နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တင်းမာသော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာချိန် သမ္မတထရမ့်၏ မျက်နှာသည် ဒေါသများဖြင့် နီရဲလာသည်။

မတ်လ (၁) ရက်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ထိပ်သီးဆွေးနွေးပွဲဟာ ကနဦးမှာ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့ စတင်ခဲ့ပေမဲ့ အငြင်းအခုံတွေ ဖြစ်လာခဲ့ပြီး တွေ့ဆုံမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

စကားဝိုင်းကို ဒေါသတောက်လောင်စေခဲ့တာကတော့ ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ ဗန့်စ်က “ ဒါက မခန့်လေးစားတာ” လို့ မှတ်ချက်ပေးခဲ့တာကနေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ခြေဟန်လက်ဟန်နဲ့ တုံ့ပြန်ခဲ့တဲ့ ဇလန်းစကီးကို ထရမ့်က ဒေါသထွက်ပြီး မျက်နှာနီရဲသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သမ္မတရုံးခန်းမှာ အခြေအနေတွေ တင်းမာခဲ့ရပါတယ်။။

“ ကျေးဇူးတင်ပါတယ်” လို့ တစ်ခါလောက် ပြောဖူးရဲ့လား။ ဇလန်းစကီးက သူ့နိုင်ငံကို ကျူးကျော်နေတဲ့ ရုရှားနဲ့ ပတ်သက်ပြီး အမေရိကန်က လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုတဲ့အခါ ဗန့်စ်က “မင်းနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နဲ့ သမ္မတကို ကျေးဇူးတင်ကြောင်းပြောပါ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားကို ရုရှားသိမ်းယူခဲ့တာ ရပ်တန့်လို့ မရခဲ့ကြောင်း ဇလန်းစကီးက ထောက်ပြခဲ့ပါတယ်။ ရုရှားတွေဟာ ၂၀၁၉ ခုနှစ်မှာ ချုပ်ဆိုတားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မလိုလားဘဲ ဇလန်းစကီးဟာ “ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာတော့ နှစ်ဖက်ပူးတွဲလုပ်ဖို့ စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ “ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစား လုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် သူ့ဘက်က အဆင်သင့်ရှိတဲ့အချိန် သူပြန်လာနိုင်တယ်” လို့ ရေးသားခဲ့ပါတယ်။

တင်းမာသော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာချိန် သမ္မတထရမ့်၏ မျက်နှာသည် ဒေါသများဖြင့် နီရဲလာသည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ထိပ်သီးဆွေးနွေးပွဲဟာ ကနဦးမှာ နွေးထွေးသော အငွေ့အသက်တွေနဲ့ စတင်ခဲ့ပေမဲ့ အငြင်းအခုံတွေ ဖြစ်လာခဲ့ပြီး တွေ့ဆုံမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

စကားဝိုင်းကို ဒေါသတောက်လောင်စေခဲ့တာကတော့ ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ ဗန့်စ်က “ ဒါက မခန့်လေးစားတာ” လို့ မှတ်ချက်ပေးခဲ့တာကနေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ခြေဟန်လက်ဟန်နဲ့ တုံ့ပြန်ခဲ့တဲ့ ဇလန်းစကီးကို ထရမ့်က ဒေါသထွက်ပြီး မျက်နှာနီရဲသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သမ္မတရုံးခန်းမှာ အခြေအနေတွေ တင်းမာခဲ့ရပါတယ်။။

“ ကျေးဇူးတင်ပါတယ်” လို့ တစ်ခါလောက် ပြောဖူးရဲ့လား။ ဇလန်းစကီးက သူ့နိုင်ငံကို ကျူးကျော်နေတဲ့ ရုရှားနဲ့ ပတ်သက်ပြီး အမေရိကန်က လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုတဲ့အခါ ဗန့်စ်က “မင်းနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နဲ့ သမ္မတကို ကျေးဇူးတင်ကြောင်းပြောပါ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားကို ရုရှားသိမ်းယူခဲ့တာ ရပ်တန့်လို့ မရခဲ့ကြောင်း ဇလန်းစကီးက ထောက်ပြခဲ့ပါတယ်။ ရုရှားတွေဟာ ၂၀၁၉ ခုနှစ်မှာ ချုပ်ဆိုတားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မလိုလားဘဲ ဇလန်းစကီးဟာ “ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာတော့ နှစ်ဖက်ပူးတွဲလုပ်ဖို့ စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ “ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစား လုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် သူ့ဘက်က အဆင်သင့်ရှိတဲ့အချိန် သူပြန်လာနိုင်တယ်” လို့ ရေးသားခဲ့ပါတယ်။

ကျိုဒိုသတင်း

[ဓာတ်ပုံ] အမေရိကန်သမ္မတ၊ ဒုတိယသမ္မတနဲ့ ဇာလန်းစကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို