နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားထိန်းသိမ်းရေးစခန်းမှာ သေဆုံးသွားတဲ့ ယူကရိန်း အမျိုးသမီးငယ် သတင်းထောက်အလောင်းကို မော်စကိုက နှိပ်စက်ညှဉ်းပန်းမှုလက္ခဏာတွေနဲ့ ပြန်ပေး

မေလ (၁) ရက်။

လအတော်ကြာ ရုရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဆက်အသွယ်မရရှိတဲ့ ယူကရိန်းအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ယူကရိန်းနိုင်ငံကို ပြန်ပို့လိုက်ပြီးသူမရဲ့ ကိုယ်ခန္ဓာပေါ်မှာ နှိပ်စက်ညှင်းပန်းခံရတဲ့အမှတ်အသားတွေရှိတယ်လို့ ယူကရိန်းအစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းနဲ့ ရုရှားအကြား အလောင်းလဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားက အလောင်းပြန်ပေးလိုက်တဲ့ ယူကရိန်းသတင်းထောက် ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna) ဟာ သတင်းပေးပို့တဲ့ခရီးစဉ်အတွင်း ပျောက်ဆုံးသွားသူဖြစ်ပြီး ရုပ်အလောင်းကို ရုရှားက ပြန်လည်ပေးအပ်ခဲ့ကြောင်း ကိ့ဗ်က ပြောပါတယ်။

ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးမှ စစ်ရာဇဝတ်မှုဌာန အကြီးအကဲ ယူရီဘယ်လိုဆော့ဗ် (Yuriy Belousov) က မှုခင်းဆေးစစ်ချက်တွင် “ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကြမ်းတမ်းသော ဆက်ဆံခံရမှု လက္ခဏာများစွာကို တွေ့ရှိခဲ့ရသည်” လို့ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးတွင် ပွန်းပဲ့ခြင်းနဲ့ သွေးယိုစိမ့်ခြင်း၊ နံရိုးကျိုးခြင်းနဲ့ လျှပ်စစ်ရှော့ခ်တိုက်ခြင်းတို့ ဖြစ်နိုင်တဲ့သဲလွန်စတွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့တယ်။

ရိုရှီနာ အသက်ရှင်နေစဥ်အချိန်အတွင်း ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းနိုင်ငံသားများကို ညှဉ်းပန်းနှိပ်စက်တဲ့နည်းလမ်းအဖြစ် လျှပ်စစ်ရှော့တိုက်တာကို အသုံးပြုကြောင်း လူသိများပြီး အဲ့ဒီအလေ့အကျင့်ကို ကျယ်ပြန့်စွာ အသုံးချတဲ့ သဘောသဘာဝကို အရင်က CNN က မှတ်တမ်းတင်နိုင်ခဲ့တယ်။

“အမည်မသိအမျိုးသား” လို့ အမည်တပ်ထားတဲ့ ရုရှားက ရောက်ရှိလာတဲ့အလောင်းလို့ သိရပေမဲ့ အဲ့ဒီရုပ်အလောင်းကို ဗစ်တိုရီယာ ရိုရှီနာ ဖြစ်ကြောင်း DNA နဲ့ ထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာမှုတွေကနေ အတည်ပြုနိုင်ခဲ့တာလို့ ဘယ်လို ဆော့ဗ် (Belousov) က ပြောကြားခဲ့ပါတယ်။ ဗစ်တိုရီယာ ရိုရှီနာ ဘယ်လို သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ကြောင်း အလောင်းရဲ့ အခြေအနေကို ပြောကြားခဲ့ပေမဲ့ အဖြေတွေ ပိုမိုရရှိနိုင်ဖို့ ယူကရိန်းက နိုင်ငံတကာ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ukrainska Pravda သတင်းဌာနမှ ရိုရှီနာ

++++++++++++++++++++

ဗစ်တိုရီယာရိုရှီနာရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့ ခန္ဓာကိုယ်တွင်းက ပျောက်ဆုံးနေတဲ့အင်္ဂါတွေနဲ့အတူ ရုရှားက ပြန်ရောက်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ကိုင်တွယ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်တွေကို ကိုးကားပြီး ဦးနှောက်၊ မျက်လုံးနဲ့ လေပြွန် ဒါမှမဟုတ် လေပြွန်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ဖုံးကွယ်ဖို့ ရုရှားက ကြိုးပမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

CNN အနေနဲ့ ရုရှားလူ့အခွင့်အရေးဆိုင်ရာ ဖက်ဒရယ်ကော်မရှင်နာ တာယာနာ မိုကာလ်ကိုဗာ (Tatyana Moskalkova) နဲ့ ရုရှားပြည်တွင်းရေးဌာနတွေကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

ထိန်းသိမ်းရေးစခန်းတွင် ရက်ရက်စက်စက် ချုပ်နှောင်ခံခဲ့ရခြင်း

ဗစ်တိုရီယာ ရိုရှီနာဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သတင်းထောက်တဦးဖြစ်တဲ့သူမဟာ ယူကရိန်းနိုင်ငံတွင်းရှိ ရုရှားနိုင်ငံက ချုပ်ကိုင်သိမ်းပိုက်ထားတဲ့ ဒေသအစိတ်အပိုင်းတစ်ခုကို သွားရောက်ကာ ရုရှားတို့ရဲ့ အောက်မှာ နေထိုင်သူတွေရဲ့ အအခြေအနေတွေကို သသတင်းယူဖို့ သွားရောက်ခဲ့တယ်လို့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်း မီဒီယာတစ်ခုဖြစ်တဲ့ ဟာရိုမက်စကီ (Hromadske) ရဲ့ အယ်ဒီတာဟောင်းအဖြစ် ဗစ်တိုရီယာ ရိုရှီနာနဲ့ တွဲလုပ်ခဲ့တဲ့သတင်းထောက် အီ့ဂျင်နီယာ မိုတိုရာ့ဗ်စကာရာ (Evgeniya Motorevskaya) က ငယ်ရွယ်သူသတင်းထောက်မလေးဟာ သူမရဲ့အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူမအတွက် သတင်းစာပညာထက် ပိုအရေးကြီးတာ ဘာမှမရှိပါဘူး။ ဗစ်တိုရီယာဟာ နိုင်ငံအတွက် အရေးကြီးဆုံး အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ နေရာကို သတင်းယူဖို့ သွားခဲ့တာပါ။ ပြီးတော့ သူမအနေနဲ့ ဒါကို နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ချင်ပေမယ့် ရုရှားတွေက သူ့ကို သတ်ခဲ့တယ်” ဟု ဗစ်တိုရီယာ ရိုရှီနာရဲ့ သေဆုံးမှုကို ပထမဆုံးကြေညာတဲ့အချိန်မှာ ဟာရိုမက်စကီသတင်းရဲ့ ၀က်ဘ်ဆိုက်မှာ ထုတ်ဝေတဲ့ ကြေညာချက်မှာ သူမက ပြောကြားခဲ့ပါတယ်။

ဗစ်တိုရီယာ ရိုရှီနာရဲ့ ဖခင်ဟာ တာဝန်ကျစဉ်အတွင်း သူမထံကနေ မက်ဆေ့ခ်ျတွေကို ပြန်လည်တုံ့ပြန်တာ မမရှိတော့တဲ့အတွက် ပထမဦးဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ကိုးလအကြာမှာ မော်စကိုက သူမကို ထိန်းသိမ်းထားတယ်လို့ ဝန်ခံခဲ့ပြီး သူမရဲ့မိသားစုဟာ သူမကို ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရှိခဲ့ကြပါဘူး။

အခြားယူကရိန်းအရပ်သား ထောင်ပေါင်းများစွာကဲ့သို့ပင် ဗစ်တိုရီယာ ရိုရှီနာကို ရုရှားအာဏာပိုင်တွေက သူတို့သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေအတွင်းမှာ ဖမ်းဆီးခဲ့ပြီး ရုရှားနိုင်ငံတွင်းကို ခေါ်ဆောင်သွားခဲ့ပေမဲ့ စွဲချက်တင်ခြင်း ဒါမှမဟုတ် စစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကျန်းမာသန်စွမ်းတဲ့ အသက် ၂၇ နှစ်အရွယ် ဗစ်တိုရီယာ ရိုရှီနာဟာ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့မိသားစုဟာ တလကျော်အကြာမှ ရုရှားနိုင်ငံထံက အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေ ကုသရေး ယူကရိန်းညှိနှိုင်းရေးစင်တာက ပြောရေးဆိုခွင့်ရှိသူ ပက်ထရို ယက်စန်ကို (Petro Yatsenko) က ရုရှားနိုင်ငံတောင်ပိုင်း တာဂန်ရော့(Taganrog) မြို့ရှိ ထိန်းသိမ်းရေးစခန်းကနေ မော်စကိုကို ပြောင်းရွှေ့ခံရစဉ် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ဗစ်တိုရီယာ ရိုရှီနာ သေဆုံးသွားခဲ့ပါတယ်။ ဗစ်တိုရီယာ ရိုရှီနာ သေဆုံးသွားကြောင်း အောက်တိုဘာလမှာ ရုရှားဖက်က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဟာ အကျဉ်းသားလဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူမလွတ်မြောက်ရေးအတွက် ပြင်ဆင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

တာဂန်ရော့ (Taganrog) ရှိ ထိန်းသိမ်းရေးစခန်းဟာ အကျဉ်းသားတွေကို ရက်စက် ကြမ်းကြုတ်စွာ ပြုမူခြင်းကြောင့် လူသိများပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ၊ အစားအစာ လုံလောက်စွာ မရရှိသလို အခြေခံကျန်းမာရေး စောင့်ရှောက်မှုလည်း မပေးဘူးလို့ သိရပါတယ်။ အဲ့ဒီနေရာမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အကျဉ်းသားတွေက အရင်က CNN ကို ပြောဆိုခဲ့ဖူးပါတယ်။

Ukrainska Pravda သတင်းဌာနနဲ့ သတင်းထောက်တွေဟာ သူမသေဆုံးကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံတကာ မီဒီယာတစ်ဒါဇင်ကျော်က သတင်းထောက်တွေနဲ့ ပူးပေါင်းပြီး သူမဘဝရဲ့ နောက်ဆုံးလအနည်းငယ်အတွင်း ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိရှိဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါဇင်နဲ့ချီတဲ့ အကျဉ်းသားတွေအပြင် ထောင်စောင့်တွေနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေပါ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ဟာ သူမရဲ့လှုပ်ရှားမှုတွေကို ခြေရာခံနိုင်ပြီး သူမ ချုပ်နှောင်ခံရမှုအတွင်း ရက်စက်ကြမ်းကြုတ်စွာ နှိပ်ဆက်ခံရမှုကို ဖော်ထုတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna)

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna) ၏လုပ်ဖော်ကိုင်ဖက်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကိ့ဗ် (Kyiv) တွင် ဆုတောင်းမှုကို တက်ရောက်ခဲ့ကြစဉ်(ဓာတ်ပုံ)

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna)၏သူငယ်ချင်းကသူ့ပုံကိုကိုင်၍ထားစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 38 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 55 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင် ဘာလုပ်မည်နည်း။ သို့မဟုတ် ဒေါ်လာ ၁၄၀,၀၀၀ တန်ဖိုးရှိသော အကြွေးများ ကင်းလွတ်ခွင့် ရမည်ဆိုလျှင်ကော။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “မကြုံစဖူး” တိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နည်းပညာကြောင့် အင်အားကြီးရန်သူကို ယူကရိန်း အသာစီးရနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ယူကရိန်းရှိ ရုရှားစစ်ပွဲ ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး မြည်သံတစ်ခု၊ ဖုန်မှုန့်များ လွင့်ပျံသွားမှု၊ မှုန်ဝါးဝါးပုံရိပ် ပြန်လည်ကြည်လင်လာချိန်တွင် ခေတ္တရပ်တန့်သွားခြင်း၊ ထို့နောက်တွင်တော့ ပြင်းထန်သော