင်း လွှတ်တော်အမတ် ၄၆၅ နေရာမှာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၂၃၃ နေရာ မရရှိဘဲ ဖြစ်ခဲ့ရပါတယ်။ စုစုပေါင်း ၁၉၁ (အရင် ၂၄၇ နေရာ) နေရာသာရရှိခဲ့ပြီး LDP ညွန့်ပေါင်းအစိုးရမဟာမိတ် ကိုးမဲတိုးကတော့ ၂၄ (အရင် ၃၂ နေရာ) နေရာသာရရှိခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရ (LDP + ကိုမဲတိုး) အနေနဲ့ စုစုပေါင်း ၂၁၅ နေရာသာ ရရှိခဲ့တဲ့အတွက် အစိုးရဖွဲ့ဖို့ ၁၈ နေရာ လိုအပ်နေပါသေးတယ်။

အတိုက်အခံပါတီဖြစ်တဲ့ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ စုစုပေါင်း ၁၄၈ နေရာ (အရင် ၉၈ နေရာ) ရရှိခဲ့တဲ့အတွက် အရေအတွက် တိုးလာခဲ့ပါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ၂၃၃ နေရာကို မရှိရှိခဲ့ပါဘူး။ နောက်ထပ်အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ နစ်ပွန်းအိရှင်းနိုကိုက် (Nippon Ishin no Kai စုစုပေါင်း ၃၈ နေရာ နှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီက ၂၈ နေရာ ရရှိထားပါတယ်။

နောက်ထပ်အတိုက်အခံပါတီငယ်တွေဖြစ်ကြတဲ့ ဂျပန်ကွန်မြူနစ်ပါတီက ၈ နေရာ၊ ဆိုရှယ်လစ်ပါတဲ့က ၁ နေရာ၊ ရေဝါပါတီ ၉ နေရာ၊ ကွန်ဆားဗေးတစ်ပါတီ ၂ နေရာ၊ တသီးပုဂ္ဂလ ၁၂ နေရာ အသီးသီးရရှိထားပြီး အတိုက်အခံဘက်က စုစုပေါင်း ၂၃၅ နေရာရရှိထားပါတယ်။

၂၇ ရက်ညတွင် အာဏာရပါတီတွင် အများစုရရှိဖို့ ရည်မှန်းထားတဲ့ ဝန်ကြီးချုပ် အီရှီဘာ (လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ) က NHK အစီအစဉ်မှာ “ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အရမ်းကြမ်းတမ်းတဲ့ စီရင်ချက်ချခံရတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးနက်စွာနဲ့ လက်ခံပါတယ်။” ဒါ့အပြင် အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဗဟိုပြုတဲ့ အစိုးရတစ်ရပ်ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်မှန်းထားတယ်လို့ အီရှီဘာက အလေးပေးပြောကြားခဲ့ပါတယ်။

၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ဝန်ကြီးချုပ်က ရာထူးက နှုတ်ထွက်မှာ မဟုတ်ကြောင်းနဲ့ သူ့အစိုးရကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တခြားအတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်တဲ့ ပါတီဝင်ဟောင်း ၄၄ ဦးအနက် ၁၀ ဦးကို အသိအမှတ်မပြုဘဲ အချိုးကျ ရွေးကောက်ပွဲမှာ ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ကိုမဲတိုးပါတီတို့ဟာ စီးပွားရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးမူဝါဒတွေမှာ အောင်မြင်မှုတွေကို အလေးပေးစဉ်းစားပြီး LDP ရဲ့ အုပ်ချုပ်ရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။

၂၇ ရက်နေ့ညမှာ ကိုမဲတိုးပါတီ အထွေထွေအတွင်းရေးမှူးချုပ် နီရှီဒါက အာဆာဟီတီဗီ အစီအစဉ်မှာ “နိုင်ငံရေးနှင့် ငွေကြေး´ အပါအဝင် အာဏာရပါတီအပေါ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြမ်းတမ်းစွာ တုံ့ပြန်တာဟာ ရှင်းရှင်းလင်းလင်း ထင်ရှားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အာဏာရပါတီကို အနိုင်ရဖို့ကြိုးစားနေတဲ့ အကြီးမားဆိုးအတိုက်အခံပါတီ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ပါတီရန်ပုံငွေ ပြဿနာကို အလေးအနက် ဝေဖန်ခဲ့ပါတယ်။

အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နိုဒါ က ၂၈ ရက်နေ့ အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ အတွင်း ကျင်းပမယ့် ဒိုင်ယက်အထူးအစည်းအဝေးမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီဟာ အခြားအတိုက်အခံပါတီတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက