နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရိုမီယိုနှင့် ဂျူလီယက် “Romeo and Juliet” မင်းသမီး အိုလီဗီယာ ဟပ်ဆီ (Olivia Hussey) ကွယ်လွန်

ဒီဇင်ဘာလ (၂၈) ရက်။

၁၉၆၈ ခုနှစ်၊ ရိုမီယိုနှင့် ဂျူလီယက်နှင့် ထိတ်လန့်ဖွယ်ဇာတ်ကား “A Bell Tolls” တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး အိုလီဗီယာ ဟပ်ဆီ ကွယ်လွန်သွားကြောင်း ၎င်း၏တရားဝင် အင်စတာဂရမ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ သူမသည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။

“ဒီဇင်ဘာ ၂၇ ရက်နေ့က သူမကို ချစ်တဲ့သူတွေ ဝိုင်းရံထားတဲ့ နေအိမ်မှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တဲ့ အိုလီဗီယာ ဟပ်ဆီရဲ့ ကွယ်လွန်မှုကို ကြေကွဲဝမ်းနည်းမိပါတယ်” ဟု အင်စတာဂရမ်တွင် ရေးသားထားပါသည်။ “အိုလီဗီယာသဟာ နွေးထွေးသဘောထားကောင်းပြီး သူမရဲ့ နက်ရှိုင်းတဲ့တွေးခေါ်မှုနဲ့ စစ်မှန်တဲ့ကြင်နာမှုတွေက သူမကို သိသူတိုင်းကို သိရှိစေတဲ့သူတစ်ဦး ဖြစ်ပါတယ်။” ဟု ဖော်ပြထားသည်။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့သည့် အာဂျင်တီးနား-ဗြိတိသျှ မင်းသမီး အိုလီဗီယာအတွက် အောင်မြင်ကျော်ကြားသည့် ဇာတ်ကား ဖြစ်သည်။

ရိုမီယိုနှင့် ဂျူလီယက်သည် (Franco Zeffirelli) ၏ စာ​ရေးဆရာ ဝီလျမ် ရှိတ်စပီးယား၏ဂန္ထဝင်ဝတ္ထုကို လိုက်လျောညီထွေဖြစ်အောင် ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းအချိန်က အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အိုလီဗီယာနှင့် သူမ၏တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနတ် ဝွိုက်တင် (Leonard Whiting) တို့သည် ငယ်ရွယ်စဉ်အချိန်က ဝတ်လစ်စားလစ် မြင်ကွင်းများ ကို ခွင့်ပြုခဲ့သော ရုပ်ရှင်ထုတ်လုပ်သည့် ပါရာမောက် စတူဒီယို (Paramount Studios) ကို တရားစွဲဆိုခဲ့သည်။ ထိုအချိန်က အိုလီဗီယာက အသက် ၁၅ နှစ် ဖြစ်ပြီး ဝွိုက်တင်က ၁၆ နှစ် သာရှိသေးသည်။ ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ၎င်းတို့နှစ်ဦးသည် ကိုယ်လုံးတီးဖြင့် သရုပ်မဆောင်ပါက ရုပ်ရှင်ပျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတရားစွဲဆိုမှုကို ၂၀၂၃ ခုနှစ် မေလတွင် ပယ်ချခံခဲ့ရသည်။

အိုလီဗီယာသည် ၁၉၇၄ ခုနှစ်တွင် ထိတ်လန့်ဖွယ်ဇာတ်ကား “A Bell Tolls in the Dark” တွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် စာရေးဆရာမ အက်ဂါသာ ခရစ္စတီး (Agatha Christie) ၏လက်ရာကို အခြေခံသည့် “Murders on the Nile´ ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် သူမသည် ဒါရိုက်တာ ဇက်ဖီလေလီနှင့် ထပ်မံပူးပေါင်းပြီး “Jesus of Nazareth” တီဗီရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အပျိုစင်မာရီအဖြစ် သရုပ်ဆောင်ခဲ့သည်။

အိုလီဗီယာကို အာဂျင်တီးနားနိုင်ငံ ဘွေနို့စ်အိုင်းရဲ့စ်မြို့၌ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ “သူဟာ အနုပညာမှာ စိတ်အားထက်သန်ပြီး မေတ္တာတရားကြီးမားစွာ ဘဝကို ဖြတ်သန်းခဲ့ပြီး တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ ဘဝကို မြှုပ်နှံပြီးနေခဲ့သူဖြစ်ပါတယ်။” ဟု ဆိုပါသည်။

“အိုလီဗီယာ ကွယ်လွန်ပြီးနောက် သူမ၏ချစ်လှစွာသောမိသားစု၊ သူမ၏ကလေး (၃) ဦး၊ ၃၅ နှစ်ကြာ လက်တွဲခဲ့သည့် သူမ၏ခင်ပွန်း ဒေးဗစ်ဂလင်အိုက်စလီ (David Glenn Eisley) သူမ၏မြေး ဂရေစွန် (Grayson) နှင့် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ထာဝရမြတ်နိုးရမည့် မေတ္တတရားများကို အမွေအနှစ်တွေအဖြစ် ချန်ထားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဤကြီးမားသည့်ဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးရင်း အိုလီဗီယာက ကျွန်ုပ်တို့ဘဝနှင့် ကျွန်ုပ်တို့၏လုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့တဲ့ ထာဝရအကျိုးသက်ရောက်မှုကို ဂုဏ်ပြုပါသည်” ဟု ပြောခဲ့ပြီး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဓာတ်ပုံ။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်ခဲ့သော အိုလီဗီယာ ဟပ်ဆီ (ညာ)/Bettmann Archive/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက