နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကင်မလာဟဲရစ်သည် ဘိုင်ဒင်၏အနာဂတ်နှင့် ပတ်သက်၍ ထင်ကြေးပေးမှုများကြားတွင် သူမ၏ အာရုံစိုက်မှုကိုဂျေဒီဗင့်စ် (JD Vance) ဖက်သို့ လှည့်ခဲ့သည်။

ဒုသမ္မတ ကင်မလာဟဲရစ်သည် ရီပတ်ဘလစ်ကန်ပါတီနှင့် ၎င်း၏ခေါင်းဆောင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ယှဉ်ပြိုင်အနိုင်ရရန် တစ်နှစ်တာပတ်လုံး နိုင်ငံအနှံ့ ခရီးလှည့်လည်ခဲ့သည်။ ယခုမူ သူမသည် အခြားပြိုင်ဘက် ထရန့်၏တွဲဘက် ဒုမတလောင်း အထက်လွှတ်တော်အမတ် ဂျေဒီဗင့်စ်ကို နိုင်ငံရေးအရ စတင်ထိုးနှက်ချက်ဝေဖန်ခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်အနေနှင့်လာမည့် ရွေးကောက်ပွဲတွင် သမ္မတလောင်းတစ်ဦးအဖြစ် ထပ်မံဝင်ပြိုင်မည့် အပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မဟာမိတ်များနှင့် လွှတ်တော်အမတ်အချို့က ပါတီ၏ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဆောင်ရန် ဖြစ်နိုင်ခြေရှိသော ကင်မလာဟဲရစ်၏အမည်ကို လက်ခံခဲ့ကြသောကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဟဲရစ်ကို ပိုမိုတောက်ပစွာ မီးမောင်းထိုးပြခဲ့သည်။ ဇွန်လ ၂၇ ရက် ထရန့်နှင့် ဘိုင်ဒင်တို့၏ စကားစစ်ထိုးပွဲအပြီးတွင် ဒီမိုကရက်တစ်ပါတီအတွင်း ဘိုင်ဒင်၏ ကောင်းစွာမတုံ့ပြန်နိုင်မှုအပေါ် ထိတ်လန့်တကြားနှင့် ထင်ကြေးပေးမှုများ ပျံ့နှံ့လာစဉ်အတွင်း ဒုသမ္မတနှင့် သူမ၏ လက်ထောက်များသည် ထရန့် ၏ ဒုသမ္မတအဖြစ် တာဝန်ထမ်းရန် ရွေးချယ်ခံရမည့်သူကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

မီလ်ဝေါကီး (Milwaukee) လူထုစည်းဝေးပွဲတွင် ထရန့်၏ တွဲဖက်ဒုသမတနေရာကိုထုတ်ဖော်ပြသသည့် ရက်သတ္တပတ်များ အတွင်းတွင်၊ သမ္မတဟောင်း၏ ဆန်ခါတင်စာရင်းတွင် ပါရှိသည်ဟု ကျယ်ပြန့်စွာ ယုံကြည်သူ အများအပြားရှိခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ တနင်္ဂနွေနေ့ရှိုးပွဲများ၊ လူသိရှင်ကြားမှတ်ချက်များနှင့် အခြားသော မီဒီယာအင်တာဗျူးများကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ယခုနွေရာသီတွင်ဟဲရစ် နှင့် ရင်ဆိုင်ရဖွယ်ရှိမည်ဟု မျှော်လင့်ထားသည်။

ဟဲရစ်၏အဖွဲ့မှ သဘောတူခဲ့

ဗန့်သည် ခက်ခဲသော ငြင်းခုံပြိုင်ဘက်ဖြစ်မည်မှာ ထင်ရှားသည်။ အိုဟိုင်းယိုးပြည်နယ်သား (ဗန့်) သည် ထရန့်၏အတိတ်ထုတ်ပြန်ချက်များနှင့် မူဝါဒဆိုင်ရာ ရာထူးများအကြောင်း မေးခွန်းများကို လှည့်စားဖြေကြားရာတွင် အထူးကျွမ်းကျင်ပုံရသည်။ ယင်းစွမ်းရည်သည် ဟဲရစ်၏ စကားရည်လုပွဲ ပြင်ဆင်မှုများကို တုံ့ပြန်ပုံဖော်ပေးမည့် အဓိကအချက်များစွာထဲမှ တစ်ခုဖြစ်ဖွယ်ရှိသည်။

၂၀၂၀ ခုနှစ် ဒီမိုကရက်တစ်ပါတီ၏ အဓိက သမတလောင်းများ၏ စကားစစ်ထိုးပွဲတွင် ဟဲရစ်သည် ဘိုင်ဒင်နှင့် အခြေတင် ဆွေးနွေးပြီး ယခုသမ္မတအပေါ် အမှတ်ရစရာ အကောင်းဆုံး ဝေဖန်တိုက်ခိုက်ခြင်း အချို့ကို ပြောဆို စကားစစ်ထိုးနိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ဟဲရစ်သည် ဗန့်ထက် များစွာ သာလွန်လိမ့်မည်ဟု ဒီမိုကရက်များက မျှော်လင့်နေကြသည်။ ပြီးခဲ့သောလက ဘိုင်ဒင်သည် ထရန့် အပေါ်တုံ့ပြန်ရာတွင် ဆိုးရွားစွာ သရုပ်ပျက်ခဲ့သောကြောင့် ဒီမိုကရက်တစ်ပါတီတစ်ခွင်တွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သမ္မတ၏မဟာမိတ်များသည် စာမျက်နှာကို အသစ်လှန်ရန် ကြိုးစားခဲ့ကြသည်။

ဘိုင်ဒင်၏ ဆွေးနွေးငြင်းခုံနေခြင်းမှ ကြက်သေသေရပ်တန့်သွားခြင်းသည် ၎င်း၏ ထိပ်တန်းလက်ထောက်အချို့ကိုပင် အံ့အားသင့်သွားစေပြီး မျိုးပွားမှုအခွင့်အရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ သမ္မတထရန့်အား ပြတ်ပြတ်သားသား အငြင်းပွားရန် အခွင့်အရေးကို နှောင့်ယှက်ခြင်းသည် ဒီမိုကရက်များအတွက် အရှုပ်ထွေးဆုံးနှင့် စိတ်အနှောက်အယှက် ဖြစ်စရာများထဲမှတစ်ခု ဖြစ်သည်။ “သူမသည် ဘိုင်ဒင်၏ ဆွေးနွေးငြင်းခုံမှုတွင် အကောင်းဆုံးဖြစ်မည့်နည်းလမ်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ကာကွယ်ရေးတွင် သူနှင့် ထရန့်ကို ထိန်းသိမ်းထားလိမ့်မည်။” ဟု ဟဲရစ် ၏ သက်တမ်းရှည်သူငယ်ချင်းတစ်ဦးက ပြောကြားခဲ့သည်။

အထူးသဖြင့် အမျိူးသမီးများ၏ မျိုးပွားမှုဆိုင်ရာအခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ထရန့်၏ ခြိမ်းခြောက်မှု ပြဿနာနှစ်ခုနှင့်ပတ်သက်လာလျှင် ဗန့်၏ကိုယ်ပိုင်မှတ်တမ်းနှင့် ယခင်ထုတ်ပြန်ချက်များကို မြင်ထားပြီးသားဖြစ်သည့် ဒုသမ္မတ ဟဲရစ်သည် သမတဟောင်းထရန့် ၏ သဘောထားအမြင်ကို တိုက်ခိုက်နိုင်သည့် အဆွဲဆောင်နိုင်ဆုံးသော အားကောင်းသူဖြစ်သည်ဟု ဟဲရစ်လက်ထောက်များက ပြောသည်။ ထရန့် ၏ ဒုတိယသမ္မတလောင်းနေရာ ရွေးချယ်ခံရသည့် ဗန့်နှင့် စကားစစ်ထိုးရန် ပြင်ဆင်ရာတွင် ဟဲရစ် လက်ထောက်များသည် ကိုယ်ဝန်ဖျက်ချခြင်းအပေါ် ဖက်ဒရယ်တားမြစ်ချက်ကို ထောက်ခံမှုအားပေးသော ဗန့်ကိုတိုက်ခိုက်ရန် အခွင့်အရေးတစ်ခုအဖြစ်တွေ့ခဲ့သည်။ ဟဲရစ်သည် နိုင်ငံတဝှမ်း ခရီးထွက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဝေဖန်တိုက်ခိုက်ကာ ၎င်းတို့အား “ထရန့်၏ ကိုယ်ဝန်ဖျက်ချခြင်း တားမြစ်ချက်” အဖြစ် သတ်မှတ်ခဲ့သည်။

ထရန့်-ဗန့်သမတအဖြစ် အရွေးခံမည့် လက်မှတ်အပေါ် ဟဲရစ် က သူမဘယ်လို ကိုင်တွယ်နိုင်မလဲဆိုသည်ကို မေးမြန်းသောအခါ သတင်းရင်းမြစ်တစ်ခုက “ဟုတ်ပါတယ်။ သူ့ (ဗန့်) မှတ်တမ်းက သူ့ဘာသာ သူဘယ်လိုလူဆိုတာကို ပြောနေခဲ့တယ်” ဟု ဗန့်ကို ရည်ညွှန်း၍ဆိုသည်။

သို့သော်၊ လမ်းကြောင်းပေါ်ရှိ ဟဲရစ်၏ အဓိကပစ်မှတ်မှာ ထရန့်အပေါ် ဆက်လက်ရှိနေမည်ဖြစ်ပြီး သမ္မတဟောင်းထရန့်အနေနှင့် ဒုတိယ သက်တမ်း သမတအဖြစ် အနိုင်ရလိုသော အရာကို ဥပမာတစ်ခုအနေဖြင့် ဗန့်ကလုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

“သူမရဲ့ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းမှာ ထရန့်ကို အာရုံစိုက်ပြီး ထရန့်ရဲ့ရည်မှန်းချက်က ဘယ်လိုဖြစ်ကြောင်း ကိုဗန့်က ထင်ဟပ်ပြီး ပြောပါလိမ့်မယ်” ဟု မဲဆွယ်စည်းရုံးရေး အရင်းအမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ “ဒါက ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံခဲ့တဲ့ ထရန့်ရဲ့ စစ်မှန်တဲ့ ရပ်တည်ချက်ကို ပြောပြတာပါ။ သူမကို ဒီလိုအမှုကိစ္စမျိုးကို ကိုင်တွယ်နိုင်မယ်ဆိုတာကို မျှော်လင့်နိုင်ပါတယ်” ဟု သတင်းရင်းမြစ်က ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက်အပေါ် ထရန့်၏ တောင်စဉ်ရေမရ ပြောကြားချက်ကို ရည်ညွှန်း ပြောကြားခဲ့သည်။

ဟဲရစ်သည် ကြာသပတေးနေ့တွင် မြောက်ကာရိုလိုင်းနားတွင် မဲဆွယ်စည်းရုံးရေး ရပ်နားစဉ်အတွင်း ထိုသတင်းကို အကြိုကြည့်ရှုခဲ့သည်။ ဒုတိယသမ္မတဟဲရစ်က ထရန့်၏ ဒုတိယသမ္မတလောင်း ရွေးချယ်မှုသည် အမေရိကန်များက “လိုက်ပါထောက်ခံမည် မဟုတ်သည့်” စိတ်အနှောက်အယှက်ဖြစ်စေသည့် အစွန်းရောက်သောအစီအစဉ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ “ဒီအပတ်မှာ သူ့နဲ့အတူအရွေးခံမယ့် တွဲဖက်ဒုသမတလောင်း ရွေးချယ်မှုနဲ့အတူ ထရန့်က လူတွေကို အာရုံပြောင်းဖို့ ကြိုးစားနေပါတယ်။ သူက သူ့ရဲ့ပြစ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းများနဲ့ သူ့ရဲ့ ပရောဂျက် ၂၀၂၅ (project 2025) အစီအစဉ်ကို လူအများက အာရုံစိုက်လာမှုများမှ ရှောင်ရှားလိုပြီး သူနဲ့ သူရဲ့တွဲဖက်နှစ်ဦးဟာ လူလတ်တန်းစားကို ဦးစားပေးလုပ်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရန်” လုပ်ဆောင်လိုသည်ဟု ဟဲရစ်က ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် အတိုချုံးခေါ်ဆိုမှုတစ်ခုတွင် ဟဲရစ်နှင့် ဗန့် တို့သည် တဖက်နှင့်တဖက် အချေအတင်စကားစစ်ထိုးကြရန် မျှော်လင့်နေကြသော်လည်း မည်သည့်အချိန်တွင် ဖြစ်လာမည်ကို အတိအကျ မဆွေးနွေးခဲ့ကြကြောင်း ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်သည့် ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုအရ သိရသည်။ အခြားနိုင်ငံရေးပါတီများတွင် မငြိမ်မသက်ဖြစ်မှုများကို ထောက်ပြသောကြောင့် ထရန့်၏ မဲဆွယ်စည်းရုံးမှုအဖွဲ့သည် စကားစစ်ထိုးရန် ရက်စွဲတစ်ခုကို အတည်ပြုပေးရန် ငြင်းဆိုထားပြီး အခြားပါတီ (ဒီမိုကရက်ပါတီ) တွင် ပရမ်းပတာ ဖြစ်နေကြောင်း လက်ညှိုးထိုးနေခဲ့သည်။

“ဒုသမ္မတအတွက် ဒီမိုကရက်တစ် အမတ်လောင်းက ဘယ်သူ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး၊ ဒါကြောင့် သူတို့ရဲ့ စည်းဝေးပွဲမတိုင်ခင် ရက်အတိအကျကို အတည်ပြုလို့ မရပါဘူး။ ထိုသို့လုပ်ဆောင်ခြင်းသည် ဂါဗင် နယူးစ်ဆွမ် (Gavin Newsom)၊ ဂျေဘီ ပရစ်ဇ်ကာ (JB Pritzker)၊ ဂရက်ချန် ဝှစ်မန် (Gretchen Whitmer၊) သို့မဟုတ် ကင်မလာဟဲရစ် ကဒုသမတလောင်းအဖြစ် ရွေးချယ်သော မည်သူမဆို ကို တရားမျှတမည်မဟုတ်ကြောင်း ထရန့် ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန် ဟာ့ချ်စ် (Brian Hughes) က CNN သို့ပြောကြားခဲ့သည်။

ဘိုင်ဒင်မဲဆွယ်စည်းရုံးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ခြေပတိုက်ခိုက်ခဲ့ပြီး “ဒီစကားစစ်ထိုးပွဲကို အခု နှစ်လကျော်ကြာ ဆွေးနွေးပြီးပါပြီ။ တကယ်လို့ ဂျေဒီဗန့်က ထရန့်-ဗန့် (Trump-Vance) မှတ်တမ်းကို စကားစစ်ထိုးပွဲစင်မြင့်ပေါ်မှာ ငြင်းခုံပြောဆိုတဲ့အဆင့်မှာ ခုခံကာကွယ်လိုခြင်း မရှိပါက၊ သူက မငြင်းခုံလိုပါဘူးလို့ ပြောသင့်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက