နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရှီနှင့် ပူတင်တို့သည် ပုခုံးချင်းယှဉ် ရပ်တည်နေကြစဥ် တရုတ်ခေါင်းဆောင်က သူသည် အစားထိုးပေါ်လာသည့်ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မိမိကိုယ်ကိုပုံ ဖော်ပြခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သည်မိမိနိုင်ငံအနေနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်ရေး နှင့် သူ့လုပ်ဖော်ကိုင်ဖက်များအား ဒေါ်လာသန်းထောင်ပေါင်း  များစွာ ထောက်ပံ့ ကူညီပေးမည်ဖြစ်ကြောင်း ကတိပြုအာမခံခဲ့စဥ် သမတဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှု စစ်ပွဲကို နိုင်ငံများအပေါ် ဆင်နွှဲနေခဲ့ပြီး သူ၏ အမေရိကန်သည် ပထမဆိုသည့် မူဝါဒ ပေါ်လစီအရ နိုင်ငံခြားတိုင်းပြည်များသို့ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းပစ်ခဲ့သည်။

တရုတ်နှင့်ရုရှားအိမ်နီးချင်းနှစ်နိုင်ငံသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ အားနည်းချက်များကို အသုံးချ၍ ကမ္ဘာလုံးဆိုင်ရာ ပါဝါချိန်ခွင်လျှာကိုပြန်လည် ညှိရန် ကြိုးပမ်းနေချိန်တွင် တရုတ်ကို ကမ္ဘာ့ခေါင်းဆောင်ပိုင်းအနေနှင့် ရုရှားနှင့် ၎င်း၏နီးကပ်စွာ တည်မြဲသော မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးသည့် နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေး၏ တနင်္လာနေ့က မိန့်ခွန်းတွင် ရှီ၏ အဓိကကျသည့် မှတ်ချက် ထွက်ပေါ်လာခဲ့သည်။

“ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကြီးမားသောအရွယ်အစားရှိသောစျေးကွက်များနှင့် အဖွဲ့ဝင်နိုင်ငံများ အကြား စီးပွားရေးပါ၀င်မှုအား မြှင့်တင်ပေးပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးတို့ကို မြှင့်တင်သင့်သည်” ဟု ပီကင်းနှင့် မော်စကို ကျောထောက်နောက်ခံပြု ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင် ၂၀ကျော်ကို ရှီက ပြောကြားခဲ့သည်။

တရုတ်ခေါင်းဆောင်သည် ယခုနှစ်တွင် SCO အဖွဲ့ဝင်နိုင်ငံများအား ထောက်ပံ့ငွေ ယွမ် ၂ ဘီလီယံ (ဒေါ်လာ သန်း ၂၈၀) နှင့် လာမည့် သုံးနှစ်အတွင်း SCO ဘဏ်လုပ်ငန်းစုထံသို့ နောက်ထပ် ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁.၄ ဘီလီယံ) ချေးငွေများ ပေးအပ်မည်ဟု ကတိပြုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီ နှင့် တူရကီသမ္မတ ရီကက်ပ် တေရစ် အာဒိုဂန် တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးအလေးအနက်ထားသူများကို မိန့်ခွန်းတွင် ရှီက အမေရိကန်ပြည်ထောင်စုအား အမည်မဖော်ဘဲ “ဗိုလ်ကျစိုးမိုးရေးဝါဒ” “စစ်အေးခေတ်စိတ်ဓာတ်” နှင့် “အနိုင်ကျင့်သည့်အလေ့အကျင့်များ” ကို ဆန့်ကျင်သွားမည်ဟု ကတိပြုခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များ လွှမ်းမိုးချုပ်ကိုင်သော ကမ္ဘာ့စနစ်အဖြစ် သူမြင်သောအရာကို ဝေဖန်ရန် ထိုစကားလုံးများကို ရှီက မကြာခဏ အသုံးပြုလေ့ရှိသည်။ ထရန့် သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို နိုင်ငံများအား သတိပေး နှိုးဆော်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နုတ်ထွက်ခြင်း၊ နိုင်ငံခြားအကူအညီများ ဖြတ်တောက်ခြင်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေချိန်တွင် ပေကျင်းက အမေရိကန်ကို နိုင်ငံတကာအာဏာစဥ်ကို ပျက်ပြားစေသည်ဟု ရှုမြင်ပြီး ၎င်း၏ကိုယ်ပိုင်အမြင်ကို အစားထိုးတင်ပြရန် အခွင့်အလမ်းကို မြင်လာခဲ့သည်။

“ ကျွန်ုပ်တို့သည် ကမ္ဘာ၏သာတူညီမျှ စည်းစနစ်တကျရှိသော ကမ္ဘာလုံးဆိုင်ရာ အာဏာကို နိုင်ငံများက မျှဝေထိန်းညှိခြင်းကို တွန်းအားပေးကာ အားလုံးအတွက် အကျိုးရှိသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင်ပါဝင် ထောက်ခံကာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို ပိုမိုတရားမျှတပြီး သာတူညီမျှဖြစ်အောင် လုပ်ဆောင်သင့်သည်” ဟု ရှီက ၎င်း၏ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ရှီ၏ မှတ်ချက်စကားကို ပဲ့တင်ထပ်ကာ SCO သည် ယူရေးရှား(အာရှ-ဥရောပ)တွင် လုံခြုံရေး စနစ်သစ် အတွက် အခြေခံအုတ်မြစ်ချခဲ့ပြီး ၎င်းကို အနောက်တိုင်းဦးဆောင်သော မဟာမိတ်အဖွဲ့များ နေရာတွင် အစားထိုးအဖြစ် နေရာယူရမည်ဟု ပူတင်က ပြောကြားခဲ့ပြီးထိုအချက်ကိုအနောက်နိုင်ငံများကဆန့်ကျင်ထားသည်။

စနစ်သစ်သည် ခေတ်မမီတော့သော ဥရောပဗဟိုပြု(Eurocentric) နှင့် ဥရောပ-အတ္တလန်တစ်(Euro-Atlantic) မော်ဒယ်များကို အစားထိုးမည်ဖြစ်ပြီး ကျယ်ပြန့်သော ဖြစ်နိုင်ခြေရှိသော နိုင်ငံများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကာ အမှန်တကယ် ဟန်ချက်ညီစေရန်နှင့် အချို့သောနိုင်ငံများက သူတို့နိုင်ငံလုံခြုံရေးအတွက် အခြားနိုင်ငံများ၏ ကုန်ကျစရိတ်များကို အသုံးပြုရန် ကြိုးပမ်းမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

အနီးကပ်အစီရင်ခံစာ

အဆိုပါ ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် ရုရှားကြား ပိုမိုနီးကပ်သော ဆက်ဆံရေး အတွက် ပြပွဲတစ်ခုဖြစ်ပြီး ၎င်းတို့၏ သက်ဦးဆံပိုင်ခေါင်းဆောင်နှစ်ဦး၏ နှစ်များတစ်လျှောက် ချစ်ကြည်ရင်းနှီးမှုကို ပြသခဲ့သည်။

ရှီနှင့်သူ၏ဇနီး ပင်လီယွန် (Peng Liyuan) တို့သည် ခေါင်းဆောင်များတက်ရောက်ရန်အတွက် ကြိုဆိုပွဲတစ်ခုကျင်းပသောအခါ ရှီနှင့်ပူတင် တို့ နှစ်ဦးကြား နက်ရှိုင်းသော ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို တနင်္ဂနွေနေ့ညနေခင်းတွင် ပြသခဲ့သည်။

ရုရှားနိုင်ငံပိုင်သတင်းဌာန RIA မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ရှီနှင့် ပူတင်တို့သည် အခမ်းအနားတွင် စကားစမြည်ပြောဆိုစဉ် တက်ကြွစွာ ပြုံးနေကြသည်ကို ပြသခဲ့ပြီး ပုံမှန် အားဖြင့် တည်တည်ငြိမ်ငြိမ် နေထိုင်တတ်သော တရုတ်ခေါင်းဆောင်နှင့် တစ်ဖက်ခြမ်း တွင် ကွဲပြားခြားနားသော ရုရှားသမ္မတ၏ နွေးထွေးပြီး ရင်းရင်းနှီးနှီးဆက်ဆံပုံကို ပြသထား သည်။

ကရင်မလင် အုပ်စု

SCO ထိပ်သီးအစည်းအဝေးသည် ယခုလအစောပိုင်းက အလက်စကာတွင် သမ္မတထရန့်နှင့် ပူတင်တို့ တွေ့ဆုံပြီးနောက် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံခွင့်ရသည့် အခွင့်အရေးဖြစ်ပြီး ပူတင်သည် ယူကရိန်းတွင် ၎င်း၏တိုက်ခိုက်မှုကို အဆုံးသတ်ရန် အနောက်နိုင်ငံများ၏ ဖိအားကို တွန်းလှန်နေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကပင် မော်စကို၏ တပ်ဖွဲ့များသည် ယူကရိန်းအပေါ် ၎င်းတို့၏ ဒုတိယအကြီးဆုံး လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။

တနင်္လာနေ့တွင် ပူတင်က ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ၎င်း၏ပြောရေးဆိုခွင့်များကို ပြန်လည်ပြောဆိုရန် SCO ထိပ်သီးအစည်းအဝေးတွင် ၎င်း၏မိန့်ခွန်းကို ပြောကြားခဲ့ပြီး အကျပ်အတည်းမှာ ရုရှားက ယူကရိန်းအပေါ် ရန်လိုခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အနောက်အုပ်စုက ထောက်ခံအားပေးသည့် ယူကရိန်းအာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ခရိုင်းမီးယားနှင့် ယူကရိန်းအရှေ့ပိုင်း နယ်မြေများကို သိမ်းယူပြီးနောက် မော်စကိုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက် ခဲ့သည်။

ရုရှားခေါင်းဆောင်သည် အကျပ်အတည်းဖြေရှင်းရေးတွင် တရုတ်နှင့် အိန္ဒိယတို့၏ ကြိုးပမ်း အားထုတ်မှုများကို ချီးကျူးခဲ့ပြီး အလက်စကာအစည်းအဝေးတွင် ထရန့် နှင့်ရရှိခဲ့သည့် “နားလည်မှု” ကို ယူကရိန်းတွင် ငြိမ်းချမ်းရေးလမ်းဖွင့်ပေးသည်ဟု ဖော်ပြခဲ့သည်။

“ ဒီနေ့နဲ့ မနက်ဖြန်အတွက် စီစဉ်ထားတဲ့ နှစ်နိုင်ငံအစည်းအဝေးတွေအတွင်း၊ အလက်စကာ မှာရှိတဲ့ စေ့စပ်ညှိနှိုင်းမှုရလဒ်တွေအကြောင်း အသေးစိတ်နဲ့ စေ့စပ်သေချာတဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အကြောင်းကြားမှာပါ” ဟု ပူတင်က တနင်္ဂနွေနေ့တွင် နေ့လည်စာစားနေစဉ် အတွင်း ရှီအား အသေးစိတ် အသိပေးထားပြီးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် သူတစ်ယောက်တည်းမဟုတ်ကြောင်း ပြသရန် စုဝေးပွဲကို အသုံးပြုမည်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

“(ပူတင်) က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်ဆန်မှုတွေဟာ အလုပ်မဖြစ်ကြောင်း အထောက်အထားအဖြစ် ရုရှားရဲ့ ခံနိုင်ရည်နဲ့ တရုတ်ရဲ့ ကျောထောက် နောက်ခံကို ဘောင်ခတ်ဖို့ ကြိုးစားသွားမှာပါ” ဟု စင်ကာပူနိုင်ငံ S. Rajaratnam School of International Studies မှ တွဲဖက်ပါမောက္ခ လီ မင်းဂျိုင်(Li Mingjiang )က ဆွေးနွေးပွဲမတိုင်မီ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အထူးသဖြင့် စစ်ပွဲအဆုံးသတ်ရန် ဝါရှင်တန်က အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် မော်စကိုတွင် ခိုင်မာသောမိတ်ဖက်များရှိကြောင်း ပြသရန်၊ အထူးသဖြင့် ရုရှားနိုင်ငံသို့ တရုတ်က နှစ်ဖက်သုံးကုန်ပစ္စည်းများနှင့် စက်ကိရိယာများ ထောက်ပံ့မှုသေချာစေရန်လုပ်ဆောင်နေခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအတွင်းယူကရိန်းစစ်ပွဲ ကလွှမ်းမိုးခဲ့

ယူကရိန်းကျူးကျော်မှု အစောပိုင်းကာလကတည်းက တရုတ်သည် ပဋိပက္ခတွင် သူသည် ကြားနေရေးဖြစ်သည်ဟု ဆိုထားသော်လည်း ပူတင်အစိုးရအတွက် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှု၏ အဓိကမဏ္ဍိုင်အဖြစ် ပေါ်ထွက်လာခဲ့ သည်။

တရုတ်ကုမ္ပဏီများသည် လျှော့စျေးဖြင့် ရုရှားရေနံ အများအပြားကို ၀ယ်ယူခဲ့ပြီး ရုရှား၏ ကာကွယ်ရေးစက်မှုအခြေခံကို အားကောင်းစေသည့် နှစ်မျိုးသုံးကုန်ပစ္စည်းများ အပါအဝင် အရေးကြီးသော ကုန်သွယ်မှုကို ပံ့ပိုးပေးခဲ့သည်ဟု အနောက်တိုင်းခေါင်းဆောင်များက ပြောဆိုခဲ့သည်။ ဘေဂျင်းသည် ရုရှားနှင့် ၎င်း၏ “ပုံမှန်ကုန်သွယ်မှု” သာဖြစ်သည်ဟု ကာကွယ် ပြောဆိုခဲ့သည်။

ယခုနွေရာသီအစောပိုင်းတွင် ထရန့် သည် အဆိုပါမိတ်ဖက်ဆက်ဆံရေးကို ဦးတည်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး တရုတ်သည် ရုရှားထံမှ လောင်စာဆီဆက်လက်ဝယ်ယူပါက ၎င်း၏ကုန်ပစ္စည်းများ အပေါ် ကြီးကြီးမားမား အကောက်ခွန်ကောက်ခံမှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

သို့သော် အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယအပေါ် ယင်းကဲ့သို့ ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ဘေဂျင်းနှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ကြိုးပမ်းနေသောကြောင့် ယခုအချိန်အထိ ခြိမ်းခြောက်မှု နှေးကွေးသွားခဲ့သည်။

အိန္ဒိယအပေါ် ထရန့် ၏၅၀% စည်းကြပ်ခွန်ကောက်ခံမှုသည် မိုဒီနှင့် ဆက်ဆံရေးကို ယိုယွင်း စေခဲ့ပြီး နယူးဒေလီနှင့် ပေကျင်းကြားတွင် သတိကြီးစွာ အခြေတည်သည့် ဆက်ဆံမှုကို အရှိန်မြှင့်ခဲ့သည်။

နှစ်နိုင်ငံစလုံးသည် အမေရိကန်၏ တင်းတင်းကျပ်ကျပ် စည်းကြပ်ခွန်များ ကောက်ခံမှုနှင့် ရုရှားနှင့် ၎င်းတို့၏ ဆက်ဆံရေးအပေါ် အနောက်နိုင်ငံများ၏ စိစစ်မှုကို ရင်ဆိုင်နေရ သောကြောင့် အိန္ဒိယခေါင်းဆောင်မိုဒီ သည်  ရှီကျင့်ဖျင်နှင့် ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့သည်။

တနင်္လာနေ့တွင် မိုဒီသည် SCO ထိပ်သီးအစည်းအဝေးတွင် ၎င်း၏အိမ်ရှင်နှင့် ရုရှားခေါင်း ဆောင် နှစ်ဦးစလုံးနှင့် ၎င်း၏ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့ပြီး ၎င်းတို့နှစ်ဦး ရှီကို နှုတ်ဆက်ရန်အသွားတွင် မိုဒီနှင့် ပူတင်တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင်သုံးဦး တို့သည် အပြုံးနှင့်ရယ်မောကာ စကားစမြည်ပြောဆိုကြသည်။

မိုဒီနှင့် ပူတင်တို့သည် ၎င်းတို့၏တရားဝင် ဆွေးနွေးပွဲသို့ သွားရောက်စဉ် ရုရှားသမ္မတ၏ ဇိမ်ခံကားတစ်စီးဖြစ်သည့် Auru တွင် နာရီနီးပါးကြာ သီးသန့်တွေ့ဆုံမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

“အခက်ခဲဆုံးအချိန်တွေမှာတောင် အိန္ဒိယနဲ့ ရုရှားတို့ဟာ အမြဲတစေ ပခုံးချင်းယှဉ် ရပ်တည်နေပါတယ်” ဟု မိုဒီက အစည်းအဝေးအစတွင် ပြောကြားခဲ့သည်။ “ ယူကရိန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဆက်မပြတ် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ငြိမ်းချမ်းရေးအတွက် လတ်တလော ကြိုးပမ်းမှုတွေအားလုံးကို ကြိုဆိုပါတယ်။”

ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းနှင့်ပတ်သက်သော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ အတွက် မိုဒီက သူ့ရဲ့ထောက်ခံမှုကို ထပ်လောင်းထပ်လောင်း ပြောကြားခဲ့ပြီး ပဋိပက္ခကို အရှိန်လျော့ချဖို့နဲ့ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် အခြားခေါင်းဆောင် နှစ်ဒါဇင်ခန့်တို့ တက်ရောက်မည်ဟု မျှော်လင့်ရပြီး ဘေဂျင်းတွင် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ကြီးမားသော စစ်ရေးပြချီတက်ပွဲတွင် ရှီကသူတို့နှင့် တွေ့မည်ဟု အကဲခတ်များက ဆိုသည်။

အာရှနှင့် အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင် ၂၀ ပါဝင်မည့် အခမ်းအနားမတိုင်မီ ယခုနှစ်တွင် ကျင်းပသည့် SCO အစည်းအဝေးသည် အကြီးဆုံးအဖြစ် တရုတ်တာဝန် ရှိသူများက ဂုဏ်ယူခဲ့သည်။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့အပြင် SCO အဖွဲ့ဝင်များသည် အီရန်၊ ပါကစ္စတန်၊ ဘီလာရုစ်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ပါဝင်သည်။

ရှီ၊ ပူတင်နှင့် မိုဒီတို့သည် လုံခြုံရေး ထိပ်သီးအစည်းအဝေးတွင် ရယ်မောကြ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 80 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 78 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 68 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 70 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 72 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 67 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 40 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ