နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရာထူးမှထုတ်ခံရပြီးနောက် မကျေနပ်တဲ့ အမေရိကန် အစိုးရ ဖက်ဒရယ်ဝန်ထမ်းများကို ရုရှားနှင့် တရုတ်တို့က ခေါ်ယူ

မတ်လ (၂) ရက်။

CNN အထူးဆောင်းပါး။

ရုရှား၊ တရုတ်တို့ အပါအဝင် အမေရိကန်ရဲ့ ရန်သူတွေဟာ အခုအခါ သူတို့ရဲ့ ထောက်လှမ်းရေး အေဂျင်စီတွေကို အမေရိကန် ပြည်ထောင်စု အစိုးရဝန်ထမ်းတွေကို ခေါ်ယူမှု တိုးမြှင့်ဖို့ ညွှန်ကြားနေပြီ ဖြစ်ပါတယ်။ သူတို့ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့သူတွေက မကြာမီ ရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ ယုံကြည်ရတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အရာရှိတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီက အမေရိကန်ထောက်လှမ်းရေးနဲ့ ရင်းနှီးသူ လေးဦးဆီက အချက်အလက်တွေအပြင် CNN က စိစစ်အတည်ပြုထားတဲ့ စာရွက်စာတမ်းတစ်ခုကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရန်ဘက်နိုင်ငံအများအပြားဟာ ဒေါ်နယ်ထရမ့်အစိုးရဲ့ရဲ့ အစုလိုက်အပြုံလိုက် ရာထူးက ဖြုတ်လိုက်တာကို အခွင့်ကောင်းယူဖို့ တက်ကြွစွာ ကြိုးပမ်းနေကြတယ်လို့ ထောက်လှမ်းရေးဘက်က ဆိုပါတယ်။ ရာထူးက နုတ်ထွက်မှုတွေဟာ ဗဟိုအစိုးရဝန်ထမ်းအင်အားတစ်ခုလုံးကို လွှမ်းခြုံမှာ ဖြစ်ပြီး ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုရုံး (OPM) က အခုသီတင်းပတ်အတွင်း အစီအစဉ် အကျဉ်းချုပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ မကြာသေးမီက အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ ကန်ထရိုက်စာချုပ်တွေ ရပ်စဲခံရနိုင်ဖွယ်ရှိတဲ့ အစမ်းသပ်ခံ ဝန်ထမ်းတွေကိုလည်း အာရုံစိုက်နေကြပါတယ်။ အဲ့ဒီဝန်ထမ်းတွေမှာ အမေရိကန်ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံနဲ့ ဗျူရိုကရေစီဆိုင်ရာ အဖိုးတန် သတင်းအချက်အလက်တွေ ရှိနိုင်တယ်လို့ သတင်းရင်းမြစ် နှစ်ခုက ဒါကို ထုတ်ဖော်ခဲ့ပါတယ်။ အနည်းဆုံးနိုင်ငံနှစ်နိုင်ငံဟာ လူသစ်စုဆောင်းရေး ဝဘ်ဆိုဒ်တွေကို တည်ထောင်လိုက်ပြီး စီးပွားရေးလူမှုကွန်ရက် LinkedIn ကတဆင့် ဖယ်ဒရယ်ဝန်ထမ်းတွေကို တက်ကြွစွာ ခေါ်ယူနေပါတယ်။

CNN ဟာ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ODNI) နဲ့ အမေရိကန်ရှိ တရုတ်နဲ့ ရုရှားသံရုံးတွေကို မှတ်ချက်ပေးဖို့ ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေဟာ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရမှုတွေကို စုဆောင်းရေ းအခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြပြီး ငွေကြေးအရ ကျပ်တည်းလာပြီး မကျေမနပ်ဖြစ်လာတဲ့ ဝန်ထမ်းဟောင်းများကို ပစ်မှတ်ထားလာနိုင်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေကလည်း ဒီလို ဖြစ်လာမယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။ တရားရေးဌာနဟာ မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံကို အမေရိကန်သတင်းအချက်အလတ်များ ပေးခဲ့တဲ့ စစ်ဘက်နဲ့ ထောက်လှမ်းရေးအရာရှိဟောင်း အများအပြားကို တရားစွဲခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း အမျိုးသားလုံခြုံရေးကောင်စီမှာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟိုးလ်ဒင်းတရစ်ပလက် (Holden Triplett) က “အလုပ်ရှင်တွေရဲ့ ဆက်ဆံပုံကြောင့် မပျော်မရွှင်ဖြစ်ရတဲ့ ဝန်ထမ်းတွေဟာ အရင်ကထက် အရေးကြီးတဲ့ အချက်အလက်တွေကို ထုတ်ဖော်ဖို့ ဖြစ်နိုင်ချေ ပိုများတယ်” “ကျွန်တော်တို့ဟာ အခုအချိန်မှာ ပြီးပြည့်စုံတဲ့ အလုပ်သမား စုဆောင်းရေး ပတ်ဝန်းကျင်ကို ဖန်တီးနေတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ရုရှားနဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်တွေနဲ့အတူ FBI အရာရှိအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ CIA နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ အကြီးတမ်းဝန်ထမ်းတွေကို လျော့ချဖို့ စဉ်းစားနေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရေးဆွဲထားတဲ့မှတ်စုတိုအရ မကြာမီကာလအတွင်း အစမ်းခန့်ဝန်ထမ်း ၅,၀၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်နိုင်ဖွယ်ရှိပါတယ်။ ဒီဝန်ထမ်းအများစုဟာ လုပ်ငန်းအတွေ့အကြုံ တစ်နှစ်ထက်မနည်း ရှိနေကြပါတယ်။ CIA ဟာ အရာရှိ ၂၀ ကျော်ကို အလုပ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အမျိုးမျိုးသော အလုပ်ကိစ္စတွေကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ အဲ့ဒီ အရာရှိအများအပြားဟာ သူတို့ကို အလုပ်ကနေ ထုတ်ပယ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှု မရှိဘူးလို့ တရားရုံးတွေမှာ လျှောက်လွှဲထားကြပါတယ်။

ဖက်ဒရယ် အစိုးရဝန်ထမ်းအင်အား လျှော့ချဖို့ သမ္မတအမိန့်ကို တုံ့ပြန်ဖို့ ကြိုးပမ်းမှုမှာ CIA က အခုလအတွင်း အိမ်ဖြူတော်ကို အလွန်ထူးခြားတဲ့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲ့ဒါကတော့ CIA မှာ အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအသစ်တွေရဲ့ စာရင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဝန်ထမ်းစာရင်းမှာ သူလျှိုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်ထားတဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအီးမေးလ်ကို လျှို့ဝှက်လို့ အမျိုးအစား ခွဲခြားမထားတဲ့ သာမာန်ဆာဗာတစ်ခုက တစ်ဆင့် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဝန်ထမ်းအချို့ဟာ လာမယ့်ရက်တွေအတွင်း အစုလိုက်အပြုံလိုက် ရာထူးကနေ ရပ်စဲခံရသလို သူ့တို့ရဲ့ အလုပ်အကိုင်တွေလည်း ရပ်တန့်သွားနိုင်ပါတယ်။ သူတို့ဟာ CIA သူလျှိုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ရယူခွင့်ရှိတဲ့သူတွေလို့ CIA က ပြောဆိုထားပါတယ်။

ဒီဆောင်းပါးကို CNN ဂျပန်မှ ဂျပန်ဘာသာကနေ ပြန်ဆိုထားတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက