နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း

ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း

++++++++++++++++++

အရှေ့အလယ်ပိုင်းဒေသကို ပျံသန်းသွားလာကြမယ့် လေကြောင်းလိုင်းတွေဟာ စိုးရိမ်ပူပန်မှုတွေကြောင့် ခရီးစဉ်ကို မကြာခဏဖျက်သိမ်းနေကြရပါတယ်။ လက်ဘနွန်နိုင်ငံက ပိုမိုကြီးထွားလာတဲ့ ပဋိပက္ခတွေကြောင့် ဘေရွတ်လေဆိပ်ကို ဆိုက်ရောက်လာကြရမယ့် လေကြောင်းလိုင်းတွေဟာ ဖျက်သိမ်းမှုတွေပြုလုပ်နေရသလို အချို့လေကြောင်းလိုင်းတွေကတော့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့စနေနေ့က အစ္စရေးတို့နေရာယူသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ပေါ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လူ 12 ဦးအထိ သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် အစ္စရေးက အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာတွေရဲ့ လုပ်ရပ်လို့ စွပ်စွဲထားပြီး လက်တုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

ဟစ်ဇ်ဘိုလာတွေကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပေမယ့် လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်တလျှောက်မှာတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာမှာကို စိုးရိမ်နေကြတာပါ။ အဲဒီတင်းမာနေတဲ့အခြေအနေတွေကြောင့် တနင်္လာနေ့က ဂျာမနီနိုင်ငံ လပ်ဖ်သာဆာကနေ ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းတွေဟာ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။

FlightRader အက်ပ်လီကေးရှင်းက အချက်အလက်တွေအရ ဘေရွတ်ကို ပျံသန်းမယ့်​ တူရကီလေကြောင်းတွေနဲ့ အီသီယိုပီယန်လေကြောင်းလိုင်းတွေအပါအဝင် လေကြောင်းလိုင်းအားလုံးနီးပါး ခရီးစဉ်ကို ဖျက်သိမ်းထားတာဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံပိုင်အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းကတော့ သူတို့ရဲ့လေကြောင်းလိုင်း ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတာဟာ အာမခံအတွက် စွန့်စားမှုအခြေအနေဖြစ်နေတာကြောင့်လို့ ပြောပါတယ်။ လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာ လေယာဉ်ကွင်းတစ်ကွင်းသာရှိပြီး အဲဒီလေယာဉ်ကွင်းဟာ ပဋိပက္ခတွေဖြစ်ပေါ်လာတိုင်း အာရုံစိုက်ခံရတဲ့နေရာလည်းဖြစ်ပါတယ်။

ယခင်ကဖြစ်ပွါးခဲ့တဲ့ လက်ဘနွန်ပြည်တွင်းစစ်နဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာပဋိပက္ခတွေမှာ ဘေရွတ်လေဆိပ်ဟာ အားလုံးက ပစ်မှတ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုရီးယား တောင်ကိုးရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ ပိတ်ဆို့မှုကြားမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသော ရေနံတင်သင်္ဘောလေးစင်းအားတွေ့ရှိရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် ဒေသစံတော်ချိန် စနေနေ့ နံနက်ပိုင်းတွင် ရေနံတင်သင်္ဘောလေးစင်းသည် ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ကာ အိုမန်ပင်လယ်ကွေ့ဘက်ရှိ အရှေ့ဘက်သို့ ဦးတည် မောင်းနှင်ခဲ့ကြောင်း MarineTraffic မှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်