နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အပစ်ရှိကြောင်းစီရင်ချက်ချလိုက်ခြင်း

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား အတုအယောင်စီးပွားရေးမှတ်တမ်းများ အတုပြုလုပ်မှု ၃၄ မှုဖြင့် ရာဇဝတ်မှု ၃၄ မှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့သည့် နယူးယောက် ခုံသမာဓိအဖွဲ့သည် သမ္မတဟောင်း၏ ရက်သတ္တပတ်ကြာ ရုံးတင်စစ်ဆေးမှုကို အဆုံးသတ်စေခဲ့ပြီး သမိုင်းဝင်အမှု၏မျက်နှာစာသစ်တွင် ပါဝင်လာခဲ့သည်။

ယခု ရာဇဝတ်မှုတစ်ခုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပထမဆုံး အမေရိကန်သမ္မတဖြစ်ခြင်း၏ ထူးခြားသောအနေအထားတွင်၊ ထရန့်သည် ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ သူ့အတွက် အဆင်ပြေချောမွေ့စေရန်သူ၏ အရှုပ်တော်ပုံမပေါ်စေရန် တစ်စုံတစ်ဦးအား တစ်စုံတစ်ရာ နှုတ်ဆိတ်နေစေရန် လာဘ်ထိုးခြင်း ဖြင့်ငွေပေးပြီးလုပ်ဆောင်ခဲ့မှုဖြင့် ၎င်း၏ရာဇဝတ်မှုများအတွက် ထောင်ဒဏ် သို့မဟုတ် အကျဉ်းကျခံရနိုင်ခြေကို ရင်ဆိုင်နေရသည်။

သူ့အပေါ် တရားရုံးစီရင်ချက်ချမှုကို နှစ်ရှည်လများ အယူခံဝင်နိုင်ရန် လူသိများသည့် ထရန့် သည် ၎င်း၏ စီရင်ချက်ချမှုကို သိသိသာသာ အချိန်ဆွဲနှောင့်နှေးထားရန် ပြစ်ဒဏ်ကို အယူခံဝင်ဖို့ အလားအလာရှိပြီး လက်ရှိတွင် ဇူလိုင် ၁၁ ရက်အတွက် သတ်မှတ်ထားသည်။

ထရန့် ၏ပြစ်ဒဏ်ချမှတ်ပြီးနောက်အမှုနှင့်ပတ်သက်သည့် သိရန်အချက်များမှာ-

ထရန့် ကို ဘယ်တော့ စီရင်ချက်ချမလဲ။

တရားသူကြီး ဂျူအန်မာချန် သည် ထရန့် ၏ စီရင်ချက်ချခြင်းကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် သတ်မှတ်ခဲ့သည်။ ယခုအချိန်တွင် သမ္မတဟောင်းသည် စီရင်ချက်ချခြင်းကို စောင့်မျှော်နေသဖြင့် ထောင်ပြင်ပတွင် ဆက်လက်ပြီးရှိနေမည်ဖြစ်သည်။ အစိုးရရှေ့နေများသည် ထရန့် အား မည်သည့် အာမခံစာချုပ်ကိုမျှ တင်ရန် မတောင်းဆိုခဲ့ပေ။

ထရန့်သည် ၎င်း၏ပြစ်ဒဏ်ကို အယူခံဝင်နိုင်ပါသလား။

ထရန့် ပြစ်ဒဏ်ချမှတ်ပြီးနောက် မကြာမီတွင် ၎င်း၏ရှေ့နေ တော့ဒ်ဘလန်ချီ (Todd Blanche) သည် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့သော်လည်း စွဲချက်များအား တရားသေလွှတ်ပေးရန် တရားသူကြီးမာချန် အား တောင်းဆိုခဲ့သည်။ တရားသူကြီးက ကြိုတင် တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

ထရန့် က သမ္မတအဖြစ် ရွေးကောက်ခံနိုင်သေးသလား။

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော ရာဇဝတ်သားတစ်ဦးအား နိုင်ငံ၏အမြင့်ဆုံးရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ရစ်ချက် အယ် ဟာဆန် (Richard L. Hasen) က အစဉ်တစိုက် ပြောဆိုခဲ့သည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမတရာထူးအတွက် အရွေးခံရန် ကန့်သတ်ထားသော အရည်အချင်းများ ပါဝင်သည် (အနည်းဆုံး အသက် ၃၅ နှစ်ရှိရမည်ဖြစ်ပြီး အမေရိကားတွင် မွေးဖွားသူဖြစ်ပြီး အမေရိကန် တွင် အနည်းဆုံး ၁၄ နှစ် နေထိုင်သူဖြစ်ရမည်)” ဟု ဟာဆန် မှ ဆက်၍ပြောသည်။

စီရင်ချက်ချခြင်းသည် ထရန့်အတွက် ၎င်း၏မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေမည်လား။

ထရန့် သည် ဖလော်ရီဒါ တွင်နေထိုင်သူဖြစ်သည်။ မန်ဟက်တန်မှာ အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဖလော်ရီဒါတွင် ထရန့် ၏ မဲပေးပိုင်ခွင့်သည် ထောင်ဒဏ် ချမှတ်ခံရခြင်း ရှိ၊ မရှိ နဲ့အကယ်၍ သူထောင်ချခံခဲ့ရလျှင် ရွေးကောက်ပွဲကာလရောက်သည့်အခါတွင် ထိုအပစ်ဒဏ်ကို သူမှ အပြီးတိုင် ကျခံပြီးခြင်း အပေါ် မူတည်ပါသည်။

ဖလော်ရီဒါ၏ ရာဇဝတ်မှုပတ်သက်သည့် မဲပေးခြင်းဆိုင်ရာ တားမြစ်ချက်သည် ပြည်နယ်ပြင်ပတွင် ပြစ်ဒဏ်ချမှတ်ခံရသူများနှင့် သက်ဆိုင်ပါသည်။ သို့သော်လည်း ဖလော်ရီဒီယန်၏ ပြစ်ဒဏ်စီရင်ချက်မှာ ပြည်နယ်ပြင်ပတွင် ရာဇဝတ်မှု ပစ်ဒဏ်ဖြစ်ပါက ကျူးလွန်သူ၏ မဲပေးခွင့်ကို ဖလော်ရီဒါ ပြည်နယ်သားအနေနှင့်ပြန်ရနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို