နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

Update’ အစ္စရေး-လက်ဘနွန်စစ်ရေးသတင်းများ

++++++++++++++++++++++++++++

ABC သတင်းများ

ဘေရွတ်မြို့လယ်တွင် ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် လူအသေအပျောက် အများဆုံး တိုက်ခိုက်ခြင်းခံခဲ့ရ။

စက်တင်ဘာလ (၃၀) ရက်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ် ကိုလာ (Cola) ရပ်ကွက်ရှိ တိုက်ခန်းအဆောက်အုံတခုကို ညဘက်တွင် အစ္စရေး၏ တိကျစွာ ပစ်ခတ် တိုက်ခိုက်ခံမှုသည် ဘေရွတ်မြို့လယ်တွင် ၁၈ နှစ်တာကာလအတွင်း အစ္စရေး၏ ပထမဆုံးသော တိုက်ခိုက်မှု ဖြစ်သည်။

ပါလက်စတိုင်း လွတ်မြောက်ရေး တပ်ဦးမှ အဖွဲ့ဝင် သုံးဦး အပါအဝင် လူလေးဦး သေဆုံးခဲ့သည်။

စက်တင်ဘာလ (၂၉) ရက်၊ တနင်္ဂနွေနေ့တွင် လက်ဘနွန်တွင် အနည်းဆုံး လူ ၁၀၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် သေဆုံးသူ ၁၀၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုအတွင်း လူပေါင်း ၃၆၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုများသည် လက်ဘနွန်တောင်ပိုင်း၊ ဘီကာ (Bekaa)၊ ဘယ်ဘက်ခ်- ဟာမဲလ် (Baalbek-Hermel) နှင့် ဘေရွတ်(ဒါ ဟေ) Beirut (Dahieh) တောင်ပိုင်းဆင်ခြေဖုံးများတွင် ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့IDF သည် ဟစ်ဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်မှုအသစ်များကို လုပ်ဆောင်ခဲ့ကြောင်းအတည်ပြုခဲ့သည်။

ဒေသစံတော်ချိန် စက်တင်ဘာလ (၃၀) ရက် တနင်္လာနေ့ မနက်အစောပိုင်းတွင် ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို တိုက်ခိုက်ဖို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။

အစ္စရေးလေတပ်သည် လက်ဘနွန်ရှိ ဘက်ကာ (Bekaa) ဒေသရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း IDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပစ်မှတ်များတွင် လောင်ချာများသိုလှောင်ထားသည့်အဆောက်အဦများ ပါဝင်သည်။

လက်ဘနွန်တောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများဟုဆိုသောနေရာများကိုလည်း အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ