နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းပြုတ်ကျလို့ မြန်မာအလုပ်သမား (၇) ဦး သေဆုံး

မတ်လ (၃၀) ရက်။

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ လယောင်မြိုနယ်၊ ဘိုတဲမြိုရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ မတ်လ ( ၂၉) ရက်နေ့၊ ညနေပိုင်းက အလုပ်ချိန်အတွင်း ကရိန်းပြုတ်ကျတဲ့အတွက် မြန်မာအလုပ်သမား (၇) ယောက်သေဆုံးသွားကြောင်း သိရှိပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အဲ့ဒီကရိန်းဟာ မြေပြင်အထက် မီတာ ၁၀၀ ခန့်အကွာမှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်သမားခုနစ်ဦးကို ကရန်းနဲ့ ပို့ဆောင်နေချိန် ကရိန်းပြုတ်ကျသွားလို့ အလုပ်သမားခုနှစ်ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဌာန Khaosad English မှာ ဖော်ပြထားပါတယ်။ ကရိန်းပြိုကျမှုဖြစ်ပြီးနောက် မြန်လုပ်သား ၆ ယောက်ဟာ နေရာမှာပင် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ထားတဲ့မြန်မာအလုပ်သမား ၁ ယောက်လည်း ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက်တွင် အများစုဖြစ်တဲ့ မြန်မာနိုင်ငံသား အလုပ်သမားများက အလောင်းများကို သယ်ယူရန် ကယ်ဆယ်ရေးသမားများက ခွင့်မပြုကြောင်း ငြင်းဆိုခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုတွေကို တစ်ဦးလျှင် ဘတ်ငွေ ၅ သန်း လျော်ကြေးပေးရန် ကုမ္ပဏီပိုင်ရှင်ကို မြန်မာနိုင်ငံသား အလုပ်သမားတွေက တောင်းဆိုခဲ့ပါတယ်။

ကနဦးမှာ ကုမ္ပဏီဘက်က တစ်ဦးလျှင် ဘတ်ငွေ ၅၀၀,၀၀၀ သာ ပေးဆောင်ရန် သဘောတူခဲ့ပေမယ့် အလုပ်သမားတွေက တစ်ဦးလျှင် ဘတ်ငွေ (၅) သန်းကို ချက်ချင်းပေးဆောင်ရန်နဲ့ အလုပ်သမားအားလုံးအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ကယ်ဆယ်ရေးသမားများက အလောင်းတွေကို သယ်ယူဖို့ လုပ်တဲ့အခါ အလုပ်သမားတွေက ငြင်းဆိုခဲ့ကြပြီးတဲ့နောက် မှုခင်းနှိမ်နင်းရေးဌာနခွဲနဲ့ Rayong ခရိုင်တို့က တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ည ၇း၀၀ နာရီမှာ ရဲမှူး၊ Pluak Daeng ရဲစခန်းမှူး ရဲမှူးကြီး Chaiphong Saengphongchai တို့ဟာ လူခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို သယ်ယူပေးမယ့် ကယ်ဆယ်ရေးယာဉ်လေးစီးကို ဝိုင်းရံထားတဲ့ မြန်မာအလုပ်သမား ၅၀၀ ခန့်နဲ့ ညှိနှိုင်းဖို့ ရဲအရာရှိ ၃၀ နှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အလုပ်ရှင်နဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးရာမှာ မြန်မာ အလုပ်သမား သမဂ္ဂမှ ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်ရှင်က တစ်ဦးလျှင် လူမှုဖူလုံရေး ပေးချေမှုနဲ့ အခြားတရားဝင်လျော်ကြေးများ အပါအဝင် လျော်ကြေးငွေ ဘတ် ၁,၆၀၀,၀၀၀ (ဘတ်ငွေ ၁၆ သိန်း) ပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်ရုံက ဈာပနကုန်ကျစရိတ်အားလုံးကို ကွယ်လွန်သူ တစ်ဦးစီအတွက် ဘတ် ၅၀၀,၀၀၀ အထိ ပေးဆောင်မှာဖြစ်ပြီး ကျန်ငွေကို သုံးလအတွင်း ပေးဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားသမဂ္ဂက တာဝန်ရှိသူမက မြန်မာ အလုပ်သမားတွေအတွက် သဘောတူညီချက်ကို ထိုင်းဘာသာကနေ မြန်မာဘာသာပြန်ဆိုပေးတဲ့အခါ အားလုံး လက်ခုပ်တီးပြီး စည်းကမ်းချက်တွေကို လက်ခံကာ ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးယာဉ်လေးစီးနဲ့ အလောင်းတွေကို ပလပ်ဒါးဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source: ထိုင်းသတင်းဌာန Khaosad English

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို