နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက်

ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “မကြုံစဖူး” တိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့သည်။

ပစ်မှတ်ထားခံရသည့် နေရာများတွင် ရေတပ်အဆောက်အအုံများအပြင် ရေနံသိုလှောင် ရုံများနှင့် ဆိပ်ကမ်းများ ပါဝင်ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် စိန့်ပီတာစဘတ် တည်ရှိရာ လီနင်ဂရက် (Leningrad) ဒေသကို ယူကရိန်းဒရုန်း အမြောက်အမြားက ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၏ ဒါးဗို့စ် (Davos) ဖိုရမ်ဗားရှင်းဟု တင်စားလေ့ရှိသည့် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) စတင်ရန် နာရီပိုင်းအလို ဗုဒ္ဓဟူးနေ့အစောပိုင်းက ထိုဒေသပေါ်တွင် ယူကရိန်းဒရုန်း ၆၀ ခန့်ကို ပစ်ချခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။

“လီနင်ဂရက်ဒေသပေါ်မှာ ယူအေဗီ (UAV – ဒရုန်း) စုစုပေါင်း ၁၄၁ စင်းကို ပစ်ချနိုင်ခဲ့ပါတယ်” ဟု ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဒရော့ဇ်ဒန်ကို (Aleksandr Drozdenko) က ပြောကြားပြီး ယင်းကို “မကြုံစဖူး တိုက်ခိုက်မှု” ဟု ဖော်ပြခဲ့သည်။

“မနေ့ညက ကျွန်တော်တို့ရဲ့ ဒရုန်းတွေဟာ စိန့်ပီတာစဘတ်ဒေသ — ရန်သူ့ရေတပ်ရဲ့ လက်နက်တိုက်တွေနဲ့ ကရွန်ရှတတ် (Kronstadt) မှာရှိတဲ့ အခြေစိုက်စခန်းဆီကို ကီလိုမီတာ ၁,၀၀၀ ခန့် အကွာအဝေးအထိ ပျံသန်းတိုက်ခိုက်ခဲ့ပါတယ်” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး (Volodymyr Zelensky) က စနေနေ့တွင် ပြောကြားခဲ့သည်။

ကရွန်ရှတတ်သည် ဘောလ်တစ်ပင်လယ် အရှေ့ပိုင်းရှိ ရုရှားရေတပ်အတွက် အဓိက အခြေစိုက် စခန်း၊ ပြုပြင်ရေးနှင့် ထောက်ပံ့ရေးဗဟိုချက်ဖြစ်ပြီး ရေတပ်အကယ်ဒမီ လည်း ရှိသည်။ ဗုဒ္ဓဟူးနေ့က ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရုရှားစစ်သင်္ဘောတစ်စင်းကို ယူကရိန်းဒရုန်းတစ်စင်းက ထိမှန်ခဲ့သည်။

တရားဝင်သတင်းအေဂျင်စီ TASS ၏ အဆိုအရ ကရွန်ရှတတ်မြို့ကို စနေနေ့တွင် လမ်းပန်း ဆက်သွယ်ရေး ရက်သတ္တပတ်အနည်းငယ်ကြာ ပိတ်ထားခဲ့ရသည်။

“စိန့်ပီတာစဘတ်မြို့ဟာ စစ်ဘက်ဆိုင်ရာ ဒရုန်းတွေရဲ့ အကြီးအကျယ် တိုက်ခိုက်မှုကို ခံခဲ့ရ ပါတယ်” ဟု မြို့တော်အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘက်ဂလော့ဗ် (Aleksandr Beglov) က စနေနေ့တွင် တယ်လီဂရမ် (Telegram) ပေါ်၌ ရေးသားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒရော့ဇ်ဒန်ကို က လူပေါင်း ၆၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့်ဘိုရှာယာ အီဇဟိုရာ (Bolshaya Izhora) ရွာတွင် မီးငြှိမ်းသတ်ရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင် နေကြောင်း ပြောကြားခဲ့သည်။ CNN သည် ရုရှားရေတပ်လက်နက်တိုက် တည်ရှိရာ အဆိုပါ ဒေသရှိ နေရာတစ်ခုမှ ထူထပ်သော မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည့် ဗီဒီယိုကို ပထဝီဝင် တည်နေရာ အတည်ပြုနိုင်ခဲ့သည်။

ကရက်စနိုဒါတွင်လည်း ရေနံစည်များ မီးလောင်ကျွမ်း

ဇလန်းစကီးက ယူကရိန်း၏ “အဝေးပစ် ဒရုန်းတိုက်ခိုက်မှုများသည် ရုရှားတောင်ပိုင်း ကရက်စနိုဒါဒေသအတွင်း ကီလိုမီတာ ၅၀၀ ခန့်အထိ ရောက်ရှိသွားပြီး ရေနံသိုလှောင်ရုံ တစ်ခုကို ထိမှန်ခဲ့သည်” ဟု ပြောကြားခဲ့ကာ ကရက်စနိုဒါနှင့် ကရွန်ရှတတ် နှစ်နေရာလုံးတွင် အရှိန်အဟုန်ပြင်းစွာ မီးလောင်ကျွမ်းနေသည့် ဗီဒီယိုများကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။

“စက်သုံးဆီ ထုတ်ကုန်တွေ ပါဝင်တဲ့ သိုလှောင်ကန် အနည်းဆုံး သုံးခု မီးလောင်ကျွမ်း နေပါ တယ်” ဟု ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က အခိုင်အမာ ပြောကြားခဲ့သည်။ “ဒီရေနံသိုလှောင်ရုံဟာ တောင်ပိုင်းနဲ့ အရှေ့ပိုင်း စစ်မျက်နှာပြင်တွေက ရုရှားစစ်တပ်တွေကို စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးပေးနေတဲ့ အရေးပါတဲ့ နောက်တန်းဗဟိုချက်ဖြစ်ပါတယ်” ဟု ဆိုသည်။

ရုရှားခေါင်းဆောင်သည် အဆိုပါဖိုရမ်တွင် မိန့်ခွန်းပြောကြားရန် ပြင်ဆင်နေစဉ်၊ ဇလန်းစကီးက ပူတင်ထံသို့ နှစ်နိုင်ငံအကြား လေးနှစ်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး နှစ်ရက်အကြာတွင် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပူတင်က ထိုစာကို “ရိုင်းစိုင်းသည်” ဟု ခေါ်ဆိုကာ ပယ်ချခဲ့ပြီး ဇလန်းစကီး၏ စေတနာအမှန်အပေါ် သံသယရှိကြောင်း ပြောကြား ခဲ့သည်။ ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းသမ္မတအနေဖြင့် စကားပြောဆိုလိုပါက “မော်စကိုသို့ လာနိုင်သည်” ဟု ပြောကြားခဲ့သည်။

ယူကရိန်းသည် လက်ရှိတွင် စစ်ပွဲ၏ ရှေ့တန်းအချို့နေရာများတွင် အသာစီးရနေပုံရသည်။

ရုရှားဘီလီယံနာများနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချမှတ်သူများ တွေ့ဆုံ ဆွေးနွေးနေသည့် ပွဲအလယ်တွင် ဇလန်းစကီး၏ စာပေးပို့မှု အချိန်ကိုက်ဖြစ်နေခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဟု ရှုမြင်ကြသည်။ ရုရှားစီးပွားရေးသည် ရုန်းကန်နေရပြီး ဇလန်းစကီး သည် စီးပွားရေးထိပ်သီးများအကြား တိုးပွားလာနေသော မငြိမ်မသက်မှုများကို အခွင့်ကောင်း ယူရန် မျှော်လင့်နေသည်။

စက်သုံးဆီ ထောက်ပံ့မှုများ ကျပ်တည်းလာ

ရုရှား အရေးပေါ်ကယ်ဆယ်ရေးဌာနက ကရက်စနိုဒါရှိ ရေနံသိုလှောင်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စနေနေ့တွင် ဝန်ခံခဲ့သည်။ လူပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ကိရိယာ ၅၀ ကျော်ကို အသုံးပြုခဲ့ရ ကြောင်း ၎င်းတို့က ဆိုသည်။

ကီလိုမီတာ ၂,၃၀၀ (မိုင် ၁,၄၀၀) ခန့်အကွာရှိ ယူရယ်လ် (Urals) ဒေသတွင်မူ ကျူမင် (Tyumen) ရေနံသန့်စင်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားကြောင်း ဒေသန္တရအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ “နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သန့်စင်ရေး ယူနစ်တစ်ခု မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ” ဟု အာဏာပိုင်များက ပြောသည်။ “မီးလောင်မှုဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားတာဆိုတဲ့ သတင်းတွေဟာ မမှန်ပါဘူး” ဟု ဆိုသည်။

ကိယက်ဗ် (Kyiv) သည် မကြာသေးမီလများအတွင်း ရုရှား၏ အဓိကရေနံ အခြေခံ အဆောက်အအုံများကို အဝေးပစ်ဒရုန်း ရာပေါင်းများစွာဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး၊ စက်သုံးဆီထောက်ပံ့မှုများကို ကျပ်တည်းစေကာ ပြည်သူများအပေါ် စီးပွားရေးအရ ဖိအားများကို ပိုမိုဆိုးရွားစေခဲ့သည်။

နှစ်ဖက်စလုံးသည် ညဘက်တွင် တစ်ဦးနှင့်တစ်ဦး၏ နယ်မြေအတွင်းသို့ ဒရုန်း ရာပေါင်း များစွာဖြင့် ပုံမှန်ပစ်ခတ်လေ့ရှိသော်လည်း ယူကရိန်း၏ အဝေးပစ်ဒရုန်းများသည် ရုရှား၏ စွမ်းအင်အဆောက်အအုံများ၊ စစ်အခြေစိုက်စခန်းများနှင့် စက်ရုံများကို ပစ်မှတ်ထားရာတွင် ပိုမိုထိရောက်လာခဲ့သည်။

ယူကရိန်းစစ်တပ်က ရုရှားသည် သောကြာနေ့ညမှ စနေနေ့အထိ ဒရုန်း ၂၇၂ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းအနက် ၂၄၉ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နေရာ ၁၁ ခုတွင် ထိမှန်မှုများ ရှိခဲ့ကြောင်း လေတပ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၊ ကရက်စနိုဒါခရိုင် (Krasnodar Krai) ရှိ ရေနံသိုလှောင်ရုံတစ်ခု မီးလောင်ကျွမ်းနေစဉ်။ ဇွန်လ ၆ ရက်။ @ZelenskyyUA/X(ဓါတ်ပုံ)

ရုရှားနိုင်ငံ၊ ကရက်စနိုဒါခရိုင်တွင် တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ ထွက်ပေါ်နေစဉ်။ ဇွန်လ ၆ ရက်။ @ZelenskyyUA/X (ဓါတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက