နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

အမေရိကန်

အမေရိကန်

ထရန့် သမ္မတရာထူးမထမ်းဆောင်မီ မြန်မာအပါအဝင် နိုင်ငံတကာကျောင်းသားများကို နိုင်ငံတွင်းသို့ အမြန်ဝင်ရောက်ရန် အမေရိကန်တက္ကသိုလ်များ သတိပေး

ဒီဇင်ဘာလ (၂၇) ရက်။

လာမည့်နှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးတာဝန်မထမ်းဆောင်မီ နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများအကြား စိုးရိမ်မှုများ ပျံ့နှံ့လျက်ရှိသည်။ နောက်ထပ် ပြည်ဝင်ခွင့်ပိတ်ပင်မှုကို မျှော်မှန်းထားသည့်အတွက် အချို့သော တက္ကသိုလ်များက ဆောင်းရာသီ အားလပ်ချိန်ကို စောစီးစွာ အဆုံးသတ်ပြီး အမေရိကန်သို့ ပြန်လာကြရန် အမေရိကန်ပြင်ပသို့ ခရီးထွက်နေကြသော နိုင်ငံတကာကျောင်းသားများကို တိုက်တွန်းထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတကာကျောင်းသား ၁ ဒဿမ ၁ သန်းကျော်သည် အမေရိကန် ကောလိပ်များနှင့် တက္ကသိုလ်များတွင် တက်ရောက်မည်ဖြစ်သည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည့် ထရန့်သည် အစ္စလမ်မစ်နိုင်ငံများမှ လူများကို ယခင်ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုနှင့် “ အမေရိကန်ဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေး နိုင်ငံခြားသားများအတွက် ကျောင်းသားဗီဇာများ ရုပ်သိမ်းခြင်း အပါအဝင် ပိုမိုပြင်းထန်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ကတိပြုထားသည်။

ယခုနှစ် နယူးယောက်တက္ကသိုလ်မှ ဘွဲ့ရခဲ့သော အိန္ဒိယနိုင်ငံမှ ကျောင်းသား အသက် (၂၃) နှစ်အရွယ် အပရာမတ် ပရာတက် မီစာရာ (Pramat Pratap Misra) က ” နိုင်ငံတကာ ကျောင်းသားများအတွက် ကြောက်စရာအချိန်” ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်က ၎င်းတက်ရောက်ခဲ့သည့်တက္ကသိုလ်သည် နိုင်ငံတကာ ကျောင်းသား ၂၇၀၀၀ ကျော်ကို လက်ခံခဲ့ပြီး အမေရိကန်တွင် အများဆုံးဖြစ်သည်။

နယူးယောက်မှ ကယ်လီဖိုးနီးယားရှိ ကျောင်းဝင်းများတွင် ကျောင်းသားများသည် ၎င်းတို့၏ဘဝများ အနှောင့်အယှက်ဖြစ်နိုင်ချေရှိပြီး ဘွဲ့မရဘဲ ဖြစ်သွားနိုင်ခြေလည်း ရှိသည်။

ကော်နယ်လ်တက္ကသိုလ်သည် ဇန်နဝါရီ ၂၁ ရက် စာသင်နှစ်မစတင်မီ ဆောင်းရာသီအားလပ်ချိန်အတွက် အမေရိကန်နိုင်ငံပြင်ပသို့ ခရီးသွားနေကြသော နိုင်ငံတကာကျောင်းသားများအား စာသင်ချိန်သစ်မစတင်မီ ပြန်လာရန် သို့မဟုတ် “ သင်၏ခရီးသွားအစီအစဉ်များအကြောင်း သင့်အကြံပေးနှင့် ဆွေးနွေးတိုင်ပင်ကာ နှောင့်နှေးမှုများကို ကြိုတင်ပြင်ဆင်ရန်” တိုက်တွန်းထားသည်။

ကာဂျစ္စတန်၊ နိုင်ဂျီးရီးယား၊ မြန်မာ၊ ဆူဒန်၊ တန်ဇန်းနီးယား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ မြောက်ကိုးရီးယား၊ ဆီးရီးယားတို့အပြင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တားမြစ်ချက်များကို နိုဝင်ဘာလနှောင်းပိုင်းတွင် အကောင်အထည် ဖော်မည်ဟု တက္ကသိုလ်က ကျောင်းသားများအား သတိပေးခဲ့သည်။ ထပ်မံ၍ ဗင်နီဇွဲလား၊ ယီမင်၊ ဆိုမာလီယာ၊ တရုတ်နှင့် အိန္ဒိယတို့ ပါဝင်လာနိုင်ခြေ ရှိသည်။

ပြီးခဲ့သောနှစ်တွင် နိုင်ငံတကာကျောင်းသား ၁၇၀၀၀ ကျော်ကို စာရင်းသွင်းခဲ့သော တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်က ဒေါ်နယ်ထရန့် သမ္မတ ရာထူးတက်လာသောအခါတွင် “ ခရီးသွားခြင်းနှင့် ဗီဇာလုပ်ထုံးလုပ်နည်းများကို ထိခိုက်စေသော သမ္မတအမိန့်” ကို ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာကျောင်းသားများထံသို့ အီးမေးလ်ပို့ပြီး ပြောကြားခဲ့သည်။ ဒေါ်နယ်ထရန့် သမ္မတ ရာထူးမတက်ခင် အနည်းဆုံး တစ်ပတ် ကြိုတင်၍ အမေရိကန်သို့ ပြန်လာရန် တိုက်တွန်းထားသည်။

“ ထိုကဲ့သို့သော သမ္မတအမိန့်ကို ထုတ်ပြန်မည်မှာ မသေချာသေးပေ။ သို့သော်လည်း ပြဿနာကို ရှောင်ရှားရန်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်မည့် ပညာသင်နှစ်သစ် မစတင်မီ အမေရိကန်ပြည်ထောင်စုတွင် သင့်ကိုယ်သင် နေရာချထားခြင်းသည် အလုံခြုံဆုံးဖြစ်သည်” ဟု တက္ကသိုလ်က ပြောကြားခဲ့သည်။

ထို့အပြင်၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ပြည်နှင်ဒဏ်ပေးမည်ဟု ထရန့်၏ ကတိက၀တ်များက ကျောင်းသားများအတွက် ဆောင်းရာသီ အားလပ်ရက် ခရီးအစီအစဉ်နှင့် မသက်ဆိုင်ဘဲ ကျောင်းသွားမျာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

တဖက်တွင်လည်း အမေရိကန်တက္ကသိုလ်များမှဘွဲ့ရသောနိုင်ငံခြားသားများအား “ အလိုအလျောက်” အမြဲတမ်းနေထိုင်ခွင့် ပေးမည်ဟုလည်း ထရန့်က ကတိပြုထားသည်။ ယင်းအစီအစဉ် အကောင်အထည် ဖော်လာပါက သန်းနှင့်ချီသည့် နိုင်ငံတကာ ကျောင်းသားများသည် တရားဝင် အမြဲတမ်းနေထိုင်ခွင့်ကို ရရှိနိုင်ပါသည်။

သို့သော်လည်း ဇွန်လတွင် ထရန့်က ဤကတိကဝတ်ကို ကြေညာပြီးနောက် မကြာမီတွင် ယင်းအစီအစဉ်တွင် “ အကျွမ်းကျင်ဆုံးဘွဲ့ရများ” ဖြင့်သာ ကန့်သတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ကွန်မြူနစ်များ၊ အစ္စလာမ္မစ်အစွန်းရောက်များ၊ ဟားမတ်စ်ထောက်ခံသူများ၊ “ အမေရိကန်ကို မုန်းတီးပြီး အများသူငှာ အခွန်ဆောင်သူများ၏ အကူအညီလိုအပ်သူများ” ကို ဖယ်ထုတ်ပစ်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထရန့်သည် ဇွန်လကတည်းက အဆိုပါ ကတိကဝတ်ကို လူသိရှင်ကြား မဖော်ပြသေးဘဲ ထရန့်အစိုးရသစ်က မည်သို့တုံ့ပြန်မည်ကို မသိရသေးပေ။

မှတ်ချက်။ သတင်းရင်းမြစ်မှာ CNN ဂျပန်ဖြစ်ပြီး ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။

ဓာတ်ပုံ။

ပြီးခဲ့သည့်နှစ်က နိုင်ငံတကာကျောင်းသား အများဆုံးလက်ခံခဲ့သည့် နယူးယောက်တက္ကသိုလ်/Spencer Platt/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 107 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 90 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ (Pastor Ezra Jin Mingri) တို့အား ထောင်မှလွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ တရုတ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 83 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of