နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့အပေါ် ပြည်သူ့ရေးရာ၀န်ဆောင်မှု NUG ဒီကနေ့စတင်

မတ်လ (၃၀)ရက်။

စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရာ၀န်ဆောင်မှုကို NUG က ဒီကနေ့မှာ စတင်ကြောင်း ကြေညာထားချက်အရ သိရပါတယ်။

အဓမ္မစစ်သားစုဆောင်းတဲ့လုပ်ရပ်ကြောင့် ပြည်သူလူထုရဲ့ စိတ်သောကတွေ သက်သာရာရစေဖို့နဲ့ လိုအပ်တဲ့ အကူအညီနဲ့ အထောက်အပံ့တွေကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်တာလို့ ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတစ်ခုအဖြစ် Telegram Channel ဖြစ်တဲ့ https://t.me/nugpublicaffairsbot ကို ဒီကနေ့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းတာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နေ့စဉ် နံနက် (၁၀) နာရီကနေ ည (၁၀) နာရီအထိ ဝန်ဆောင်မှုပေးသွားမယ်လို့ ရေးသားထားပါတယ်။

အတင်းအဓမ္မစစ်သားစုဆောင်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရတဲ့ ပြည်သူတွေအနေနဲ့ အထက်ပါ Channel ကနေတဆင့် သိရှိလိုတာတွေကို မေးမြန်းတာ၊ အကြံဉာဏ်တွေတောင်းခံတာ၊ အကူအညီတွေတောင်းခံတာ၊ တိုင်ကြားတာနဲ့ သတင်းပေးတာတို့ကို ပြုလုပ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ချန်နယ်တာ၀န်ခံအဖွဲ့အနေနဲ့ အကူအညီပေးအပ်နိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာ၊ တိုင်ကြားတာနဲ့ သတင်းပေးတာတွေကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့တာတို့ကို ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ အဓမ္မစစ်သားစုဆောင်းတာနဲ့ ထပ်မံဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေဖို့ လုပ်ကိုင်ဆောင်ရွက်တာမှန်သမျှမှာ ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲ ‌နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို