နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

ဇန်နဝါရီလ (၂)ရက်။

ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဆိုက်ဘာလုံခြုံရေးဥပဒေမှာ ဆိုက်ဘာအလွဲသုံးစားပြုတာ၊ ခွင့်ပြုချက်မရှ်ဘဲ VPN ထူထောင်တာအပြင် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေကို ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။

ဥပဒေပြဋ္ဌာန်းတာဟာ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာ ဒါမှမဟုတ် ဆိုက်ဘာအလွဲအသုံးပြုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းတာကို ထိခိုက်စေတာကနေ ကာကွယ်ဖို့လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမှာ အခန်းပေါင်း (၁၅)ခန်းအထိပါဝင်ပြီး ဆိုက်ဘာမှုခင်းတွေကို ထိရောက်စွာဖော်ထုတ်အရေးယူဖို့ဖြစ်ကာ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဒုသမ္မတတစ်ဦးကို ဥက္ကဋ္ဌအနေနဲ့ ဗဟိုကော်မတီ ဖွဲ့စည်းသွားမယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ‌ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ ‌လုပ်ဆောင်ရင် အနည်းဆုံး တစ်လကနေ အများဆုံး (၆)လအထိ ထောင်ဒဏ်နဲ့ အနည်းဆုံး ကျပ်(၁၀)သိန်းကနေ အများဆုံး ကျပ်သိန်း(၁၀၀)ထက်မပိုတဲ့ ငွေဒဏ် ချမှတ်မယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်‌ဆောက်ရင် အနည်းဆုံး (၆)လကနေ အများဆုံး (၁)နှစ် ထောင်ဒဏ်နဲ့ အနည်းဆုံး ကျပ်သိန်း (၅၀)ကနေ အများဆုံး ကျပ်သိန်း(၂၀၀)ထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်ပြီး အမှုနဲ့ဆိုင်တဲ့ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအနေနဲ့ သိမ်းမယ်လို့ သိရပါတယ်။

အလားတူ ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးရင် အများဆုံး ထောင်ဒဏ် (၆)လအပြင် အနည်းဆုံး ကျပ်(၁၀)သိန်းကနေ သိန်း(၁၀၀)အထိ ချမှတ်မှာဖြစ်သလို အမှုနဲ့ဆိုင်တဲ့ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအနေနဲ့ သိမ်းဆည်းမယ်လို့ ပြောဆိုထားပါတယ်။

ဖွဲ့စည်းထားတဲ့ ဒုသမ္မတတစ်ဦး ဦးဆောင်တဲ့ ဗဟိုကော်မတီကနေ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ဦးစီးကော်မတီ ဖွဲ့စည်းကာ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မတီဝင်တွေကို သမှတ်ထားတဲ့ စရိတ်နဲ့ ချီးမြှင့်ငွေတွေ ခံစားခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းတာဟာ နည်းပညာအသုံးပြုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ထက် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်တယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 6 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ
မြန်မာသတင်း

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့
မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုအပါအဝင် ခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက