နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

လိုအပ်ရင် အမေရိကန်ကိုတုံ့ပြန်မယ့် အစီအစဉ်တွေ ရှိနေပြီးသားလို့ ဥရောပသမဂ္ဂပြောကြား

++++++++++++++++++++++++

ဥရောပသမဂ္ဂအနေနဲ့ ဆွေးနွေးအဖြေရှာရေးကို ပိုပြီး လိုလားပေမယ့် လိုအပ်လာရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မယ့်ကိစ္စအပေါ် ပြန်လည်တုံ့ပြန်သွားဖို့ ခိုင်မာတဲ့အစီအစဉ်တွေ ရှိနေပြီးသားဖြစ်တယ်လို့ အမှုဆောင်အရာရှိ ဗွန်ဒါလီယန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထရန့်အစိုးရဟာ မတ်လအတွင်းက ဥရောပမှ တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံသတ္တုတွေအပေါ် အခွန်စည်းကြပ်မှုများ စတင်ခဲ့ပြီး လာမယ့် ကြာသပတေးနေ့က စတင်ကာ မော်တော်ကားတင်သွင်းမှုတွေကိုပါ စတင် စည်းကြပ် တော့မှာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ အပြန်အလှန်စည်းကြပ်မှုတွေကိုပါ ဗုဒ္ဓဟူးနေ့က မူဝါဒသစ် ချမှတ်ခဲ့တာပါ။ အီးယူရဲ့ အမှုဆောင်အရာရှိဗွန်ဒါလီယန်က ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု စည်းမျဉ်းတွေကို အခြားနိုင်ငံတွေက အခွင့်ကောင်းယူခဲ့တာကြောင့် အမေရိကန်ရဲ့ နစ်နာမှုတွေကို နားလည်ခံစားမိပြီး အီးယူအနေနဲ့လည်း အဲဒီလိုရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ အီးယူလိုပဲ အမေရိကန်အနေနဲ့ စက်မှုလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လိုတာကို နာလည်မိတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ စားသုံးသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး​ ပိုဖြစ်စေပြီး ငွေကြေးဖောင်းပွမှုကိုဖြစ်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။ “ ကျမတို့ရဲ့ ရည်မှန်းချက်က စေ့စပ်ညှိနှိုင်းမှုကနေ အဖြေထွက်လာဖို့ပါ။ ဒါပေမယ့်လိုအပ်လာရင်တော့ ကျမတို့ပြည်သူတွေရဲ့ အကျိုးစီးပွါးတွေနဲ့ ကုမ္ပဏီတွေကို ကာကွယ်သွားမှာပါ၊ ကျမတို့ဘက်က လက်တုံ့ပြန်ဖို့ မလိုပါဘူး။ ဒါပေမယ့် လိုအပ်ရင်  တုံ့ပြန်ဖို့ ခိုင်မာတဲ့အစီအစဉ်တွေ ရှိနေပြီးသားပါ ”လို့ ပြင်သစ်နိုင်ငံ စထရာဘော့မြို့က ဥရောပပါလီမန်မိန့်ခွန်းမှာ ဗွန်ဒါလီယန်က ပြောသွားခဲ့တာပါ။ အီးယူအနေနဲ့ ကုန်သွယ်မှုပုံစံကို ကွဲပြားအောင် စီမံပြီး နယ်စပ်ဖြတ်ကျော် စီးပွါးရေးအတွက် အတားအဆီးတွေကို ဖယ်ရှားသင့်တယ်လို့လည်း သူမက အကြံပြုပြောဆိုသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော