နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စတွေကို အလေးအနက်ထားချဉ်းကပ်ဖို့ NUG ယာယီသမ္မတပြော

မေလ (၂၉)ရက်။

လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စတွေကို အလေးအနက်ထားပြီး ချဉ်းကပ်ကြဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုအချိန်မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည်တွန်းပို့နေတာကို တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။

အခုလိုအခြေအနေတွေကို အပြင်းထန်ဆုံးအဆင့်အထိ ရောက်မသွားအောင် အာရက္ခတပ်တော်(AA)နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အာရုံစိုက်ကြိုးစားနေတယ်လို့ သိရပါတယ်။

NUG အနေနဲ့လဲ တည်ဆဲအခင်းအကျင်းတွေမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆဖြစ်တာတွေကို တတ်နိုင်သမျှ အပြီးသတ်ချုပ်ငြိမ်းနိုင်ဖို့ တဖက်တလှမ်းကနေ ကူညီဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အတတိက ကြုံခဲ့ဖူးတဲ့ ချဉ်းကပ်မှု အမှားတွေကို သင်ခန်းစာယူဖို့ လိုအပ်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူအပေါ်မှာ ရှုမြင်ကြဖို့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

ဒါ့ပြင် အခုအခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိတာမရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းရမှာလို့လဲ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ဘူးသပိတ် လူထုလှုပ်ရှားမှုတရပ်ပြုလုပ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ တော်လှန်ရေးရဲဘော်တွေက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့ ဘူးသပိတ် လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ SNLD ဥက္ကဋ္ဌပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ဒီကနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရေဘေးသင့် မြန်မာပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာ (၃)သန်း ထပ်မံကူညီ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မြန်မာနိုင်ငံထဲက ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ရန်ပုံငွေ ဒေါ်လာ (၃)သန်း ထပ်မံပေးအပ်ခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြင်းထန်တဲ့ ရေကြီးတာနဲ့ လူတစ်သန်းကျော်ကို အကျိုးသက်ရောက်စေခဲ့တဲ့ တိုင်ဖွန်းယာဂီကြောင့် ပျက်စီးဆုံးရှုံးတာတွေနဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တရက်ထဲ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦးသေဆုံးပြီး စက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် လားရှိုးမြို့ရှိ မယ်ဟန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီကျော်ကနေ (၁)နာရီခွဲဝန်းကျင်အထိ
မြန်မာသတင်း

နိုင်ငံမှာ သယံဇာတကြွယ်ဝတာကြောင့် ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ နိုင်ငံမှာ သယံဇာတကြွယ်ဝတာကြောင့် ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိရောက်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်က ကျောင်းသားတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာ ရှိတာကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ရမယ်လို့
မြန်မာသတင်း

နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်သံအမတ်နဲ့ ဒုစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံ‌ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေဆုံပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ကိစ္စနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့
မြန်မာသတင်း

ရွှေရောင်းဝယ်တဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ စစ်ကောင်စီသတ်မှတ်၊ ရွှေရည်ညွှန်းဈေးသတ်မှတ်တဲ့ ကော်မတီတရပ်ကိုပါဖွဲ့စည်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားတဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံးပြီး
မြန်မာသတင်း

ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ သတိပေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 5 Views
အောက်တိုဘာလ (၂၅)ရက်။ ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ လမ်းတစ်ခုထဲမှာ အတူတူလျှောက်ဖို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့မှာကျရောက်တဲ့ KIO ထူထောင်တာ (၆၄)နှစ်ပြည့်တဲ့နေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ သိရပါတယ်။ “ မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ