နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေစတင်ပြုလုပ်လာ

++++++++++++++++++++++

ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်ခဲ့ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကိုလည်း “အဖျက်သမားကပ်ပါးကောင်”လို့ ကင်ပွန်းတပ်ရှုတ်ချလိုက်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းကွပ်ကဲရေး စစ်ဌာနချုပ်က ဖော်ပြတဲ့ စစ်ရေးလေ့ကျင့်မှုဗီဒီယိုမှာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကို ပိုးနှံကောင်အဖြစ် ပုံဖော်ထားပြီး မီးလောင်နေတဲ့ ထိုင်ဝမ်ကျွန်းပေါ်ကနေ ထမင်းစားတူနဲ့ ဆွဲထုတ်နေတဲ့ပုံစံ သရုပ်ဖော်ထားပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ဘေဂျင်းအစိုးရကို လိုင်ချင်းတီက နိုင်ငံရပ်ခြားကို ရန်လိုတဲ့အင်အားစုလို့ ဝေဖန်ခဲ့တာကြောင့် တရုတ်နိုင်ငံက အင်္ဂါနေ့မှာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုနဲ့အတူ တစ်ချိန်တည်းမှာ ထုတ်ပြန်ခဲ့တဲ့ ဝါဒဖြန့်ဗီဒီယိုမှာ တရုတ်စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးသင်္ဘောတွေဟာ ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံထားတဲ့ ရုပ်ပုံတွေကိုပါ ဖော်ပြခဲ့တာပါ။ ထိုင်ဝမ်ရဲ့ စစ်ဘက်အရာရှိနှစ်ဦးကတော့ တရုတ်စစ်သင်္ဘော 10 စင်းကျော်ဟာ ထိုင်ဝမ်ကျွန်းရဲ့ ရေမိုင် 24 ကီလိုမီတာအကွာကို ရောက်ရှိလာခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ဖို့အတွက် ထိုင်ဝမ်ကလည်း စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ကျွန်းပတ်ပတ်လည်မှာ ကင်းလှည့်ပျံသန်းခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ ပိုက်နက်နယ်မြေအဖြစ်သတ်မှတ်ထားပြီး ဒီမိုကရေစီနည်းအရ အုပ်ချုပ်နေတဲ့ အဲဒီကျွန်းကို သူတို့ရဲ့ အချုပ်အခြာအောက်မှာ ထားရှိဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ထိုင်ဝမ်အစိုးရကတော့ သူတို့အနေနဲ့ ဘေဂျင်းအစိုးရရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ငြင်းပယ်ထားပြီး မိမိတို့အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 35 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို