နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈) သင်တန်းဆင်းပွဲတွေပြုလုပ်

မတ်လ (၁)ရက်။

မနေ့က စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေက နယ်မြေသင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈) သင်တန်းဆင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီသတင်တန်းဆင်းပွဲမှာ စစ်ကောင်စီက ‌စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေး ပထမဆုနဲ့ အိပ်ဆောင်အကောင်းဆုံးဆုတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲကို နေပြည်တော်အပါအဝင် စစ်ကောင်စီရဲ့ တိုင်းနဲ့ပြည်န်ူ ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်မှုထမ်းသင်တန်းသားတွေကို ကြံ့ခိုင်ရေးဘာသာ‌ရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စတဲ့ ဘာသာတွေနဲ့ အထွေထွေဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဂာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် တပ်သားစုဆောင်းပြီး သင်တန်းတွေ စတင်ခေါ်ယူခဲ့ကာ (၂)နှစ်နီးပါးအကြာမှာတော့ အပတ်စဉ် (၈)အထိ ရောက်ရှိခဲ့တာပါ။

အခုလို သင်တန်းအပတ်စဉ်(၈)မှာ သင်တန်းဆင်းတဲ့ သင်တန်းသားအရေအတွက်ကိုတော့ ‌ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းကို (၃)လအကြာ ဖွင့်လှစ်သင်ကြားပြီး ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်နေသလို တဖက်မှာလဲ စစ်မှူထမ်းသင်တန်းဆင်း တပ်သားတွေဟာ တော်လှန်ရေးတပ်တွေဆီ လက်နက်ချအလင်းဝင်တာတွေ ရှိနေပါတယ်။

အင်အားလိုအပ်ချက်ရှိနေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် တပ်သားစုဆောင်းရာမှာ အတင်းအဓမ္မ ဖမ်းဆီး ပေါ်တာဆွဲတာတွေကြောင့် လူငယ်တွေဟာ ပြည်ပထွက်တာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံတာတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့
မြန်မာသတင်း

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးသွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 23 Views
ဇူလိုင်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ‌နွေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ TNLA က ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် ဩဂုတ်လကုန်ပိုင်းလောက်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာရှိတယ်။ ဒီကြားထဲမှာလဲ တိုက်ပွဲတွေရပ်ဖို့နဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 42 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့နဲ့ သူတို့နဲ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC