နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံထဲ လူဦးရေ (၅၁)သန်းကျော်ထဲ (၁၉)သန်းကျော်က သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကို စစ်ကောင်စီ ခန့်မှန်းထည့်သွင်းထား

ဇန်နဝါရီလ (၁)ရက်။

မြန်မာနိုင်ငံမှာ လူဦးရေ (၅၁)သန်းကျော်ရှိတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်တာမှာ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကိုပါ ခန့်မှန်းထည့်သွင်းထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ သန်းခေါင်စာရင်းကောက်ယူရရှိခဲ့တဲ့ လူဦးရေဟာ (၃၂)သန်းကျော်ဖြစ်ပြီး သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့ ဒေသတွေကနေ ခန့်မှန်းလူဦးရေဆိုကာ (၁၉)သန်းကျော် ထည့်သွင်းထားတာပါ။

နိုင်ငံရဲ့ လူဦးရေပြောင်းလဲတာကို နှစ်အလိုက် စာရင်းကောက်ယူခဲ့တဲ့အပေါ် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ (၁၀)နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

နှစ်အလိုက် လူဦးရေစာရင်းမှာ အခု ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းက ၂၀၁၄ခုနှစ်က ကောက်ယူခဲ့တဲ့စာရင်းထက် (၂)သိန်းနီးပါး လျော့နည်းနေတာကို စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

အခုလို လူဦးရေပြောင်းလဲတာဟာ မွေးဖွားတာနဲ့ သေဆုံးတာအပါအဝင် ရွှေ့ပြောင်းတာဆိုတဲ့အချက်ကြောင့်ဖြစ်ပြီး ၂၀၂၅နှစ်မကုန်ခင် ထုတ်ပြန်မယ့် ပင်မအစီရင်ခံစာမှာ လေ့လာဖော်ထုတ်သွားမယ်လို့ ပြောဆိုထားပါသေးတယ်။

နောက်ပြီး စစ်ကောင်စီအနေနဲ့ ‌သန်းခေါင်စာရင်းကောက်ယူတာမှာ မြို့နယ်ပေါင်း (၃၃၀)ရှိတဲ့အထဲ (၁၄၅)မြို့နယ်ကိုသာ ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့ပြီး (၁၂၇)မြို့နယ်ကို တစိတ်တဒေသ ကောက်ယူခဲ့ကာ (၅၈)မြို့နယ်ကို မကောက်ယူနိုင်ခဲ့ဘူးလို့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်ထက် နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပွားနေကာ စစ်ဘေးတိမ်းရှောင်သူတွေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူတွေ များပြားလာသလို တော်လှန်ရေးတပ်တွေဘက်က မြို့ (၉၀)ကျော် သိမ်းပိုက်ထားတယ်လို့ သတင်းတွေက ထုတ်ပြန်ထားပါတယ်။

အခုသန်းခေါင်းစာရင်းကနေ ရရှိလာတဲ့ စာရင်းတွေနဲ့ စစ်ကောင်စီက ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကြောင့် အဲ့ဒီမဲစာရင်းတွေဟာ ဘယ်လိုမှ မှန်ကန်နိုင်မှာမဟုတ်ဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို