နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝစ်ကွန်စင် (Wisconsin) ရွေးကောက်ပွဲမှာ ထရန့် နှင့် မတ်စ်ခ်တို့ ထောက်ခဲ့တဲ့သူ ရှုံးနိမ့်

ဧပြီလ (၂) ရက်။

အင်္ဂါနေ့တွင် ဝစ်ကွန်စင် မဲဆန္ဒရှင်များသည် သမ္မတဒေါ်နယ်ထရန့် အာဏာရလာပြီးနောက် လစ်ဘရယ်တရားသူကြီးများကို ပြည်နယ်တရားရုံးချုပ် အများစုအတွက် ရွေးချယ်ပေးခဲ့သည်။

ထရန့်ထောက်ခံသည့် ရှေးရိုးစွဲကွန်ဆာဗေးတစ်ကို အနိုင်ရလာစေရန် အီလွန်မတ်စ်ခ်၏ စံချိန်တင်ငွေပေးပြီး မဲဝယ်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။

လစ်ဘရယ် ဆူဆန် ကရောဖို့ (Susan Crawford) သည် ရှေးရိုးစွဲဝါဒီ ဘရတ် ရှီမဲလ် (Brad Schimel) ကို အနိုင်ယူပြီး လစ်ဘရယ်တရားရုံးချုပ်ကို ၄-၃ ဖြင့် လစ်ဘရယ်က ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးနှင့် ရီပတ်ဘလစ်ကန် ဥပဒေပြုလွှတ်တော်တို့အကြား ခါးသီးစွာကွဲပြားနေသည့် ပြည်နယ်တစ်ခုတွင် မည်သည့်ပါတီဘက်မှ မပါသော အထက်တရားရုံးသည် မကြာခဏ ဆိုသလို ဆုံးဖြတ်ချက် ချမှတ်ရာတွင် မဲတူနေပါက လစ်ဘရယ်အုပ်စုက တတိယမြောက်အုပ်စုအဖြစ် တဖက်ဖက်ကို မဲပေး၍ ဆုံးဖြတ်ချက် ချမှတ်ရန် လုပ်ဆောင်ပေးလေ့ရှိသည်။

ကရောဖို့၏အနိုင်ရမှုသည် ထရန့်ရာထူးတက်လာပြီးကတည်းက ကျင်းပသည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်က အနိုင်ရမှု များလာနေသည်။ အင်္ဂါနေ့တွင် ရီပတ်ဘလီကန်များက အနီရောင် ဖလော်ရီဒါခရိုင်ရှိ အောက်လွှတ်တော်တွင် အမတ်နှစ်နေရာအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း နိုဝင်ဘာလက ၎င်းတို့ ကြီးမားစွာအနိုင်ရခဲ့သောနေရာများတွင် သိသိသာသာ လျော့ပါးသွားခဲ့သည်။ အစောပိုင်း တစ်ပတ်က ရီပတ်ဘလစ်ကန်များ အားထားနေရသော ဆင်ခြေဖုံးရပ်ကွက်များနှင့် လယ်ယာစိုက်ပျိုးရေး အသိုင်းအဝန်းတွင် ပင်ဆယ်ဗေးနီးယားပြည်နယ် အထက်လွှတ်တော် ထိုင်ခုံနေရာကို ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတစ်ဦးက အနိုင်ရရှိသွားခဲ့သည်။

မတ်စ်ခ်၏ ငွေသန်းပေါင်းများစွာ

++++++++++++++++

မတ်စ်ခ်၏ သန်းနှင့်ချီသော ငွေကြေးများ ထောက်ပံ့မှုနှင့် ပါတီနှစ်ဖက်စလုံးမှ ဘီလျံနာများထံမှ ငွေသားထည့်ဝင်မှုနှင့်အတူ ဝစ်ကွန်စင်ပြိုင်ပွဲသည် အမေရိကန်သမိုင်းတွင် စျေးအကြီးဆုံး တရားစီရင်ရေးနေရာအတွက် ပြိုင်ဆိုင်မှုအဖြစ် နှစ်ဖက်လုံးက တရားရုံး၏ အများစုကို ထိန်းချုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြသည်။

သို့သော် ဝစ်ကွန်စင်မဲဆန္ဒရှင်များသည် ထရန့်နှင့် မတ်စ်ခ်တို့ ထောက်ခံသည့် ကိုယ်စားလှယ်လောင်း ရှီမဲလ် (Schimel) ကို မဲမပေးခဲ့ကြပါ။

အထူးသဖြင့် ထရန့် နှင့် မတ်စ်ခ်တို့ကို လူထုဆန္ဒခံယူပွဲဖြင့် ခရောဖို့ဒ် (Crawford) နှင့် သူမ၏ မဟာမိတ်များကို အနိုင်ရရန် လုပ်ဆောင်ခဲ့ကြသည်။

Green Bay ရှိတနင်္ဂနွေနေ့ လူထုစည်းဝေးပွဲ၌ နည်းပညာ ဘီလီယံနာသူဌေးကြီး မတ်စ်ခ်သည် အပြိုင်အဆိုင်အားဖြင့် ဒေါ် လာသန်း ၂၀ ခန့် အကုန်ခံပြီး ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ကိုယ်စားလှယ်အတွက် အနိုင်ရရန် တွန်းအားပေးကာ ဒိန်ခဲပုံ ဦးထုတ်ဆောင်းပြီး စည်းရုံးခဲ့သည်။ သို့ရာတွင် ၎င်းပွဲကို ရှီမဲလ် (Schimel) ကိုယ်တိုင် မတက်ရောက်ဘဲ ရှောင်ရှားခဲ့သည်။

မဲဆွယ်ပွဲများ၏ နောက်ဆုံးရက်သတ္တပတ်များတွင် ထရန့်က ရှီမဲလ်ကို ထောက်ခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရခြင်းမှာ လွန်ခဲ့သည့်ငါးလက သမ္မတအား ထောက်ခံအားပေးခဲ့သော မဲဆန္ဒရှင်များကို စည်းရုံးရာတွင် ရီပတ်ဘလစ်ကန်များ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ကို ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 89 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက