နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကောက်ခွန် အရာရှိများ အပါအဝင် စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင် စုစုပေါင်း ၁၇၇ ဦးကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်မည်

မတ်လ (၃၁) ရက်

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ထွက်ပြေးခိုလှုံနေကြသော အကောက်ခွန် အရာရှိများ ပါဝင်သော စုစုပေါင်း ၁၇၇ ဦးကို ပြန်လည် ပို့ဆောင်မည်ဖြစ်သည်။ ယင်းကို လာမည့်လ ပထမပတ် ဧပြီလတွင် ရေတပ်သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် ပြင်ဆင်နေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်တွင်းသတင်းများတွင် ဖော်ပြနေကြသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ် သတင်းဌာန Prothom Alo ကို မတ်လ (၂၈) ရက်နေ့က အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံက အဆိုပါ ၁၇၇ ဦးကို ဧပြီလ ၁ ရက်နေ့တွင် ပြန်လည် ပို့ပေးစေလိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောသည်။ သို့သော် အချို့သော စာရွက်စာတမ်းများနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ၎င်းတို့အား ဧပြီလ ပထမပတ်တွင် ပြန်လည် ပို့ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်လက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မတ်လ ၁၁ ရက်မှ ရက်အနည်းငယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ BGP အဖွဲ့ဝင် ၁၇၂ ဦးနှင့် အကောက်ခွန်အရာရှိ ၃ ဦးတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံဘက်မှ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းအချို့ကြောင့် လူ ၁၇၇ ဦးကို ပြန်လည်ပေးပို့ရာတွင် နှောင့်နှေးခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထောက်များအား ပြန်လည်ဖြေကြားခဲ့သည်။ ယခုတစ်ကြိမ်မှာလည်း ယခင်အခေါက်ကအတိုင်း ရေတပ်သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံက သတင်းအချက်အလက်အချို့ပေးပို့ရာမှာ နှောင့်နှေးနေခြင်းကြောင့် ပြန်ပို့ဖို့ အချိန်ယူနေရသည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၄ ရက်မှစပြီး လေးရက်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိများနှင့် အရပ်သားများအပါအဝင် စုစုပေါင်း လူ ၃၃၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံခဲ့ကြသည်။ ၎င်းတို့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းတို့အားလုံးကို Ukhia ရှိ ရေတပ်ဆိပ်ခံတံတားမှ ရေတပ်သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့