နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်သာမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

ဒီဇင်ဘာလ (၃၁)ရက်။

မနေ့က နံနက် (၅)နာရီခွဲအချိန် တောင်သာမြို့၊ ဆင်ဖြူရွာမှာရှိတဲ့ စစ်ကောင်စီခန့် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မြင်းခြံ-ညောင်ဦးလမ်းဘေးမှာရှိတဲ့ ဆိပ်ဖြူရွာက စကစခန့် ပြည်သူ့စစ်ခေါင်းဆောင် ဝင်းကိုနဲ့ အဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ထွက်ပြေးသွားကြပါတယ်။ သူတို့ကိုင်တဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။

မြင်းခြံ-ညောင်ဦးလမ်းဘေးရှိ ဆိပ်ဖြူရွာက ပြည်သူ့စစ်ခေါင်းဆောင် ဝင်းကိုနဲ့အဖွဲ့ဟာ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ထွက်ပြေးသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ကိုင်ဆောင်တဲ့ ပြောင်းချော (၂)လက်၊ တူမီး (၁)လက်၊ ပွိုင့်(၂၂) လက်လုပ်(၁)လက်၊ ပါရီ (၁)လက်နဲ့ ဆက်စပ်တဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို တောင်သာပကဖနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Burmese Guerilla Force-Myingyan(BGF)၊ ညောင်ဦးပကဖနဲ့ ညောင်ဦးခရိုင် အမှတ်(၅)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအချိန် ကြာမြင့်လာတာနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက နေရာတိုင်း စစ်ရေးဖော်ဆောင်မှာဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ကောင်စီနဲ့ ဝေးရာ‌မှာနေဖို့၊ မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ အိမ်စီးကားတွေ အမှန်ချမောင်းကြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့