နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်မှာ လူအုပ်ထဲ ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်လို့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေ ပြော

ဇန်နဝါရီလ (၁) ရက်။

ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၅ မိနစ်တွင် လူဝီစီယားနားပြည်နယ် နယူးအော်လန်းမြို့တွင် ကားတစ်စီး လူအုပ်ထဲသို့ ဝင်တိုက်မိခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့၏ အဆိုအရ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ AP ၏အဆိုအရ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် သံသယရှိသူသေဆုံးသွားပြီဟု ကြေညာထားပြီး အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဒေသခံရဲများ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားမှုသည် နယူးအော်လန်းမြိုရှိ နာမည်ကြီး ခရီးသွားများ စုဝေးရာနေရာ ဖြစ်သည့် French Quarter ရှိ Bourbon လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဧရိယာသည် စားသောက်ဆိုင်များနှင့် ဘားများ စုဝေးရာ နေရာဖြစ်ပြီး နံနက်ခင်းလေးနာရီအထိ လူစည်ကားသည့်နေရာဖြစ်သည့်အပြင် နှစ်သစ်ကူးအကြို ဖြစ်သောကြောင့် လူအများပြားစုဝေးနေကြသည်။ ပစ်ကပ်ထရပ်ကားနှင့် အမျိုးသားတစ်ဦးသည် လူစုလူဝေးကို အရှိန်ပြင်းပြင်း မောင်းနှင်လာပြီးနောက် ကားဖြင့် တိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကားဖြင့်တိုက်ပြီနောက် ကားပေါ်မှဆင်းခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ” ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို တတ်နိုင်သမျှ များများဝင်တိုက်ဖို့ ကြိုးစားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။ ကားဖြင့် တိုက်ရသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သတင်းရင်းမြစ်။ Asahi Shinbum

ရုပ်သံကို ခေတ်မျက်လုံးရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/eraseye/3063

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် နယူးအော်လန်းမြို့၊ Bourbon လမ်းအခင်းဖြစ်ပွားရာနေရာအနီး = AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုအသစ်များထပ်မံ ပြုလုပ်ခဲ့ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၁၅) ရက်။ အစ္စရေးသည် အီရန်နိုင်ငံရှိ မတူညီသော နေရာများကို ပစ်မှတ်ထားပြီး ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု ကြီး ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၁၅) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 16 Views
ဇွန်လ (၁၄) ရက်။ သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အာဖရိက

နိုင်ဂျီးရီးယားတက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ (Ken Saro-Wiwa) ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
နိုင်ဂျီးရီးယားသမ္မတသည် ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာက စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အခြားမဲဆွယ်စည်းရုံးသူ ရှစ်ဦးနှင့်အတူ ကင်ဆာရိုဝီဝါသည် လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ထိုစဉ်က
Israel -Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဘာမှမကျန်တော့မဲ့အဖြစ် မရောက်ခင် သဘောတူညီချက်တစ်ခုယူဖို့ အီရန်ကို ထရန့် သတိပေး

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
အီရန်ကို အစ္စရေးတိုက်ခိုက်ရာမှာ နောက်ကွယ်က အမေရိကန် ပါဝင်နေသလား။ ဇွန်လ ၁၃ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို အမေရိကန်က “အသေအချာ ထောက်ခံတယ်” လို့ ပြောခဲ့ပြီး “ အီရန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုဟာ
Israel -Iran နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်သည် အစ္စရေး၏ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
ဇွန် ၁၃၊ ၂၀၂၅ အီရန်စစ်တပ်နှင့် နျူကလီယားပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်သည် အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ တည်နေရာများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်သည် ပြင်းထန်သော တုံ့ပြန်မှု၏ “အစ” ဟုခေါ်သည့် “ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များ” ကို အစ္စရေးဘက်သို့
နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ စစ်ရေးနှင့် နျူကလီးယားခေါင်းဆောင်များ အပါအဝင် သြဇာကြီးမားသော အမျိုးသားအချို့ သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ရက် အီရန်၏ အဆင့်အမြင့်ဆုံး တပ်မတော်အရာရှိ၊ ၎င်း၏ ထိပ်တန်း တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ၊ ၎င်း၏ လေတပ်နှင့် အမျိုးသား လုံခြုံရေး အကြီးအကဲဟောင်းတစ်ဦးတို့သည် အစ္စရေး၏ မကြုံစဖူးသော “ထလာသောခြင်္သေ့စစ်ဆင်ရေး”တွင် သေဆုံးခဲ့ရသည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို တိုက်ခိုက်ရာမှာ အမေရိကန်လုပ် တိုက်လေယာဉ်တွေ အသုံးပြုထားတဲ့ဓာတ်ပုံကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 18 Views
ဇွန်လ (၁၃) ရက်။ ၁၃ ရက်နေ့တွင် အစ္စရေးစစ်တပ်မှ ထုတ်ပြန်သော ဓာတ်ပုံများ၌ အမေရိကန်လုပ် F-35၊ F-15 နှင့် F-16 တိုက်လေယာဉ်များသည် အီရန်ကို လေကြောင်းနှင့်တိုက်ခိုက်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း ပြသခဲ့သည်။ အီရန်၏နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့်