နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

နိုဝင်ဘာလ (၂၉)ရက်။

မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့နဲ့ (၁)မိုင်လောက်အကွာ စခန်းကြီးမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စကစဘက်က အထိနာပြီး နမခဘက်ကနေ လေကြောင်းပစ်ကူပေးခဲ့ရတယ်”လို့ ဆိုပါတယ်။

စခန်းကြီးတိုက်ပွဲဟာ နံနက် (၉)နာရီခန့်ကစပြီး နံနက် (၁၁)နာရီအချိန်အထိ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ဗိုလ်ကြီး ညောင်ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ တစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲမှာ သေတာက ဗိုလ်ကြီး ညောင်ဦးအပါအဝင် စကစတပ်သား (၁၂)ဦးပါ။ ထီးလင်းမြို့ဆေးရုံပေါ်ကို ဒဏ်ရာရ စကစတပ်သား (၁၀)ဦးထက်မနည်း ရောက်ရှိလာခဲ့တယ်။ နောက်ပြ စစ်ကောင်စီတပ်သား ကောင်းသစ်ကို ဖမ်းမိခဲ့တယ်”လို့ သူက ဆက်ပြောပါတယ်။

စခန်းကြီးတိုက်ပွဲထဲ အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဗိုလ်ကြီးရဲမာန် ဦးစီးတာဖြစ်ပြီး ဒေသ‌ခံတော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် နမခဌာနချုပ်ကို လေကြောင်းပစ်ကူတောင်းပြီး ထီးလင်းမြို့ဘက်ကို နေ့လယ် (၁၂)နာရီခန့်မှာ ပြန်ဆုတ်သွားတာလို့ သိရပါတယ်။

အထိနာခဲ့တဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးရဲမာန်ဦးစီးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ည (၈)နာရီကျော်အချိန်မှာ ထီးလင်းမြို့အရှေ့ဘက်နေရာတွေကို ၁၂၀မမ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကာ လာမယ့်ရက်ထဲ စစ်ကြောင်းပြန်ထွက်ဖို့ ညွှန်ကြားထားပါသေးတယ်။

မနေ့က တိုက်ပွဲထဲ အထိခိုက်အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရက်သတ္တပတ်ထဲ ထီးလင်းမြို့ကို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား ထပ်လာဖြည့်ဖို့ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားကြပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် (၄)နာရီခွဲကျော်အချိန်ကလဲ ထီးလင်းနယ်နဲ့ ဂန့်ဂေါနယ်တို့မှာ ပြတ်တောက်နေတဲ့ ဖုန်းလိုင်းတွေအားလုံး ပြန်ရနေပြီဖြစ်ကာ အဲ့ဒီဖုန်းလိုင်းတွေဟာ ပေါက်မြို့နဲ့ ထီးလင်းမြို့အကြား ပြတ်တောက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို