နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုမယ်လို့ ထရန့်ပြော

ဒီဇင်ဘာလ (၂၇) ရက်။

“ရူးသွပ်တဲ့လိင်‌ပြောင်းမှု” ကို သမ္မတတယောက်အနေနှင့် အဆုံးသတ်မည်ဟု ထရန့်က ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ (Phoenix) တွင် ထရန့်က “ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုရန် မူဝါဒများကို ချမှတ်ဖန်တီးပြီး ခွဲစိတ်မှုဖြင့် အတည်ပြုထားသည့် ကျားမခွဲခြားမှုကို ရည်ညွှန်းကာ ဒေါ်နယ်ထရန့်က ကလေးများကို ခွဲစိတ်ဖြတ်တောက်ခြင်းအား သူ၏ဘောပင်ဖြင့် လက်မှတ်ထိုးပေးလိုက်ခြင်းဖြင့် အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။

ထရန့်က “သမ္မတဖြစ်တဲ့ ပထမနေ့မှာဘဲ ရူးသွပ်တဲ့လိင်‌ပြောင်းမှုတွေကို ကျွန်တော်လက်မှတ်ထိုးပြီး ရပ်တန့်တော့မှာ ဖြစ်တယ်။ နောက်ပြီးတော့ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်ခံရမှုကို ရပ်ပစ်မယ်၊ လိင်ပြောင်းထားသူတွေကို စစ်တပ်ကနေ ဖယ်ရှားပစ်မယ်။ ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေမှာ လိင်ပြောင်းတာကို လက်ခံမှုကိုအဆုံးသတ်ရန် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးမယ်။ လိင်ပြောင်းအမျိုးသားတွေက အမျိုးသမီး အားကစားတွေမှာ ပါဝင်ယှဥ်ပြိုင်တာကို ပိတ်ပင်မယ်။ ဒါတွေကို ပထမနေ့မှာ လုပ်ရမလား၊ ဒုတိယနေ့မှာ လုပ်ရမလား၊ တတိယနေ့မှာ လုပ်မလား ပထမနေ့ပဲလုပ်တာကောင်းပါတယ်။ ဟုတ်တယ် မဟုတ်လား” ဟုပရိတ်ဿတ်အား ပြောကြားခဲ့သည်။

ယခုအချိန်တွင်သာ ထရန့်သည် လိင်ပြောင်းခွင့် အခွင့်အရေးကို ဆန့်ကျင်ရှုံ့ချခဲ့ခြင်း မဟုတ်ပါ။ သမ္မတရွေးပွဲ မဲဆွယ်ပွဲကာလအတွင်း တီဗီကြော်ငြာများတွင် လိင်ပြောင်းခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး လိင်ပြောင်းထားသူ၏အခွင့်အရေးကို ထောက်ခံသည့် ဒုသမ္မတ ကာမလာဟဲရစ်ကို သမ္မတရွေးကောက်ပွဲအတွင်း ဝေဖန်တိုက်ခိုက်ခဲ့သည်။

ဒေါ်နယ်ထရန့် သည် ကျောင်းများတွင် လိင်ပြောင်းကျောင်းသားများအပေါ် ကန့်သတ်ချက်များ ချမှတ်ရန် ကတိပြုခဲ့ပြီး ၎င်း၏ မူဝါဒများသည် ကျောင်းသားများ သုံးစွဲရာ သန့်စင်ခန်းများ၊ ရေချိုးခန်းများနှင့် ပစ္စည်းသိုလှောင်ရာလော့ကာများကို မည့်သည့်လိင်သာ အသုံးပြုခြင်းကို သတ်မှတ်စေမည့်အပြင် ထရန့်သည် လိင်ပြောင်းလဲခြင်းကို ဝန်ဆောင်မှုပေးသည့် ဆရာဝန် သို့မဟုတ် ဆေးရုံတိုင်းကို ပိတ်ပင်သွားမည်ဖြစ်သည်။ အားကစားနှင့်ပတ်သက်လာလျှင် ဒေါ်နယ်ထရန့် သည် အမျိုးသမီး အားကစားတွင် လိင်ပြောင်းလာသည့် အမျိုးသားများကို ခွင့်မပြုသော ဆန့်ကျင်ရေးမူကို ကျင့်သုံးခဲ့သည်။ ထရန့်က “လိင်ပြောင်းထားတဲ့ ယောက်ျားတွေကို မိန်းမအားကစားမှာ ဝင်မပြိုင်စေဖို့ ကျွန်တော် ကတိပေးတယ်” ဟု ဆိုပါသည်။

သတင်းဌာနမှ မှတ်ချက်ပြောကြားသူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်တပ်မှူးသည် အမေရိကန်စစ်တပ်၏ လိင်ပြောင်းထားသည့်အဖွဲ့ဝင်များကို ဆေးဘက်ဆိုင်ရာအရ အရည်အချင်းမပြည့်မီဟု ယူဆကာ ရာထူးမှ ထုတ်ပယ်ရန်လည်း စီစဉ်ထားသည်။ ၎င်း၏ အစီအစဉ်များသည် အနာဂတ်တွင် စစ်တပ်တွင် လိင်ပြောင်းထားသူများကို လူသစ်စုဆောင်းခြင်းမှ တားမြစ်နိုင်ဖွယ်ရှိပြီး ယခုအခါတွင် ဒေါ်နယ်ထရန့်က ၎င်းလိင်ပြောင်းမှုကို ဆန့်ကျင်ဘက်စကားများနှင့် ဒေါသသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် LGBT အသိုက်အဝန်းကြားတွင် စိတ်ခံစားချက်များ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကာမီလာ ရိုးဒါ (Camila Roeda) (အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ) က ကျမအနေနဲ့ ဒီနေ့အင်တာဗျူးအတွက် ဆေးကုသမှုပေးတဲ့ဝန်ဆောင်မှုကိုသာ မရခဲ့ရင် လာတောင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ ကုသမှုရခဲ့တာကြောင့်သာ လာရောက်နိုင်ခဲ့တာပါ။ တကယ်လို့ ဒီနေ့လို ကုသမှုမျိုးကို ကျမ မရခဲ့ရင် တကယ့်ကို စိတ်ဓာတ်ကျပြီး ပုံမှန်ဘဝအနေနဲ့ နေနိုင်မယ်လို့ မထင်ဘူး။ ကျမတို့အားလုံးလိုချင်တဲ့အရာက ပုံမှန်သာမန်လူတယောက်ဘဝ၊ ကျမတို့ရဲ့ ကျားမ ခွဲခြားမှုကို သက်သေပြနိုင်မယ့် ဂရုစိုက်မှု ရရှိဖို့ဆိုတာ ကျမတို့ကို ဘယ်သူတွေလဲဆိုတာ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်မြတ်နိုးပြီး ဂရုတစိုက်ရှိတဲ့ ဘဝနဲ့ ရှင်သန်နေထိုင်ရဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ဒေါက်တာ ကာလာစမစ် (Carla Smith) (လိင်တူချစ်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ)။ မေးစရာ ကတော့ ဆုံးဖြတ်ချက်ချဖို့ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကတော့ သူတို့တဦး ချင်းစီက သူတို့ရဲ့ ဆရာဝန် ဒါမှမဟုတ် သူတို့ကို အထောက်အပံ့ပေးတာကို ရယူဖို့ ဘယ်သူဆီကပဲ ဖြစ်ဖြစ် သူတို့ဖာသာ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဖက်ဒရယ်အစိုးရက ဒီဆုံးဖြတ်ချက်ကို ချမှတ်တာဟာ ကောင်းမွန်တဲ့အကြံဖြစ်တယ်လို့ မထင်ဘူး၊ ပြည်နယ်တွေကြား ကွဲပြားမှုတွေ ရှိသင့်တယ်လို့ မထင်ထားဘူး၊ လူတစ်ဦးချင်းစီမှာ ကျနော်တို့အားလုံးလို နေထိုင်နိုင်ဖို့ သူတို့လိုအပ်နေတဲ့ ရင်းမြစ်တွေကို ဂရုစိုက်တဲ့ ပံ့ပိုးကူညီမှုတွေ ရယူနိုင်စွမ်း ရှိသင့်တယ်လို့ ထင်ပါတယ်။

မှတ်ချက်ပေးသူ။ ယခု ဝါရှင်တန်ပို့စ် စစ်တမ်းအရ အမေရိကန်တွင် နေထိုင်သူ ၂ သန်း နီးပါးတွင် အရွယ်ရောက်ပြီးသူအားလုံး၏ ၁% အောက်သာ လိင်ပြောင်းထားသူအဖြစ် ရှိနေကြပြီး ယခုအခါ ၎င်းတို့၏ အနာဂတ်သည် မသေချာမရေရာသောဘဝနှင့်အတူ ပုံမှန်ဘဝအဖြစ် နေထိုင်နိုင်ရန် မျှော်လင့်ချက်များနှင့် အိပ်မက်များကို ချေမှုန်းနိုင်သည့် ဒေါ်နယ်တရန့်အမိန့်ပေါ်တွင် မူတည်နေပါသည်‌။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက