နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ဇန်နဝါရီလ (၂၉) ရက်။

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃)နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁)ရက်မှာ အပြင်မထွက်နဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းကြဖို့ သပိတ်အင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။

“ဒီတော်လှန်ရေးက ပြည်သူ့တော်လှန်ရေးပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ထောက်ခံပါတယ်ဆိုတာထက် ပိုတဲ့ လက်တွေ့ပူးပေါင်းပါဝင်မှုတွေနဲ့ သက်သေပြရမယ့်အချိန်ပါ”လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောဆိုထားပါတယ်။

အခုအချိန်မှာ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ဖို့ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှဒ တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့်ဖော်ဆောင်ကြဖို့ မဖြစ်မနေလိုအပ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးကြီး (၃)နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်ကြဖို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲ့ဒီနေ့မှာ အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ စတဲ့ အဖြူရောင်အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလိုဝတ်ဆင်ကြတဲ့ အဖြူရောင်လှုပ်ရှားမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီအဖြူရောင်လှုပ်ရှားမှုဟာ စစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ဆောင်ပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့တွေ အမြန်ဆုံးရပ်တန်းကရပ်ဖို့၊ ပြည်ပရောက် မြန်မာတွေကို ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ”တွေ လုံးဝမပေးဖို့နဲ့ စစ်အုပ်စုရဲ့ မြေပြင်တပ်မှူး၊ တပ်သားတွေ အလံဖြူထောင်ကြဖို့ အဓိကရည်ရွယ်တောင်းဆိုတာ ဆိုပါတယ်။

အဖြူရောင်လှုပ်ရှားမှုကို အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ဆောင်သွားကြဖို့နဲ့ နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ ပြင်ဆင်နေကာ ပြည်တွင်းပြည်ပ ဟန်ချက်ညီပူးပေါင်းကြဖို့ ပြောဆိုထားပါတယ်။

ပြည်သူတစ်ရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်”ချီတက်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို