နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်တိုင်း သာကေတမြို့မှာ သရုပ်ဆောင်ထူးခြား ကားတိုက်ပြေးမှုဖြစ်ပွားခဲ့၊ အတိုက်ခံရသူ စက်ဘီးသမား သေဆုံးခဲ့ရ

ဇူလိုင်လ (၃၀)ရက်။

မနေ့က ည (၇)နာရီ (၁၅)မိနစ်အချိန်က သာကေတမြို့နယ်ရှိ ဧရာ၀ဏ်လမ်းမကြီးမှာ သရုပ်ဆောင် ထူးခြား မောင်းနှင်လာတဲ့ကားက စက်ဘီးသမားတစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ တိုက်သွားတဲ့ကားကို သရုပ်ဆောင် ထူးခြားကမောင်းတာပါ၊ ဧရာ၀ဏ်လမ်း အနော်မာထိပ်မှတ်တိုင်အနီးမှာ ဘတ္ထရီစက်ဘီးစီးလာတဲ့သူကို တိုက်ပြေးသွားတာ၊ ကားကိုတော့ ထားခဲ့တယ်။ စက်ဘီးသမားကတော့ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ဟာ ဧရာ၀ဏ်လမ်းမပေါ်ရှိ Friday Bar ရှေ့မှာ ဖြစ်ပွားခဲ့ပြီး သရုပ်ဆောင် ထူးခြားဟာ ကားထားခဲ့ပြီး ထွက်ပြေးသွားကာ ဘတ္ထရီစက်ဘီးစီးလာသူ အသက်(၆၀)ခန့်ဟာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကားတိုက်ပြေးမှုထဲ သေဆုံးခဲ့သူ စက်ဘီးသမားကို မိတ်ဖက်ပရဟိတအသင်းတွေဖြစ်တဲ့ ဒို့ညီနောင်လူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ပြောဆိုထားပါတယ်။

ကားတိုက်ပြေးခဲ့တဲ့ သရုပ်ဆောင်ထူးခြားဟာ အခုအခါမှာတော့ ထွက်ပြေးလွတ်မြောက်နေကာ သူဟာ Boycott လုပ်ခံထားရပြီး စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ယုန်လေး၊ မြင့်မြတ်တို့နဲ့ ရင်းနှီးသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 19 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 20 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 15 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊
မြန်မာသတင်း

ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 22 Views
မေလ (၂၀)ရက်။ မနေ့က ညပိုင်းအချိန်က ဘားအံခရိုင် ‌ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မော်ဖိုးကေတပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးကျော်ခန့်သာရှိပြီး စတင်တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်တွေကို
မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 28 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ “ တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေအနေနဲ့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 16 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Bloodline ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၁)နာရီ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 25 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့