နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

ဇန်နဝါရီလ (၂)ရက်။

ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဆိုက်ဘာလုံခြုံရေးဥပဒေမှာ ဆိုက်ဘာအလွဲသုံးစားပြုတာ၊ ခွင့်ပြုချက်မရှ်ဘဲ VPN ထူထောင်တာအပြင် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေကို ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။

ဥပဒေပြဋ္ဌာန်းတာဟာ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာ ဒါမှမဟုတ် ဆိုက်ဘာအလွဲအသုံးပြုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းတာကို ထိခိုက်စေတာကနေ ကာကွယ်ဖို့လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမှာ အခန်းပေါင်း (၁၅)ခန်းအထိပါဝင်ပြီး ဆိုက်ဘာမှုခင်းတွေကို ထိရောက်စွာဖော်ထုတ်အရေးယူဖို့ဖြစ်ကာ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဒုသမ္မတတစ်ဦးကို ဥက္ကဋ္ဌအနေနဲ့ ဗဟိုကော်မတီ ဖွဲ့စည်းသွားမယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ‌ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ ‌လုပ်ဆောင်ရင် အနည်းဆုံး တစ်လကနေ အများဆုံး (၆)လအထိ ထောင်ဒဏ်နဲ့ အနည်းဆုံး ကျပ်(၁၀)သိန်းကနေ အများဆုံး ကျပ်သိန်း(၁၀၀)ထက်မပိုတဲ့ ငွေဒဏ် ချမှတ်မယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်‌ဆောက်ရင် အနည်းဆုံး (၆)လကနေ အများဆုံး (၁)နှစ် ထောင်ဒဏ်နဲ့ အနည်းဆုံး ကျပ်သိန်း (၅၀)ကနေ အများဆုံး ကျပ်သိန်း(၂၀၀)ထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်ပြီး အမှုနဲ့ဆိုင်တဲ့ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအနေနဲ့ သိမ်းမယ်လို့ သိရပါတယ်။

အလားတူ ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးရင် အများဆုံး ထောင်ဒဏ် (၆)လအပြင် အနည်းဆုံး ကျပ်(၁၀)သိန်းကနေ သိန်း(၁၀၀)အထိ ချမှတ်မှာဖြစ်သလို အမှုနဲ့ဆိုင်တဲ့ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအနေနဲ့ သိမ်းဆည်းမယ်လို့ ပြောဆိုထားပါတယ်။

ဖွဲ့စည်းထားတဲ့ ဒုသမ္မတတစ်ဦး ဦးဆောင်တဲ့ ဗဟိုကော်မတီကနေ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ဦးစီးကော်မတီ ဖွဲ့စည်းကာ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မတီဝင်တွေကို သမှတ်ထားတဲ့ စရိတ်နဲ့ ချီးမြှင့်ငွေတွေ ခံစားခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းတာဟာ နည်းပညာအသုံးပြုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ထက် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်တယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို