နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ တပ်ပျက်နေပြီ ကြွေးကြော်သံနဲ့ အလံဖြူထောင် ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေ လှုံ့ဆော်မှုပြုလုပ်

ဩဂုတ်လ (၂၉)ရက်။

မနေ့က ရန်ကုန်မြို့မှာ တပ်ပျက်နေပြီ ကြွေးကြော်သံနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြည်သူ့ဘက်ကို အလံဖြူထောင် ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်တဲ့သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ GSCB ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို လှုံ့ဆော်စည်းရုံးတဲ့သပိတ်ကို အဆုံးစွန်ထိ မိုက်ကမ်းစွာနဲ့ တိုင်းပြည်၊ လူထုနဲ့ တပ်ကို ဖျက်ဆီးဖိနှိပ်နေတဲ့ အာဏာရူးမင်းအောင်လှိုင်အတွက် အသေမခံဘဲ ပြည်သူ့ဘက်ကို အမြန်ဆုံး ဘက်ပြောင်းခို၀င်ကြဖို့ ပြုလုပ်တာလို့ ဆိုပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စတဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီက ပျူစောထီးတွေကို အုပ်ချုပ်ရေးမှူးရာထူးနဲ့ လက်နက်တပ်ဆင်ပေးကာ လူဖမ်းပွဲတွေအပြင် အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းတာနဲ့ ဖိနှိပ်ခြိမ်းခြောက်တာတွေကို ပြင်းထန်စွာ ကျူးလွန်လာတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူမထောက်ခံတဲ့ စစ်ကို ဆင်နွှဲနေတဲ့အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အုပ်စု သက်ဆိုးရှည်နေတာကို မြန်မာ့တပ်မတော်သားတွေပါ နွေဦးတော်လှန်ရေးထဲ အမြန်ဆုံးပါဝင်ပူးပေါင်းပြီး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြဖို့နဲ့ အထွေထွေအုံကြွအာခံတာ‌တွေနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်ကြရန် နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဖိနှိပ်လေ လူထုရဲ့ အမှန်တရားနဲ့ တော်လှန်စိတ်တွေဟာ ပိုပြီးပြင်းထန်လေဖြစ်ကာ လူထုရဲ့ အုံကြွအာခံတာတွေကို  စစ်ကောင်စီနဲ့ သူတို့ယန္တရားတွေ မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

အခုလိုအခြေအနေတွေကြားမှာ မြေပြင်လူထုလှုပ်ရှားမှုထဲ ပြည်သူတွေ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပူးပေါင်းပါဝင်ကြဖို့နဲ့ သပိတ်ရဲဘော်တွေအနေနဲ့လဲ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်၀န်းရံမှုတို့နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို