နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယောဒေသ အညာမြေမှာ အောင်လံစိုက်နိုင်ဖို့ ကြိုးစားပြင်ဆင်နေပြီလို့ ယောကာကွယ်ရေးတပ်(YDF)ပြော

ဩဂုတ်လ (၂၉)ရက်။

မဟာမိတ်နယ်မြေတွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ယောဒေသ အညာမြေတဝိုက်မှာ အောင်လံစိုက်ဖို့ ကြိုးစားပြင်ဆင်နေပြီလို့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်နေတဲ့ ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

YDF အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းမှာ မဟာမိတ်တွေနဲ့အတူ ပါ၀င်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကာ AA နဲ့လဲ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်း၊ ဌာနချုပ်နဲ့ မြို့သိမ်းတိုက်ပွဲတွေအပြင် မတူပီ၊ ကျင်ဒွေး စတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါ၀င်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာလဲ လုံခြုံရေးအရ ဖော်ပြလို့မရသေးတဲ့ တိုက်ပွဲပေါင်းများစွာမှာ ပါ၀င်နေပြီး ပြည်သူတွေရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကနေ လွတ်မြောက်ဖို့ ကျရာတာ၀န် ထမ်းဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အောင်မြင်မှုတွေ ဆက်တိုက်ရရှိဖို့လဲ စစ်သည်၊ စစ်မေတို့က ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြီး စစ်ရေးစစ်သွေးပြည့်၀ကာ အမိန့်နာခံတတ်မှုနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တတ်တဲ့သူတွေဖြစ်အောင် အမြဲဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

အခုလို ယောတို့ဌာနီ အညာမြေတဝိုက်မှာ အောင်လံစိုက်နိုင်ဖို့ ပြည်သူတွေရဲ့ ထောက်ပို့တာတွေကို လိုအပ်နေပြီး တိုက်ပွဲတိုင်း ရဲရဲရင့်ရင့် ချီတက်နိုင်ဖို့ လိုအပ်ချက်အများဆုံးဖြစ်တဲ့ စစ်၀တ်တန်ဆာနဲ့ ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီတွေ ဖြည့်ဆည်းနိုင်ဖို့ “ယောတို့ဌာနေ အောင်ပွဲဆီ”ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

‌”ယောတို့ဌာနေ အောင်ပွဲဆီ”ကမ်ပိန်းကို ဩဂုတ်လ (၃၀)ရက်နေ့ကစပြီး စက်တင်ဘာလ (၃၀)ရက်နေ့အထိ တစ်လကြာ ပြုလုပ်သွားမှာဖြစ်ပြီး ငွေကျပ်သိန်း (၁၀၀၀) ပြည့်မီဖို့ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ (၃)နှစ်ကျော်ကာလထဲ ထောက်ပို့တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို ကျန်သေးတဲ့ အဆုံးသတ်အောင်ပွဲအတွက် ထပ်မံ၀န်းရံပေးကြဖို့ကိုလဲ YDF က ထပ်မံတိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 3 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 4 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 9 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 11 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို