နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီဆက်သွယ်ရေးစခန်း စီးနင်းတိုက်ခိုက်ခံရ၊ 

စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်အပါအဝင် (၂)ဦး ဖမ်းမိခဲ့ကာ ခုခံထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းခဲ့

ဒီဇင်ဘာလ (၂၈)ရက်။

မနေ့က ည (၆)နာရီဝန်းကျင်ခန့်က ‌ကျောက်ပန်းတောင်းမြို့၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စကစတပ်သား (၃)ဦးကို လျှပ်တပြတ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ စကစဘက်က အရာခံဗိုလ်အဆင့်ရှိသူတစ်ဦးနဲ့ တပ်သားတစ်ဦးကို ဖမ်းမိခဲ့ပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် တပ်သား (၂)ဦးကို ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးဟာ ပြည်သူတွေအကြား ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရတာကြောင့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားကို ပစ်ခတ်ဖမ်းဆီးချင်ပေမယ့် ပြည်သူတွေ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် အဲ့ဒီတပ်သားကို ရင်နာနာနဲ့ ငဲ့ညှာပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးမှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား (၂)ဦးဆီက MA11 တစ်လက်နဲ့ UZI တစ်လက်အပြင် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းနဲ့အညီ ခေါ်ဆောင်သွားပေမယ့် လမ်းမှာ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ ခရစ္စမတ်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေရဲ့ ‌စားဝတ်နေရေးကို ငဲ့ကွက်တဲ့အနေနဲ့ ရက်ပြောင်းရွှေ့လုပ်ဆောင်ခဲ့ကာ ပြည်သူတွေအနေနဲ့ အပျော်အပါး ပွဲလမ်းသဘင် ပြုလုပ်ပါက စစ်ကောင်စီနဲ့ နီးစပ်ရာမှာ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုစစ်ဆင်ရေးကို PGF တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ် Myingyan Black Tiger(MBT)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကာ စစ်ဆင်ရေးတွေ ထပ်မံပြုလုပ်နိုင်ဖို့ “ အောင်လံလွှင့်မည် စကားဝါမြေဆီ” ဆိုတဲ့ ထီလက်မှတ်ကမ်ပိန်းမှာ ပါဝင်အားဖြည့်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့