နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

ဒီဇင်ဘာလ (၂၈) ရက်။

အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ထိန်းသိမ်းထားကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

တီဟီရန်တွင် သတင်းပို့နေစဉ် ဆာလာအား တီဟီရန်ရဲတပ်ဖွဲ့က ယခုလ ၁၉ ရက်နေ့တွင် တားဆီး ထိန်းသိမ်းးခဲ့သည်ဟု သိရသည်။ အီတလီနိုင်ငံခြားရေးဌာနသည် ဆာလာကို ထိန်းသိမ်းရသည့် ဥပဒေ အကြောင်းရင်းအား ရှင်းလင်းရန်နှင့် သူမ၏ ထိန်းသိမ်းမှု အခြေအနေကိုအတည်ပြုရန်အတွက် အီရန် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်

ဆာလာက သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်နေသည့် အီတလီသတင်းစာ Il Follio က သူမကို တီဟီရန်၏ Evin အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု ဆိုပါသည်။ သူမသည် ပုံမှန် ဂျာနယ်လစ်ဗီဇာဖြင့် အီရန်တွင် နေထိုင်နေသည်ဟု သိရသည်။ သူမသည် အီရန်နိုင်ငံနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ ဖြစ်သည်ဟု သိရပြီး အီရန်နိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော်လည်း အီရန်သည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ပြီး သတင်းသမားများကို ခြိမ်းခြောက်သည့် နိုင်ငံဖြစ်ကြောင်းလည်း သိရှိထားသူဖြစ်သည်ဟု ဆိုသည်။

ဆာလာ အလုပ်လုပ်နေသည့် ကိုရာမီဒီယာ (Cora Media) ၏ အဆိုအရ သူမသည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရောမမြို့မ အီရန်သို့ ထွက်ခွာသွားခဲ့သည်။ သူမသည် တရားဝင်သတင်းထောက်ဗီဇာကို လက်ဝယ်ပိုင် ဆိုင်ထားပြီး သတင်းထောက်အဖြစ် အကာအကွယ်ပေးရမည့် အနေအထားတွင် ရှိနေသည်။

ဆာလာသည် အင်တာဗျူးများစွာကို ပြုလုပ်ခဲ့ပြီး ပေါ့တ်ကာစ် အပိုင်းသုံးပိုင်း ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည်။ ဆာလာ၏ မိဘများနှင့် အီတလီအာဏာပိုင်များ ၏တောင်းဆိုမှုဖြင့် ၎င်းတို့ ကုမ္ပဏီအနေနှင့် ယခုအချိန်အထိဖမ် းဆီးခံထားရသည့်အချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း ကိုရာမီဒီယာမှပြောကြားခဲ့သည်။

အီတလီကာကွယ်ရေးဝန်ကြီး ကရောဆက် (Crosset) သည် ဆာလာ လွတ်မြောက်ရေးအတွက် အစိုးရတစ်ဖွဲ့လုံး ကြိုးစားလုပ်ဆောင်နေသည်ဟု X (ယခင် Twitter) တွင် ၂၇ ရက်နေ့က ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုများသည် အနောက်ဘက်လူထု၏ သဘောထား သို့မဟုတ် လူထု၏ ဒေါသဖြင့် ဖြေရှင်း၍မရနိုင်ဘဲ အဆင့်မြင့် နိုင်ငံရေးနှင့် သံတမန်ရေးရာ ဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်ကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

ဆာလာ၏ အင်စတာဂရမ်အကောင့်တွင် အီရန်တွင် သူမတွေ့ဆုံခဲ့သည့် အမျိုးသမီးများအကြောင်း မကြာသေးမီက ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်။ CNN, ဂျပန်

ဓာတ်ပုံ။

အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala)/အင်စတာဂရမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက